Connect with us

Hi, what are you looking for?

News

မိုးဗြဲPDF တပ်စွဲထားသည့် မီးသတ်စခန်းကို အကြမ်းဖက်စစ်​ကောင်စီတပ်ပစ်ခတ်၍ သုံးဦးဒဏ်ရာရ

လူအင်အား၊ လက်နက်အင်အား မမျှသော်လည်း MB PDF မှ ရဲဘော်သည်များသည် ၁နာရီခွဲကြာ ခုခံရင်ဆိုင်ခဲ့ပြီး အင်အားမမျှသောကြောင့် ကင်းစခန်းနေရာမှ ခက်ခက်ခဲခဲ ဆုတ်ခွာခဲ့ရကြောင်း မိုးဗြဲ PDF ကလည်း အသိပေးထားသည်။

မိုးဗြဲ PDF တပ်စွဲထားသည့် မိုးဗြဲမီးသတ်စခန်း ကင်းပုန်းကို အကြမ်းဖက်စစ်​ကောင်စီတပ်က ယ​နေ့(နိုဝင်ဘာ ၁၇ရက်)နံနက် ၂နာရီခွဲတွင် အင်အားအလုံးအရင်းဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း တိုးတက်သော ကရင်နီ ပြည်သူ့အင်အားစု(PKPF)က ထုတ်ပြန်သည်။

၀င်ရောက်ပစ်ခတ်မှုကြောင့် မိုးဗြဲ PDFဘက်မှ တစ်ဦးစိုးရိမ်ဒဏ်ရာရရှိခဲ့ပြီး နှစ်ဦးအသေးစား ရှပ်ထိဒဏ်ရာ ရရှိခဲ့သည်။အကြမ်းဖက်စစ်ကောင်စီတပ်၏ ထိခိုက်မှုအခြေအနေကို မသိရသေးပေ။

လူအင်အား၊ လက်နက်အင်အား မမျှသော်လည်း MB PDF မှ ရဲဘော်သည်များသည် ၁နာရီခွဲကြာ ခုခံရင်ဆိုင်ခဲ့ပြီး အင်အားမမျှသောကြောင့် ကင်းစခန်းနေရာမှ ခက်ခက်ခဲခဲ ဆုတ်ခွာခဲ့ရကြောင်း မိုးဗြဲ PDF ကလည်း အသိပေးထားသည်။

အကြမ်းဖက်စစ်တပ်၏ မဆင်မခြင် တိုက်ခိုက် မှုကြောင့် ညတွင်းချင်းပင် ပြည်သူအများဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့်အပြင် အကြမ်းဖက်စစ်တပ်သည် လူနေရပ်ကွက်များအတွင်းသို့ လက်နက် ကြီး ၁၀လုံးထက်မနည်း ပစ်ခတ်ခဲ့သောကြောင့် ပြည်သူ့အိုးအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်တပ်သည် ကယန်းဒေသကိုအကြီး အကျယ် ထိုးစစ်ဆင်နိုင်မှုများ ရှိ​နေမှုကြောင့် နေရပ်အသီးသီးမှ ပြည်သူများအနေဖြင့် ထောက်ပံ့ ဝန်းရံပေးရန် မိုးဗြဲ PDFကမေတ္တာရပ်ခံထားသည်။

ယနေ့ နံနက်အစောပိုင်းတိုက်ပွဲ ဖြစ်စဥ် နှင့်ဆက်စပ်၍ မိုးဗြဲ PDF ၏ ပြောရေးဆိုခွင့်ရှိသူထံ ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရခဲ့ပေ။

PKPF၏ သုံးသပ်ချက်အရ အကြမ်းဖက်စစ်ကောင်စီတပ်သည် မိုးဗြဲမြို့ကို လမ်းကြောင်းသုံးခု ဖြင့် ထိုးစစ်ဆင်ရန် ဆောင်ရွက်နေသည်ဟု သိရသည်။

ဖယ်ခုံ -လတိန် -ဟန်ဆီ ဖက်မှ သုံးထပ်ကွေ့ သန်းဒင်း တစ်ကြောင်း၊သစ်ယာကုန်းမှ ညောင်ဝိုင်းထိ တစ်ကြောင်း (ဘီလူးချောင်း တံတားတွင် တပ်စွဲလိမ့်မည်)နှင့် ၄၂၂ တ​ပ်မှ မြို့ဦး၊ စည်းကားဘက်၊ ဒုန်းဒူးထန် လွယ်ယင်းဘက် တစ်ကြောင်းဖြင့် မြို့တွင်းသို့ စစ်ကောင်စီက ဝင်ရောက်ရန်မည်ဟု PKPFက ဆိုသည်။

အောက်တိုဘာ နောက်ဆုံးပတ်ကစ၍ ကယား -ရှမ်း ပြည်နယ်အစပ်ရှိ မိုးဗြဲနှင့် ဖယ်ခုံ ဒေသကို စစ်ကောင်စီတပ်များက ထိုးစစ်ဆင်နေခြင်းဖြစ်ပြီး ကရင်နီတပ်မတော် နှင့် ဒေသခံပြည်သူ့တပ်ဖွဲ့များက ခုခံစစ်ဆင်နွှဲနေသည်။

(PDFများ တပ်စွဲထား​သော မိုးဗြဲမီးသတ်စခန်းကို ပစ်ခတ်မှုဖြစ်ပြီး​နောက် ​တွေ့ရစဥ်၊ ဓာတ်ပုံ – PKPF)

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။