Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်တပ် စစ်တန်းလျားပြန်ရေး ဘက်ပေါင်းစုံမှဆောင်ရွက်ပေးရန် ပြည်တွင်း၊ပြည်ပအဖွဲ့များအား ကရင်ကယ်ဆယ်ရေးကော်မတီ တိုက်တွန်း

စစ်တပ်အာဏာသိမ်းပြီးနောက် ကျောက်ကြီးမြို့နယ်အတွင်း စစ်ကောင်စီတပ်၏ လူမဆန်စွာ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်ပြီး ကျောက်ကြီးမြို့နယ် ကရင်အရေးပေါ် ကူညီကယ်ဆယ်ရေးကော်မတီက ယခုကဲ့သို့ သဘောထား ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

(စစ်တပ်အာဏာသိမ်းမှုအပေါ် ကန့်ကွက်ကြောင်း ၂၀၂၁ ဖေဖော်ဝါရီ ၂၈ရက်က ရန်ကုန်မြို့ စမ်းချောင်းမြို့၌ ငြိမ်းချမ်းစွာဆန္ဒပြတောင်းဆိုနေသော ပြည်သူများအား ပစ်ခတ်ဖြိုခွင်းနေသော စစ်ကောင်စီလက်ပါးစေများအား တွေ့ရစဥ်။ ဓာတ်ပုံ - PS)
(စစ်တပ်အာဏာသိမ်းမှုအပေါ် ကန့်ကွက်ကြောင်း ၂၀၂၁ ဖေဖော်ဝါရီ ၂၈ရက်က ရန်ကုန်မြို့ စမ်းချောင်းမြို့၌ ငြိမ်းချမ်းစွာဆန္ဒပြတောင်းဆိုနေသော ပြည်သူများအား ပစ်ခတ်ဖြိုခွင်းနေသော စစ်ကောင်စီလက်ပါးစေများအား တွေ့ရစဥ်။ ဓာတ်ပုံ - PS)

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံနှင့် အခြားသော နိုင်ငံတကာအသိုင်းအဝိုင်းများအနေဖြင့် စစ်ကောင်စီ၏ လူသားမဆန်သည့် လုပ်ရပ်များကို လျစ်လျူမရှုဘဲ မြန်မာပြည်သူလူထုလိုလားသည့် လူမှုဘ၀လုံခြုံမှု၊ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုများအမြန်ဆုံးပိုင်ဆိုင်နိုင်ရေး တက်ကြွစွာပါဝင်ဆောင်ရွက်ပေးရန် ကျောက်ကြီးမြို့နယ် ကရင်အရေးပေါ် ကူညီကယ်ဆယ်ရေးကော်မတီက ထုတ်ပြန်လိုက်သည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ကျောက်ကြီးမြို့နယ်အတွင်း စစ်ကောင်စီတပ်၏ လူမဆန်စွာ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်ပြီး ကျောက်ကြီးမြို့နယ် ကရင်အရေးပေါ် ကူညီကယ်ဆယ်ရေးကော်မတီက ယခုကဲ့သို့ သဘောထား ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

မေလ ၁၀ရက်က စစ်ကောင်စီ၏ တပ်မ(၄၄)နှင့် ခလရ(၈၄) တပ်များက ညောင်လေးပင်ခရိုင် မုန်းမြို့နယ်အတွင်းရှိ ကလေးငယ်များအပါအဝင် ကျေးရွာသူ၊ ကျေးရွာသား ၁၉ဦးအား အစု လိုက်၊ အပြုံလိုက် မီးရှို့သတ်ဖြတ်ခဲ့မှုကို ကော်မတီအနေဖြင့် လုံး၀လက်သင့်မခံနိုင်ဘဲ များစွာ ဝမ်းနည်း ယူကြုံးမရဖြစ်ရကြောင်းဖော်ပြသည်။

လူ့အခွင့်အရေးတွင် ပါဝင်လှုပ်ရှားသည့် ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများမှ စစ်ကောင်စီ၏ ထင်ထင်ပေါ်ပေါ်လူသားမဆန်စွာ လူ့အခွင့်အရေးချိုးဖောက်နေမှုများ ရပ်တန့်ရန်နှင့် စစ်တန်းလျားသို့ ပြန်ပြီး ပြည်သူလူထုကို အနှောက်အယှက်မပေးနိုင်ရေး ဘက်ပေါင်းစုံမှ တက်ကြွစွာ ပါဝင်ဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်း ကျောက်ကြီးမြို့နယ် ကရင်အရေးပေါ် ကူညီကယ်ဆယ်ရေးကော်မတီက ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် ကျေးရွာများအတွင်းသို့ လူသားမဆန်စွာ လက်နက်ကြီးငယ်များ ပစ်ခတ်ခြင်း၊ လူနေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူပိုင် ပစ္စည်းများကို ခိုးယူခြင်း၊ စာသင်ကျောင်းများ ၊ ဘာသာရေး အဆောက်အအုံများသို့ လက်နက်ကြီးပစ်ခတ်ခြင်း၊ အပစ်မဲ ပြည်သူများအား ဖမ်းဆီးခြင်း၊ ချုပ်နှောင်ခြင်းများ ဆက်တိုက်ပြုလုပ်နေကြောင်း ဖော်ပြထားသည်။

ကရင်ပြည်သူလူထုများမှ ခေတ်အဆက်ဆက်သော စစ်အစိုးရများမှ ကျင့်သုံးခဲ့သည့် မဟာလူမျိုးကြီးဝါဒနှင့် စစ်အာဏာရှင်စနစ်ကို ယနေ့အထိ ခံစားနေရပြီး မွေးရာပါ အခွင့်အရေးကိုလည်း ယနေ့အထိ ဆုံးရှုံးနေရကြောင်း၊ လက်ရှိ စစ်ကောင်စီတပ်မှ ရက်စက်ကြမ်းကြုတ်စွာ ကျူးလွန်ထားသည့် လူသားမဆန်သည့် လုပ်ရပ်များအား ရှုတ်ချကြောင်း၊ ပြည်သူလူထုများ ရသင့်ရထိုက်သည့် အခွင့်အရေးများ ရရှိခံစားနိုင်ရန် ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကျောက်ကြီးမြို့နယ် ကရင်အရေးပေါ် ကူညီကယ်ဆယ်ရေးကော်မတီက ထုတ်ပြန်သည်။

ထို့အပြင် စစ်ကောင်စီတပ်က ပြည်သူများအား ရန်သူသဖွယ်အဓိက ပစ်မှတ်ထား ဖမ်းဆီးနှိပ်စက် တိုက်ခိုက်သတ်ဖြတ်နေမှုအပေါ် မုန်းမြို့နယ် ကရင်အရေးပေါ်ကယ်ဆယ်ရေးကော်မတီကလည်း သဘောထား ထုတ်ပြန်ခဲ့ရာ ညောင်ပင်သာရွာ ပြည်သူများအား ရက်စက်စွာ မီးရှို့သတ်ဖြတ်ခဲ့သည့် လုပ်ရပ်အပေါ် ပြင်းထန်စွာ ဆန့်ကျင်ရှုတ်ချကြောင်း ဖော်ပြခဲ့သည်။

နိုင်ငံတကာအစိုးများ၊ လူ့အခွင့်အရေးအဖွဲ့အစည်းများအနေဖြင့် အာဏာသိမ်းစစ်ကောင်စီတပ်မှ ပြည်သူများအပေါ် ပစ်မှတ်ထား တိုက်ခိုက်နေခြင်းအား ထိရောက်စွာ အရေးယူဆောင်ရွက်ပေးရန်လည်း တိုက်တွန်းတောင်းဆိုခဲ့သည်။ ထို့ပြင် ထိခိုက်နစ်နာသည့် ပြည်သူများအား လူသားချင်းဆိုင်ရာ စာနာထောက်ထားမှု အကူအညီများနှင့် လူမှုဘ၀ လုံခြုံမှုများ ရရှိရေး ကူညီပေးရန် တောင်းဆိုခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကလေးမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် နီးစပ်ရာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်ချိတ်ဆက်၍ ပြည်သူ့ရင်ခွင်ခိုလှုံကြရန်လည်း တိုက်တွန်းထားသည်။

သတင်း

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဗြိတိန်သည် စစ်တပ်နှင့် စစ်ကောင်စီ ခေါင်းဆောင်များ၊ စစ်အုပ်စုနှင့် ပတ်သက်ဆက်နွှယ်သူ လူပုဂ္ဂိုလ် ၂၅ ဦးနှင့် အဖွဲ့အစည်း ၃၃ ခုအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ လုပ်ဆောင်ခဲ့သည်။

သတင်း

ဇန်နဝါရီ ၃၀ ရက်ကလည်း လောင်းလုံး PDF နှင့် ပူးပေါင်းအဖွဲ့များမှ မောင်းမကန်ရဲစခန်းအား ၄၀ မမ ခြောက်လုံး၊ ၇၉ ဗုံးသီး ၄၂ လုံးအသုံးပြုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ နှစ်ဦးပြင်းထန်ဒဏ်ရာ ရရှိခဲ့သေးသည်။

သတင်း

၂၀၂၁ ဖေဖော်ဝါရီ ၁ တွင် မြန်မာစစ်တပ်သည် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် အစိုးရကို ဖယ်ရှားခဲ့ပြီး ဆယ်စုနှစ်တစ်ခုစာ တိုးတက်ပြောင်းလဲမှုကို ဆိတ်သုဉ်းစေခဲ့ကြောင်း ဖော်ပြသည်။