News ထီးချိုင့်တွင် စစ်ကောင်စီတပ်က အရပ်သားနှစ်ဦးကို ဖမ်းဆီးပြီးပစ်သတ် ထီးချိုင့်မြို့သည် ဧရာဝတီမြစ် တစ်ဘက်စီတွင် တည်ရှိနေသော မြို့ဖြစ်ပြီး စစ်ကောင်စီက ယခုအခါ မြစ် အနောက်ပိုင်းကျေးရွာများသို့ ဝင်ရောက်မွှေနှောက်နေသည်ဟု ဒေသခံများကပြောသည်။ LuduNwayOoနိုဝင်ဘာ 17, 2021
News ခင်ဦးမြို့နယ် ညောင်ပင်ကြီးစုရဲစခန်းမီးရှို့ခံရ၊စစ်ကူလာသောစစ်ယာဥ်တန်းပါ မိုင်းဆွဲခံရ "မိုင်းမထိတဲ့သုံးစီးကတော့ ခင်ဦးဘက်ပြန်လှည့်ထားတယ်။ ရမ်းသမ်းပစ်နေတယ်"ဟု ဒေသခံတစ်ဦးက ပြောသည်။ LuduNwayOoနိုဝင်ဘာ 17, 2021
News ကန်ပက်လက်တွင် စစ်ကောင်စီတပ်က ဖမ်းဆီးထားသူ သုံးဦး လက်နက်နှစ်လက်လုယူပြီးထွက်ပြေး လွတ်မြောက် “သူတို့ သုံးယောက်စလုံးကို မနက်ပိုင်းက ဆောဘက်ကို လူသားဒိုင်းသဘောမျိုးနဲ့ သွားခိုင်းတာ။ လမ်းမှာ ခဏနားနေတဲ့အချိန်မှာ သူတို့ သေနတ်နှစ်လက်ယူပြီး သုံးယောက်စလုံးထွက်ပြေးသွားတာ”ဟု ချင်းဒေသခံတစ်ဦးက ပြောသည်။ LuduNwayOoနိုဝင်ဘာ 17, 2021
News ဟားခါးမြို့နယ် ခွာဘယ်ဒေသတိုက်ပွဲ စစ်ကောင်စီတပ်မှ နှစ်ဦးသေ၊ မြို့ပေါ်ရှိစစ်ကောင်စီဂိတ်ကို ချင်းပူးပေါင်းတပ် တိုက်ခိုက် ပလက်၀မြို့နယ် ဆမီးဒေသတိုက်ပွဲနှင့် မတူပီမြို့အနီး တိုက်ပွဲများတွင်လည်း စစ်ကောင်စီတပ်များ သေဆုံးထိခိုက်မှုရှိခဲ့သည်။ LuduNwayOoနိုဝင်ဘာ 17, 2021
News ကလေးPDFက ဖမ်းဆီးခံထားရသူများကိုပြန်လည်ကယ်တင်နိုင်ရန် စစ်ကောင်စီတပ်လမ်းကြောင်းကိုပိတ်ဆို့ထားပြီး တိုက်ပွဲပြင်ထန်းနေ ဖမ်းဆီးခံရသူများ ပြန်ကယ်ထုတ်နိုင်ရေးအတွက်စစ်ကောင်စီလမ်းကြောင်းကို Kalay PDFနှင့် ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ CDFက ပိတ်ဆို့ထားပြီး ယနေ့ (နိုဝင်ဘာ၁၇) မွန်းလွှဲ တစ်နာရီ ခွဲခန့်အထိ တိုက်ပွဲဖြစ်နေကြောင်းဒေသခံတစ်ဦးက ပြောသည်။ LuduNwayOoနိုဝင်ဘာ 17, 2021
News ဆားလင်းကြီးမြို့နယ်တွင် ကျောက်စိမ်းများသယ်လာသောကားအပါအဝင် စစ်ကောင်စီယာဥ်တန်းကိုတိုက်ခိုက် "ကားတွေက ကျောက်စိမ်းတွေတင်လာတဲ့ကားလည်းပါပါတယ်။ အဖွဲ့တွေပေါင်းပြီးတိုက်ကြတာပါ။ သုံးနေရာခွဲပြီး မိုင်းဆွဲခဲ့တာပါ။"ဟု မုံရွာ UG Group အဖွဲ့က တာဝန်ရှိသူက ပြောသည်။ LuduNwayOoနိုဝင်ဘာ 17, 2021
News လှိုင်သာယာက ဒလန် ဘင်လာဒင် အသတ်ခံရ "ဆင်ဖြူရှင်လမ်းမပေါ်မှာ ခေါင်းကို နှစ်ချက်ပစ်ခံရတယ်လို့ သိရတယ်။ဆေးရုံကိုခေါ်သွားပြီ။စစ်တပ်တော့ လမ်းပိတ် စစ်နေတယ်"ဟု ဒေသခံတစ်ဦးက ပြောသည်။ LuduNwayOoနိုဝင်ဘာ 17, 2021
News ကန့်ဘလူရှိ ဒလန်အဖွဲ့ကို ရှင်းလင်းနိုင်ခဲ့ဟု ဗိုလ်တထောင်ဒလန်ရှင်းလင်းရေးအဖွဲ့ အသိပေး အဆိုပါဒလန်အဖွဲ့ တွင် အဖွဲ့ဝင် ခြောက်ဦးပါရှိပြီး ရေရှင်ကြီးရွာနေ သန်းဦး၊ ကျေးတပင်ရွာနေ ဆန်းဘိုက ဦးဆောင်ကြောင်း ဗိုလ်တထောင် ဒလန်ရှင်းလင်းရေးအဖွဲ့-ကန့်ဘလူက ဆိုသည်။ LuduNwayOoနိုဝင်ဘာ 17, 2021
News မိုးဗြဲPDF တပ်စွဲထားသည့် မီးသတ်စခန်းကို အကြမ်းဖက်စစ်ကောင်စီတပ်ပစ်ခတ်၍ သုံးဦးဒဏ်ရာရ လူအင်အား၊ လက်နက်အင်အား မမျှသော်လည်း MB PDF မှ ရဲဘော်သည်များသည် ၁နာရီခွဲကြာ ခုခံရင်ဆိုင်ခဲ့ပြီး အင်အားမမျှသောကြောင့် ကင်းစခန်းနေရာမှ ခက်ခက်ခဲခဲ ဆုတ်ခွာခဲ့ရကြောင်း မိုးဗြဲ PDF ကလည်း အသိပေးထားသည်။ LuduNwayOoနိုဝင်ဘာ 17, 2021
News ဧရာဝတီတိုင်းတွင် Non CDM ဝန်ထမ်းများအိမ်နှင့်ရုံးတွင်ညမအိပ်ရဲတော့ဘဲ နေရာပြောင်းအိပ်နေကြ "ကျွန်တော့ အစ်မက Non CDMဝန်ထမ်း။အစကရုံးမှာနေတာ။ အခုသူကြောက်နေပြီး ဘယ်မှာ အိပ်တယ်ဆိုတာ မေးမရဘူး"ဟု ဧရာဝတီတိုင်း ပြန်ဆက်ဌာနမှရုံးမှ အရာရှိတစ်ဦး၏ မိသားစုဝင်တစ်ဦးကပြောသည်။ LuduNwayOoနိုဝင်ဘာ 17, 2021