Connect with us

Hi, what are you looking for?

LuduNwayOo

ဆောင်းပါး

တိုတယ်နှင့် ရှက်ဖရွန် နှုတ်ထွက်ခြင်း (သို့မဟုတ်) စစ်အာဏာရှင်စနစ်၏ ထောက်တိုင်ကြီးတစ်ခု ပြိုလဲခြင်း

တိုတယ် နှင့် ချက်ဖရွန် မြန်မာပြည်မှထွက်ခွါသွားရန် ကာလကြာရှည် လှုပ်ရှားခဲ့သူအားလုံးကို ကျေးဇူးတင် ချီးကျူးပါ၏။

အီဂေါဗလာဇီဗစ်

တိုတယ်စွမ်းအင်ကုမ္ပဏီ( TOTAL) နှင့် ချက်ဖရွန် ( Chevron) မြန်မာပြည်မှ နှုတ်ထွက်မည့် သတင်းသည် အရေးကြီးသည့်အလှည့်အပြောင်းတခုဖြစ်သည်။ မြန်မာပြည်အပေါ် စစ်တပ် စိုးမိုးထားနိုင်ရေးကို အထောက်အကူပြုနေသည့် ကြီးမားအရေးပါသည့်ထောက်တိုင်ကြီးတစ်ခု ပြိုကျသွားခြင်းဖြစ်သည်။ တိုတယ်နှင့် ရှက်ဗရွန်မှ ရနေသည့် ရေနံနှင့် သဘာဝဓါတ်ငွေ့ဝင်ငွေများသည် မြန်မာအာဏာရှင်မျိုးဆက်တခုပြီးတခုကို ထောက်ကူပေးခဲ့သည်။ စစ်တပ်ကို အားကြီးသထက်ကြီးလာအောင်လုပ်ပေးခဲ့ပြီး အချို့သော မိသားစုများနှင့် လူပုဂ္ဂိုလ်များကို မတန်တဆ ချမ်းသာစေခဲ့သည်။အရည်အချင်းမဲ့ ရာဇဝတ်ကောင် မင်းအောင်လှိုင်လက်ထက်တွင် အရာရာပြိုကျသကဲ့သို့ပင် ရေနံသဘာဝဓါတ်ငွေ့ဝင်ငွေလမ်းသည်လည်း ယခုပြိုကျနေခဲ့ပြီ။ အာရှ၏ မအောင်မြင်ဆုံးသော အာဏာသိမ်းခေါင်းဆောင်အဖြစ်၊မြန်မာပြည်ကို အကြီးမားဆုံးသော ဘေးဒုက္ခသင့်စေခဲ့သူအဖြစ် မင်းအောင်လှိုင်ကို သမိုင်းက အမှတ်ရလိမ့်မည်။

ယခုအခါ မြန်မာ့ရေနံနှင့် သဘာဝလုပ်ငန်း (MOGE) ကို ဒဏ်ခတ်ရေးတွင် အဟန့်အတား ဆက်မလုပ်ဖို့ အမေရိကန် သမ္မတဘိုင်ဒန် နှင့် ပြင်သစ် သမ္မတ မက်ခရွန်တို့ အပေါ် မူတည်သွားပြီဖြစ်သည်။ သူတို့က MOGE ကိုဒဏ်ခတ်ပိတ်ဆို့ရန် အဆင်ပြေကြောင်း အမေရိကန် အစိုးရနှင့် ပြင်သစ်၏ အီးယူမိတ်ဆွေများကို မီးစိမ်းပြရမည်။သို့မဟုတ် ရေနံ သဘာဝဓါတ်ငွေ့ဝင်ငွေများ စစ်အာဏာရှင်များ လက်ထဲ ရောက်မသွားအောင် တားဆီးအရေးယူမှုတခုခုလုပ်ရန် အဆင်ပြေကြောင်း မီးစိမ်းပြရမည်။ ( ဘိုင်ဒန် နှင့် မက်ခရွန်ဆီသို့ အောက်ပါ Link တွင် သင်ကိုယ်တိုင် ပါဝင်လက်မှတ်ထိုးတောင်းဆိုပါ- https://bit.ly/oilgasmyanmar တွင်လက်မှတ်ပါဝင်​ရေးထိုး​တောင်ဆိုးနိုင်ပါသည်။)

ယခုသတင်းသည် တပ်မတော်သားအားလုံးနှင့် စီးပွါးရေး အသိုင်းအဝိုင်းသို့ ကြီးမားသော အချက်ပေးခေါင်းလောင်းသံဖြစ်သည်။ မအလနှင့် သူ့စစ်အာဏာရှင်များသည် နစ်မြုပ်နေသည့် လှေဖြစ်သည်။ သူတို့ကို အမြန်စွန့်ခွါ၍ သူတို့ဘာသာ နစ်မြုပ်သွားကြပါစေ။ တိုင်းပြည်ကိုပါ သူနှင့်အတူ ဆွဲနှစ်သွား၍ နောက်ထပ်သောပြိုပျက်မှုများ၊ လူမရှိသောမြို့များ၊ မီးလောင်ထားသော ရွာများ၊ အကျဉ်းကျခံအနှိပ်စက်ခံဘဝများ၊ အသက်ဆုံးရှုံးရမှုများစသည့် နောက်ထပ်သော ကြေကွဲစရာများ အဖြစ်မခံပါနှင့်တော့။ နစ်နေသော သူ့လှေကို စွန့်ခွါကြပါတော့။

Public Service Announcement

Public Service Announcement

တိုတယ် နှင့် ချက်ဖရွန် မြန်မာပြည်မှထွက်ခွါသွားရန် ကာလကြာရှည် လှုပ်ရှားခဲ့သူအားလုံးကို ကျေးဇူးတင် ချီးကျူးပါ၏။ ထိုထက်ပို၍ လူသတ် စစ်အာဏာရှင်များ၏ အာဏာလုမှုကို သတ္တိပြောင်စွာ ကြံ့ကြံ့ခံ ရင်ဆိုင်ခဲ့သူ မြန်မာပြည်သားများအား အလေးပြုပါ၏။ မြန်မာပြည်သူတို့၏ လွတ်လပ်သောဖယ်ဒရယ် ဒီမိုကရေစီနိုင်ငံတွင် နေထိုင်ရှင်သန်ရေး ရည်မှန်းချက် အောင်ပွဲခံပါလိမ့်မည်။

ဆက်စပ်သတင်းများ

သတင်း

၁၉၈၉ ခုနှစ် ဧပြီ ၁၇ရက်‌တွင် စတင် တည်ထောင်ခဲ့သော ဝပြည် သွေးစည်း ညီညွတ်ရေးပါတီ (UWSP/UWSA) သည် ယနေ့တွင် (၃၅)နှစ်ပြည့်မြောက်ပြီဖြစ်သည်။

သတင်း

တော်လှန်ရေး ဦးဆောင်မှုအခန်းကဏ္ဍ၌ KIO ၏ မဆုတ်မနစ်ပါဝင်မှုကို များစွာလေးစားဂုဏ်ယူသည်ဟုလည်း ပြောကြားခဲ့သည်။

သတင်း

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း ၄၇ နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားတွင် မိန့်ခွန်းပြောကြားခဲ့ရာ စစ်အာဏာရှင်များသည် ပြည်သူများကို အကြောက်တရားနှင့် ထိန်းချုပ်ရန် ကြိုးစားလေ့ရှိကြောင်း ပြောကြားသည်။

သတင်း

(၁၇)ကြိမ်မြောက် KNU ကွန်ဂရက်ကို ဧပြီ ၂၄ရက်မှ မေလ ၄ရက်အထိ ၁၁ရက် ကြာ ကျင်းပခဲ့ခြင်းဖြစ်သည်။ KNU ဗဟိုဌာနချုပ်နှင့် ခရိုင်အသီးသီးရှိ ကွန်ကရက်ခန်းမများတွင် အွန်လိုင်းနည်းစနစ်ဖြင့် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။