Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဘန်ကောက်မှာ အဝလွန်သူတွေကို ကြည့်မရဘူးဆိုပြီး ဓားနဲ့ တိုက်ခိုက်သူ အဖမ်းခံရ

အဝလွန်သူတွေကို ကြည့်မရလို့ဆိုပြီး ဓားကိုင် တိုက်ခိုက်ခဲ့သူ အမျိုးသား တစ်ဦးကို ထိုင်းရဲတွေက ဖမ်းဆီးခဲ့ပါတယ်။

ဓာတ်ပုံ - Khaosod

အဝလွန်သူတွေကို ကြည့်မရလို့ဆိုပြီး ဓားကိုင် တိုက်ခိုက်ခဲ့သူ အမျိုးသား တစ်ဦးကို ထိုင်းရဲတွေက ဖမ်းဆီးခဲ့ပါတယ်။

ဇွန်လ ၂၇ ရက်နေ့တုန်းက ဘန်ကောက်ရဲ့ ဆီလွမ် ဧရိယာနားမှာရှိတဲ့ 7-Eleven စတိုးဆိုင် တစ်ခုနားမှာ ဗီယက်နမ် အမျိုးသမီး တစ်ဦးကို အိမ်ခြေရာမဲ့ ထိုင်းအမျိုးသားက စက္ကူဖြတ်ဓားနဲ့ တိုက်ခိုက်ခဲ့ကြောင်း ရဲတွေက ပြောပါတယ်။

နိုင်ငံခြားသူ အမျိုးသမီး တစ်ဦးကို ဓားနဲ့ တိုက်ခိုက်တဲ့ သံသယရှိသူဟာ အခင်းဖြစ်တဲ့ နေရာကနေ ထွက်ပြေးသွားကြောင်း တိုင်ကြားမှုကြောင့် ရဲတွေက လိုက်လံ ရှာဖွေခဲ့ကြပါတယ်။ အနီးတဝိုက် လုံခြုံရေး ကင်မရာ မှတ်တမ်းတွေကို အသုံးပြုပြီး ခြေရာခံခဲ့တဲ့နောက် အသက် ၃၀ အရွယ် အမျိုးသားကို အနီးမှာရှိတဲ့ လမ်းကြားတစ်ခုမှာ ဖမ်းမိခဲ့ပါတယ်။

ရင်းနှီးသူတွေက ဖင်းလ်မ်လို့ ခေါ်ကြတဲ့ အတ်ဆာနာဆီမှာ တိုက်ခိုက်မှုအတွင်း သူအသုံးပြုခဲ့တဲ့ ဓားကိုပါ သိမ်းဆည်း ရမိခဲ့ပါတယ်။ ထိုင်းနိုင်ငံ အခြေစိုက် ကြော်ငြာ ကုမ္ပဏီ တစ်ခုမှာ အလုပ်လုပ်နေတဲ့ အသက် ၂၉ နှစ်အရွယ် ဗီယက်နမ် အမျိုးသမီး ငုယန်သီငေါ့ထရမ်ကတော့ ဒဏ်ရာတွေ ရခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီနေရာတဝိုက်မှာ လှည့်လှည်သွားနေပြီး မကြာခဏ တွေ့နေမြင်နေရကျ အိမ်ခြေရာမဲ့ တစ်ဦးဖြစ်တဲ့ အတ်ဆာနာက ဗီယက်နမ် အမျိုးသမီးကို ရန်မူခဲ့ကြောင်း ရဲတွေဆီ ဝန်ခံခဲ့ပါတယ်။ ဘာကြောင့် အခုလို လုပ်ခဲ့သလဲလို့ စစ်ဆေးတဲ့အခါ သူက အဝလွန်နေသူတွေကို မကြိုက်လို့ဆိုပြီး ပြန်ဖြေခဲ့ပါတယ်။ အခုတော့ သူဟာ ရန်လို အကြမ်းဖက်မှုအတွက် ဖမ်းဆီးချုပ်နှောင် ခံထားရပါတယ်။

ဒဏ်ရာရခဲ့တဲ့ အမျိုးသမီးဟာ ဆေးရုံမှာ ကုသမှု ခံယူခဲ့ပြီးတဲ့နောက် သွန်မဟာမက်ခ် ရဲစခန်းဆီ လာရောက်ပြီး သံသယရှိသူ ဟုတ်မဟုတ် ဆိုတာကို ကိုယ်တိုင် အတည်ပြုပေးသွားခဲ့ပါတယ်။ ပြီးတော့ အခုလို တိုက်ခိုက်သူကို အမြန်ဆုံး ဖမ်းဆီးပေးခဲ့တဲ့အတွက်လည်း ရဲတပ်ဖွဲ့ဆီ ကျေးဇူးတင်စကား ပြောသွားခဲ့ပါတယ်။

အနီးတဝိုက်မှာ နေထိုင်သူတွေကတော့ အခုတိုက်ခိုက်မှု မတိုင်ခင်တုန်းကလည်း အတ်ဆာနာဆီက ရန်လိုတဲ့ အပြုအမူ တချို့ကြောင့် စိုးရိမ်မှုတွေ ရှိခဲ့ကြောင်း ရဲတွေဆီ အသိပေးခဲ့ပါတယ်။

ကိုးကား: Khaosod

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တစ်နိုင်ငံလုံးကို တုန်လှုပ်သွားစေခဲ့တဲ့ စာသင်ကျောင်း ပစ်ခတ်မှုကြီးနဲ့ ကြုံတွေ့အပြီးမှာတော့ တစ်နိုင်ငံလုံးက ကျောင်းတွေမှာ လုံခြုံရေး စံနှုန်းတွေ တင်းကျပ်ဖို့အတွက် မူကြမ်းအဆင့် အစီအမံသစ် ၇ ခုကို ထိုင်းအစိုးရက ညှိနှိုင်း သဘောတူခဲ့ပါတယ်။

နိုင်ငံတကာ

နေ့ကလေးထိန်း ကျောင်းကို ကားနဲ့ ဝင်တိုက်ခဲ့တဲ့ ဖြစ်စဉ်မှာ အသက် ၅၄ နှစ်အရွယ် ယာဉ်မောင်းကို စွဲချက် ၅ ခုနဲ့ ထိုင်းရဲတပ်ဖွဲ့က အမှုဖွင့်ခဲ့ပါတယ်။

သတင်း

(၃၈)နှစ်မြောက် ရှစ်လေးလုံးအရေးတော်ပုံ အထိမ်းအမှတ်အဖြစ် ဒီကနေ့ (ဩဂုတ် ၈) မနက်အစောပိုင်းမှာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ စစ်ကောင်စီသံရုံးရှေ့မှာ ရှစ်လေးလုံးထီးသပိတ် လှုပ်ရှားမှုကို ရန်ကုန်လူထုသပိတ်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်နားက စာသင်ကျောင်း ပစ်ခတ်မှုမှာ အဓိက သံသယတရားခံ ကျောင်းသား လူငယ်ရဲ့ အဖိုးအဖွားတွေကိုပါ သေဆုံးလျက်သား ရှာတွေ့ခဲ့ကြောင်း ရဲတွေက ပြောပါတယ်။