သတင်း မြဝတီတိုက်ပွဲ စစ်ကောင်စီတပ် လေကြောင်း၊ လက်နက်ကြီးပစ်ကူဖြင့် တိုက်ခိုက် မြ၀တီ လက်ခတ်တောင်၊ ကျောက်မိုင်းဒေသတို့၌ မေလ ၁၁ရက်မှ တိုက်ပွဲစတင်ခဲ့ပြီး မေလ ၁၇ရက် တိုက်ပွဲတွင် လေကြောင်းပစ်ကူ သုံးကြိမ်ပြုလုပ်ခဲ့ပြီး လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။ LuduNwayOoမေ 18, 2023
သတင်း မုန်တိုင်းကယ်ဆယ်ရေးအတွက် NUG၊ KIO၊ MNDAA တို့က ULA/AA ထံ အလှူငွေများပေးအပ် မုန်ုတိုင်းကယ်ဆယ်ရေးအတွက် အမျိုးသား ညီညွတ်ရေးအစိုးရ(NUG) က ကျပ်သိန်းတစ်ထောင်၊ KIOမှ ကျပ်သိန်း သုံးထောင်၊ MNDAAမှ ကျပ်သိန်း ၁၀၀၀ စီပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ်သည်။ LuduNwayOoမေ 18, 2023
သတင်း မိုခါမုန်တိုင်းကြောင့် သေဆုံးသူ ၄၅၀ ကျော်ရှိ၊ ရခိုင်မှ ၄၀၀ ကျော်ဖြင့် အများဆုံးဖြစ်ကြောင်း NUG ထုတ်ပြန် မေလ ၁၇ရက်အထိ မိုခါကြောင့် သေဆုံးသူ ဦးရေနှင့် ထိခိုက်ပျက်စီးမှုစာရင်းများ၊ လူသားချင်း စာနာမှု အကူအညီ ပေးအပ်ထားမှုများကို NUG လူသားစာနာဘေးစီမံဝန်ကြီးဌာနက အသိပေးခဲ့ခြင်းဖြစ်သည်။ LuduNwayOoမေ 18, 2023
သတင်း စစ်ကောင်စီက စစ်တွေသို့သွားမည့်လေကြောင်းလိုင်းများ မေ ၂၁ ရက်အထိ ရပ်ဆိုင်းထား လက်ရှိအခြေအနေများကြောင့် စစ်တွေမြို့တွင် လေကြောင်းလိုင်းများ ခေတ္တယာယီပိတ်ထားရခြင်းဖြစ်ပြီး ရခိုင်ပြည်နယ်သံတွဲမြို့ကိုပုံမှန်ခရီးစဉ်ပြေးဆွဲလျက်ရှိသည်ဟု အခြားအရောင်းကိုယ်စားလှယ်တစ်ဦးကလည်းပြောသည်။ LuduNwayOoမေ 17, 2023
သတင်း တောင်သာတွင် တရုတ်ဓာတ်ငွေ့ပိုက်လိုင်းအနီး မိုင်းနင်းမိ၍ အမျိုးသမီးတစ်ဦးဒဏ်ရာရ ပေါက်ကွဲမှုကြောင့် ဆိတ် သုံးကောင်သေဆုံးပြီး ဒေါ်ခိုင်မှာ ဒဏ်ရာများရရှိကာ တောင်သာဆေးရုံသို့ ပို့ဆောင်ထားကြောင်း လူထုလှုပ်ရှားမှုကော်မတီ-တောင်သာက ပြောသည်။ LuduNwayOoမေ 17, 2023
သတင်း စစ်တပ် စစ်တန်းလျားပြန်ရေး ဘက်ပေါင်းစုံမှဆောင်ရွက်ပေးရန် ပြည်တွင်း၊ပြည်ပအဖွဲ့များအား ကရင်ကယ်ဆယ်ရေးကော်မတီ တိုက်တွန်း စစ်တပ်အာဏာသိမ်းပြီးနောက် ကျောက်ကြီးမြို့နယ်အတွင်း စစ်ကောင်စီတပ်၏ လူမဆန်စွာ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်ပြီး ကျောက်ကြီးမြို့နယ် ကရင်အရေးပေါ် ကူညီကယ်ဆယ်ရေးကော်မတီက ယခုကဲ့သို့ သဘောထား ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ LuduNwayOoမေ 17, 2023
သတင်း မုံရွာမြို့ပေါ်တွင် စစ်ဆေးငွေတောင်းခံနေသည့်စစ်အုပ်စုအား နှစ်ရက်ဆက်ပစ်ခတ်တိုက်ခိုက် မေလ ၁၅ ရက် ညနေ ၅နာရီခန့်က မုံရွာမြို့၊ ကျွဲရဲအဝိုင်းပတ်အနီးတွင် စစ်ဆေးငွေတောင်းခံနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မုံရွာနတ်ဆိုးအဖွဲ့က ပြောသည်။ LuduNwayOoမေ 17, 2023
မေးမြန်းခန်း “အခုချိန်ထိလည်း ဘယ်လိုကူညီကယ် ဆယ်ရေးမှ ရှိမနေဘူး” အခုအထိအဲထိမှာ ကယ်ဆယ်ရေးတွေမရှိသေးပါဘူး ခင်ဗျာ။ အလောင်းတွေက နေအိမ်အပျက်အစီးတွေအောက်မှာ ရှိနေတုန်းပဲ။ အနံ့ဆိုးရတဲ့နေရာတွေကို လိုက်လံရှာဖွေပြီးတော့ ဆွဲထုတ်နေရဆဲပဲရှိပါတယ်။ အဲဒီဘက်မှာက ရေအမြင့် ပေ (၃၀)ခန့် တက်ခဲ့ပါတယ် ခင်ဗျ။ LuduNwayOoမေ 17, 2023
သတင်း ဖားကန့်မြို့နယ်မှ ပြည်သူ ၄၀ ခန့်ကို စစ်တပ်က လူသားဒိုင်းအဖြစ်ထပ်မံဖမ်းဆီး KIA၊PDF ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်းစီတပ်သည်ဖားကန့်မြို့နယ်တွင် ယခုရက်ပိုင်း စစ်ရေးတင်းမာနေသည်။ဖားကန့်မြို့နယ် ပျားအုံကျေးရွာနှင် ခွန်စံဇွပ်ကျေးရွာအနောက်ဘက်တွင်မေလ ၁၃ရက်မှစ၍ သုံးရက်ဆက် တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က လေးဦးသေဆုံးကာ PDFတစ်ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသခံအချို့ကပြောသည်။ LuduNwayOoမေ 17, 2023
သတင်း ဒီးမော့ဆိုနယ် သေးဆူလဲရွာတပ်စွဲထားသော စစ်ကောင်စီတပ်အား KNDF တိုက်ခိုက် ဒီးမော့ဆို၏ မြောက်ဘက်ခြမ်းတွင်ရှိသော သေးဆူလဲကျေးရွာအုပ်စုတွင် စစ်ကောင်စီတပ်က ယခုနှစ်ဆန်းပိုင်းတွင် ပြန်လည်တပ်စွဲထားခြင်း ဖြစ်သည်။ LuduNwayOoမေ 17, 2023