Connect with us

Hi, what are you looking for?

LuduNwayOo

ဆောင်းပါး

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဝင်နွှဲရမယ့် အဆုံးသတ်တိုက်ပွဲ

အရေးကြီးဆုံးကတော့ တော်လှန်ရေးအဖွဲ့တွေအားလုံးက အဆုံးသတ်တိုက်ပွဲကို အမြန်နွှဲပြီး အောင်ပွဲရယူဖို့ပဲဖြစ်ပါတယ်။

အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့မည်သည့် အဖွဲ့အစည်းနဲ့ မဆို လက်တွဲပြီးတော့ အာဏာရှင်စနစ်အားလုံးကို ဆန့်ကျင်တော်လှန်သွားမယ်လို့ ကရင်အမျိုးသားအစည်း အရုံး (KNU)ရဲ့ စက်တင်ဘာ ၄ရက်မှာထုတ်ပြန်တဲ့ သဘောထားရပ်တည်ချက်က နွေဦးတော်လှန်ရေးအတွက် အားတက်စရာပင်။

စစ်အာဏာသိမ်းပြီးတဲ့နောက် KNUက အပစ်ရပ်အဖွဲ့တွေနဲ့အတူ အာဏာသိမ်းတာကိုပြင်းပြင်းထန်ထန်ဝေဖန်ပြီးတော့ စစ်ကောင်စီနဲ့မဆွေးနွေးဘူးလို့ပြောပြီး ပြည်သူနဲ့အတူရပ်တည်ခဲ့ပါတယ်။ စစ်ကောင်စီက ဖက်ဆစ်တော်လှန်ရေးနေ့အခမ်းအနား တက်ဖို့ဖိတ်ကြားတာမှာလည်း ဖမ်းဆီးထားသူတွေပြန်လွှတ်ပေးဖို့ရယ် ၊ပြည်သူတွေတောင်ဆိုတာတွေ လိုက်လျောပေးမှ တက်ဖို့ အဆင်ပြေမယ်လို့ KNUဥက္ကဌ စောမူတူးစေးဖိုးက စာပြန်ခဲ့ပါတယ်။ဒါပေမယ့် မေလ ၁၀ရက်မှာတော့ မူတူးစေးဖိုးက နိုင်ငံရေးပြသာနာကို NCA အပစ်ရပ်စာချုပ်မူဘောင်တွေအတိုင်းလိုက်နာပြီး ငြိမ်းချမ်းရေးဆောင်ရွက်ဖို့ ပြောတာကြောင့် စစ်ကောင်စီနဲ့ KNU ဆွေးနွေးတော့မှာလားလို့ ပြည်သူတွေ စိတ်ပူခဲ့ကြပါတယ်။ ဒါပေမယ့်နွေဦးတော်လှန်ရေးမှာ KNU မပါမှာကို စိုးရိမ်နေတဲ့ပြည်သူတွေအတွက် စက်တင်ဘာ ၄ရက် သဘောထားကြေညာချက်က အလွန်အားတက်စရာရှင်းလင်းတဲ့ရပ် တည်ချက်ဖြစ်ပါတယ်။

နွေဦးတော်လှန်ရေးမှာ ပြည်သူတွေ အဓိကကျေးဇူးတင် အားကိုးရတဲ့ တိုင်းရင်းသားလက်နက်ကိုင် နှစ်ဖွဲ့ရှိပါတယ်။ ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA တို့ပဲဖြစ်ပါတယ်။ပြည်သူတွေ သတ်ဖြတ်ခံရတဲ့အခါ အာဏာလုစစ်ကောင်စီကို ဖေဖော်ဝါရီနောက်ပိုင်းတောက်လျှောက်တိုက်ခိုက်ခဲ့သလို ၊ စစ်ပညာသင်ယူရေးခိုလှုံလာတဲ့လူငယ် တွေကိုလည်း စောင့်ရှောက်ပေးပြီးစစ်ပညာသင်ပေးခဲ့ကြလို့ဖြစ်ပါတယ်။ သူတို့ပြီးရင် ကရင်နီပြည်သူတွေကိုစစ်ပညာသင်ပေးပြီးတိုက်ပွဲအတူဝင်ပေးတဲ့ KNPP၊ စစ်ပညာသင်ပေးသလို ကချင်ပြည်နယ်ကတိုက်တွေတွေမှာလည်းကူနေတဲ့ ချင်းလက်နက်ကိုင်အဖွဲ့ CNF တို့ကလည်းနွေးဦးတော်လှန်ရေးမှာ ကျရာတာဝန်ထမ်းပေးနေပါတယ်။ ဒီအဖွဲ့တွေအပြင် ဒေသခံလူငယ်တွေ ၊ဒေသအသီးသီးကလူငယ်တွေကိုစစ်ပညာသင်ပေးနေတဲ့အဖွဲ့ ၊ လက်နက်ခဲယမ်းတွေ ကူညီနေတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအများကြီးရှိပါသေးတယ်။ဒါပေမယ့် လတ်တလောမှာတော့ အဲဒီအဖွဲ့က တရာဝင်ကြေညာတာ၊လူသိမခံသေးပါဘူး။

ဒီနေ့အဓိကပြောလို့တာကတော့ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့တွေက တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကိုတစ်ကယ် လိုလားရင်၊ ဖက်ဒရယ် ဒီမိုကရေစီကိုရချင်ရင် ၊ပြည်သူတွေရဲ့ ဆန္ဒကိုတန်ဖိုးထားတယ်ဆိုရင် ဒီနွေးဦးတော်လှန်ရေးမှာ ပြည်သူတွေနဲ့အတူ တိုက်ပွဲဝင်ဖို့လိုပါမယ်။ ခေတ်အဆက်ဆက် ခေါင်းစဥ်မျိုးစုံနဲ့နှစ်ပေါင်း ၇၀ နီးပါးစစ်အာဏာသိမ်း ၊ ကိုယ်ကျိုးစီးပွားအတွက် တိုင်းပြည်ကိုဖျက်ဆီးပြီး၊တိုင်းရင်းသားပြည်သူတစ်ရပ်လုံးကို ဖိနှိပ်ခဲ့တဲ့၊ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့တဲ့ စစ်အာဏာရှင်စနစ်ကို အမြစ်ကနေဆွဲနှုတ်ဖို့ ၊အဆုံးသတ်ဖို့က ဒီအချိန်ကအကောင်းဆုံးပါပဲ။

Public Service Announcement

Public Service Announcement

တစ်ကယ်တော့ စစ်အာဏာရှင်တွေရဲ့အကြမ်းဖက်စစ်တပ်က လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ၊လူမဆန်အောင်ရက်စက်မှုတွေကို ပြည်နယ်တွေမှာရှိတဲ့ တိုင်းရင်းသားပြည်သူတွေက ဆယ်စုနှစ်ပေါင်းများစွာခံစားခဲ့ရတာပါ။ ခေတ်အဆက်ဆက် စစ်အာဏာရှင်တွေရဲ့ဝါဒဖြန့်မှုအောက်မှာ မြို့ပြတွေနဲ့ စစ်ပွဲဒဏ်မခံရတဲ့ ဒေသတွေက ပြည်သူတွေက အခြေအနေမှန်မသိ့ခဲ့ကြပါဘူး ။ဖေဖော်ဝါရီ၁ ရက်နေ့နောက်မှာတော့ ဒီမိုကရေစီအတွက် ငြိမ်းချမ်းစွာတောင်းဆိုဆန္ဒပြတဲ့ပြည်သူတွေကို အကြမ်းဖက်စစ်တပ်က ရက်ရက် စက်စက် သတ်ဖြတ်၊ဖမ်းဆီးညှင်းပန်းနှိပ်စက်ရင်း ၊ အမျိုးသားကောင်းသမီးတွေကို လိင်ပိုင်းဆိုင်ရာကျူးလွန် ၊ပြည်သူပိုင်ပစ္စည်းတွေကို ခိုးဆိုးလုယက်ဖျက်ဆီး၊မကောင်းမှုအားလုံးလုပ်တဲ့အခါမှာ အကြမ်း ဖက်စစ်တပ်ရဲ့ ဇာတိရုပ် ဘွားဘွားကြီးပေါ်လာခဲ့ပါတယ်။ ဒါကြောင့် အခုအခါမှာတော့ ပြည်သူတွေက အာဏာသိမ်းစစ်ခေါင်ဆောင်နဲ့နောက်လိုက်တွေကိုနာကျည်း စိတ်နာနေကြပြီဖြစ်ပါတယ်။

စစ်အာဏာရှင်အောက်ကလွတ်မြောက်ဖို့ အလွှာမျိုးစုံကလူငယ်တွေ၊လူလတ်ပိုင်းတွေကလည်းစစ်ပညာသင်ယူရင်း လက်နက်ဆွဲကိုင်တော်လှန်နေကြ ၊တော်လှန်ဖို့ ပြင်ဆင်နေကြတာဖြစ်ပါတယ်။ ဒါကြောင့် ဒီအချိန်မှာ အကြမ်းဖက်စစ်တပ်ကိုတော်လှန်တိုက်ခိုက်ပေးတဲ့အဖွဲ့အစည်းတိုင်းကို ပြည်သူတွေက သောင်းသောင်းဖျဖျ အားပေး နေကြတာဖြစ်ပါတယ်။ ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA နဲ့ စစ်ကောင်စီတပ်တိုက်ပွဲမှာလည်း MNDAA ကိုနိုင်ငံတစ်ဝန်းမှပြည်သူတွေက အားပေးထောက်ခံပေးနေပါတယ်။လွန်ခဲ့တဲ့၅နှစ်ကျော်က လောက်ကိုင်ဒေသတိုက်ပွဲမှာ စစ်တပ်ရဲ့ ဝါဒဖြန့်မှုကြောင့် ပြည်သူတွေက ကိုးကန့်လူမျိုးတွေအပေါ်မစာနာနိုင်ခဲ့ပါဘူး ။အခုတော့အခြေအနေက ပြောင်းပြန်ဖြစ်ကုန်ပါပြီ။ အဲဒီလိုပဲ ရခိုင်ပြည်နယ်ကစစ်ပွဲတွေမှာရခိုင်တပ်
မတော် AA နဲ့ဒေသခံတွေအပေါ် စစ်တပ်ဝါဒဖြန့်မှုကြောင့်သတင်းအမှန်မသိ့ရဘဲ ၊အပြည့်အဝနားလည်မစာနာပေးနိုင်ခဲ့ပေမယ့် ဒီနေ့မှာတော့ နိုင်ငံတစ်ဝန်းကပြည်သူတွေ အခြေအနေမှန်ကိုသိ့သွားကြပါပြီ။ AAက နွေဦးတော်လှန်ရေးမှာ ပြည်သူနဲ့အတူပါဝင်ပြီးအကြမ်းဖက်စစ်တပ်ကိုတိုက်ခိုက်နှိမ်နင်းပေးမယ်ဆိုရင် KNU လို ၊KIAလို ၊KNPPလို ပြည်သူတွေက လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ကြမှာဖြစ်ပါတယ်။

မွန်ပြည်နယ်က မွန်ပြည်နယ်က မွန်ပြည်သစ်ပါတီ- MNSP တပ်ဖွဲ့တွေကပဲဖြစ်ဖြစ်၊’ဝ’ဒေသက UWSA ကပဲဖြစ်ဖြစ်၊ ရခိုင်ပြည်နယ်က ရိုဟင်ဂျာ တွေကပဲဖြစ်ဖြစ် ၊ စစ်ကိုင်း ၊ကချင် ဒေသအချို့က ရှမ်းနီ တွေကပဲဖြစ်ဖြစ်နွေးဦးတော်လှန်ရေးမှာပါဝင်တိုက်ခိုက်ပေးရင်လည်းပြည်သူတွေက လှိုက်လှဲစွာကြိုဆို ကျေးဇူးတင်နေကြမှာပဲဖြစ်တယ်။ အကြမ်းဖက်စစ်တပ်ကိုပြည်သူတွေကတော်လှန်နေချိန်မှာ တိုင်းရင်းသားအချင်းချင်းစစ်ခင်းနေတဲ့ ရှမ်းပြည်နယ်က RCSSရယ် ၊SSPနဲ့ TNLA တို့ကိုလည်းတိုင်းရင်းသားအချင်းချင်းချိန်ထားတဲ့သေနတ်ပြောင်းတွေကို ပြည်သူအားလုံးကိုသတ်ဖြတ်နေတဲ့ အကြမ်းဖက်စစ်တပ်ဘက်ကို ပြောင်းပေးဖို့မေတ္တာရပ်ခံလိုပါတယ်။ ရှမ်းပြည်နယ်ကပြည်သူတွေ ဂုဏ်ယူနိုင်ဖို့ လူကြီးမင်းတို့ အမြင်ကျယ်ကျယ်နဲ့နွေဦးတော်လှန်ရေးမှာ ပါဝင်ရတော့မယ့်အချိန်ရောက်နေပါပြီ ။

ဒါ့ကြောင့် ဘယ်တုန်းကမှ မရှိခဲ့ဘူးတဲ့ပြည်သူတွေရဲ့ အားပေးထောက်ခံမှု ၊စစ်အာဏာရှင်ပြုတ်ကျရေးခိုင်မာတဲ့စိတ်ပိုင်းဖြတ်မှုတွေရှိနေတဲ့ ပြည်သူတွေနဲ့အတူ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအားလုံးက နွေးဦးတော်လှန်ရေးတိုက်ပွဲဝင်ပေးကြဖို့မေတ္တာရပ်ခံလိုပါတယ်။

အကြမ်းဖက်စစ်စ်တပ်ရဲ့အခြေအနေကိုတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကပိုသိပါတယ်။ KNU ကိုတိုက်မယ်ဆိုရင် KIA ကိုလျှော့ပေါင်းပြီးမှ တိုက်ရဲတာ ၊ KIA ကိုတိုက်မယ်ဆိုရင်လည်း KNU ကိုလျှော့ပြီးမှ သွေးခွဲတိုက်ရဲတဲ့ အကြမ်းဖက်စစ်တပ်ပါ။ တစ်ချိန်တည်း တိုင်းရင်းသာူလက်နက်ကိုင်အဖွဲ့ သုံးဖွဲ့လောက်နဲ့စစ်မတိုက်ရဲပါဘူး။စစ်လက်နက်မှာ သာလွန်ပေမယ့် ရာထူးအာဏာမက်ပြီးအကျိုးစီးပွားမက်မောသူတွေအများစုပါဝင်သလို ၊ခံယူချက်မမှန်တာ၊သူရဲဘောကြောင်တာတွေကြောင့်လည်း နွေဦးတော်လှန်ရေးမှာ တိုက်ပွဲတိုင်းစစ်ကောင်စီတပ် အသေအပျောက်များပြီးအထိနာနေတာဖြစ်ပါတယ်။အခုလို နိုင်ငံဒေသအစိတ်အပိုင်းအများစုမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစုံနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)တွေ၊ဒေသခံတော်လှန်ရေးပျောက်ကျားတပ်ဖွဲ့တွေနဲ့ စစ်မျက်နှာအများကြီးမှာ ၊တစ်ချိန်တည်း ဘယ်တုန်းကမှ အကြမ်းဖက်တပ်က မတိုက်ဖူးသလို ဘယ်လိုကိုင်တွယ်ရမှန်းလည်း သူတို့မသိ့ပါဘူး။သူတို့အတွက်အဆိုးဆုံးက ပြည်သူတွေက တော်လှန်ရေးအဖွဲ့တွေနဲ့တစ်သားတည်းရပ်တည်ပြီး အကြမ်း ဖက်စစ်တပ်မှာ ထောက်ခံအားပေးသူ သမိုင်းတစ်လျှောက်အနည်းဆုံးဖြစ်နေတာပါ။

Public Service Announcement

ဒါ့ကြောင့်တော်လှန်ရေးအဖွဲ့တွေအားလုံးကစစ်ပြင်နေကြချိန်မှာ စစ်ကောင်စီအကျိုးဆောင် အာဆီယံအထူးကိုယ်စားလှယ်က စက်တင်ဘာ ၅ ရက်မှာအပစ်အခတ် လေးလရပ်ဖို့ပြောတာကို စစ်ကောင်စီကမဆိုင်းမတွ သဘောတူတယ်ပြောတာပါ။ ပြည်သူတွေကိုဆိုရင်လူလို့မထင်တဲ့ စစ်ကောင်စီနဲ့အာဆီယံကဘာပဲပြောပြော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တော်လှန်ရေးအဖွဲ့တွေအားလုံးကတော့ အချိန်မဆိုင်းတော့ဘဲ လုပ်စရာရှိတာကို မြန်မြန်ဆန်ဆန် ၊ပြတ်ပြတ်သားသားလုပ်ဖို့လိုပါတယ်။ ဒါမှ အာဏာရူးမင်းအောင်လှိုင်နဲ့ စိတ္တဇလူသတ်စစ်တပ်ရဲ့ဖိနှိပ်မှုကနေ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးလွတ်မြောက်မှာဖြစ်ပါတယ်။ပြီးရင်တော့ အာဏာလုစစ်ခေါင်းဆောင်တွေ ၊စစ်ရာဇဝတ်သားတွေကိုထိုက်တန်တဲ့ပြစ်ဒဏ်ခံရဖို့ ဆက်လုပ်ရမှာဖြစ်တယ်။ တစ်ဆက်တည်း ပြည်သူအားလုံးတောင်းတနေတဲ့ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတော် ကို တိုင်းရင်းသားအားလုံးအတူတစ်ကွ
တည်ဆောက်ကြရမှာဖြစ်ပါတယ်။ စစ်အာဏာရှင်တွေဖယ်ထုတ်လိုက်ရင် ကျန်ပြည်သူတွေက ခေတ်အဆက် ဆက်အဖိနှိပ်ခံတွေပဲဖြစ်ခဲ့တာကြောင့် တန်းတူရေး၊ ကိုယ်ပိုင်းပြဌာန်းခွင့်တို့ကိုအာမခံတဲ့ ဖက်ဒရယ်ဒီမိုကရေစီ စနစ်ကိုအကောင်အထည်ဖော်ဖို့က လွယ်ကူသွားပါပြီ။

အရေးကြီးဆုံးကတော့ တော်လှန်ရေးအဖွဲ့တွေအားလုံးက အဆုံးသတ်တိုက်ပွဲကို အမြန်နွှဲပြီး အောင်ပွဲရယူဖို့ပဲဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

အဆိုပါ သံချပ်ကာ မှာ ရုရှားလုပ် ကင်းထောက်သံချပ်ကာBRDM 2 အမျိုးအစားဖြစ်ပြီး ၂၀၂၁ မတ် ၂၇ စစ်ရေးပြပွဲတွင် စစ်​ကောင်စီက ပြသခဲ့ဖူးသည်။ စစ်​ကောင်စီက ရုရှားထံမှ BRDM2 သံချပ်ကာယာဥ် ၃၃ စီးဝယ်ယူထား​ကြောင်းသိရသည်။

သတင်း

ပေါင် ၃၀၀ ဗုံးနှစ်လုံးကြောင့် သေဆုံးသွားသည့် ပြည်သူ များအနက် အမျိုးသား နှစ်ဦးနှင့် မိန်က​လေးငယ် နှစ်ဦးအပါအဝင် အမျိုးသမီး ​လေးဦး ပါဝင်သည်။