Connect with us

Hi, what are you looking for?

LuduNwayOo

ဆောင်းပါး

“လေးကေ့ကော်မှာ ကြွေလွင့်ခဲ့သော PDFရဲဘော်ကိုမိုင်း”

ထိုရဲဘော်မှာ ဒီဇင်ဘာလဆန်းပိုင်းမှစ၍ လေကြောင်းပစ်ကူတွေအပါအဝင် လက်နက်ကြီးတွေ တအုန်း အုန်းအထုခံနေရသည့် လေးကေ့ကော်မြို့သစ်တိုက်ပွဲတွင် ကျဆုံးသွားခြင်း ဖြစ်သည်။

ကိုအောင်လေးထံ ဖုန်းဝင်လာသည်။ သူတို့သင် တန်းမှူးဖြစ်သူ ဆရာဒီး လှမ်းဆက်ခြင်းဖြစ် ၏။ ဖုန်းကိုကောင်ကိုင်ပြီး နားထင်နားတေ့၍ နားထောင်လိုက်ချိန် ကိုအောင်လေးတစ်ယောက် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။

အကြောင်းမှာ ကိုအောင်လေးတို့ရဲဘော်တွေ အကိုကြီးတစ်ယောက်လိုချစ်ခင်ရသည့် PDF ရဲ ဘော်တစ်ယောက် ကျဆုံးသွား၍ ဖြစ်ပါသည်။

ထိုရဲဘော်မှာ ဒီဇင်ဘာလဆန်းပိုင်းမှစ၍ လေကြောင်းပစ်ကူတွေအပါအဝင် လက်နက်ကြီးတွေ တအုန်း အုန်းအထုခံနေရသည့် လေးကေ့ကော်မြို့သစ်တိုက်ပွဲတွင် ကျဆုံးသွားခြင်း ဖြစ်သည်။

ဆိုရလျင် လေးကေ့ကော်မြို့အနီး ထီးမယ်ဝါးခီးနှင့် မဲ့ထော်သလေးတိုက်ပွဲများတွင် ဒီဇင်ဘာ ၂၇ ရက်အထိ PDF ရဲဘော် လေးဦးကျဆုံးခဲ့ပြီဖြစ်သည်။

Public Service Announcement

Public Service Announcement

ယခု ကိုအောင်လေးကြားရသည့် သတင်းဆိုးမှာ ထိုရဲဘော်လေးဦးအနက် သူတို့နှင့် စစ်သင် တန်းအတူတက်ခဲ့ကာ တစ်စခန်းတည်းအတူနေခဲ့ရသူ ကိုရန်ပိုင်ဖြိုး(ခ)ကိုမိုင်းနှင့်ပတ်သက်သည့် သတင်းသာလျင် ဖြစ်ပါသည်။

●လူပျော်ကြီး ကိုမိုင်း

ကိုအောင်လေးနှင့် ကိုမိုင်းတို့ စပြီးဆုံဖြစ်တာက လွတ်မြောက်နယ်မြေမှာရှိသည့် KNU စခန်းတစ်ခုတွင် ဖြစ်သည်။ ထိုစခန်းသို့ ကိုမိုင်းက အလျင်ရောက်နှင့်နေပြီး ကိုအောင်လေးမှာ နောက်မှ ရောက်လာခြင်း ဖြစ်သည်။

ကိုအောင်လေးတို့ကို အခြေခံစစ်ပညာသင် တန်းပေးတော့ ကိုမိုင်းနှင့်သူက တစ်ဖွဲ့တည်းဖြစ်သည်။ ထို့ကြောင့် သူနှင့်ကိုမိုင်းမှာ တစ်ပတ်စဥ်တည်းရဲဘော်ရဲဘက်ဖြစ်ယုံမက ညီရင်းအစ်ကိုပမာ တောတွင်းနေ့စွဲများကို အတူဖြတ် သန်းခဲ့ကြသည်လည်း ဖြစ်၏။

ကိုမိုင်းက စကားသွက်သည်။ ဖော်ရွေမှုလည်း ရှိသည်။ ထို့အပြင်သူက ငယ်ရွယ်သူတွေကို အမြဲလို သက်ညှာပေးတတ်သူလည်းဖြစ်သည်ဟု ကိုအောင်လေးက ပြောပြသည်။

ပြောမယ်ဆို ငယ်ရွယ်သူတွေသာမဟုတ် သူ့ထက်အသက်ကြီးသူ၊ သူနှင့်ရွယ်တူ အားလုံးကို ကိုမိုင်းက အလျှော့ပေး ပေါင်းလေ့ရှိသူတစ်ဦး ဖြစ်ပါ၏။

သူ့သင်တန်းမှူး ဆရာဒီးကိုယ်တိုင်က “ကိုမိုင်းရေ ကိုကြီးကတော့ ကျွန်တော့်ရင်ထဲမှာ အမြဲရှင်သန်နေမှာပါဗျာ”ဟု ကျဆုံးမှုအတွက် ဝမ်း နည်းတသ ရင်ဖွင့်ထားသေးသည်။

ကိုမိုင်းမှာ ရဲဘော်ရဲဘက်များအပေါ် အလျှော့ ပေးဆက်ဆံတတ်သူတစ်ဦးဖြစ်သည့်အပြင် မပျော်ပျော်အောင် စနောက်တတ်သူတစ်ဦးလည်း ဖြစ်ပါသည်။ တခြားသူများကို စနောက်တတ်သည်သာမဟုတ် သူကိုယ်တိုင်ကလည်း ပျော်ပျော်နေတတ်သည့် လူပျော်ကြီးတစ်ဦးဟု ကိုအောင်လေးက မှတ်ချက်ပြုသည်။

သူနှင့်အတူ အရံမီးသတ်တပ်ဖွဲ့ထဲ တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် ရန်ကုန်မြို့မြို့နယ်တစ်ခုမှ အရံမီးသတ်တပ်ဖွဲ့မှူးနှင့် မိတ်ဆွေများကလည်း ကိုမိုင်းဟာ ပျော်ပျော်နေတတ်သူဖြစ် ကြောင်း ပြန်ပြောပြကြသည်။

ပြီးတော့ ကိုမိုင်းက ပရဟိတစိတ်အခံ ရှိသူတစ်ဦးဟုလည်း သူ့မိတ်ဆွေများက ပြောသေး၏။

●ပရဟိတစိတ်အခံရှိသူ

ကိုမိုင်းသည် ကာလတစ်ခုအထိ မြို့နယ်အရံမီးသတ်လုပ်ခဲ့ဖူးသလို ကိုဗစ်ကာလအစောပိုင်းကလည်း ဆေးဖြန်းခြင်း၊ အောက်ဆီဂျင်အိုးများရှာဖွေပေးခြင်း စသည်တို့ကိုတာဝန်သိ့စွာလုပ်အား​ပေးခဲ့သည်။

အရံမီးသတ်တပ်ဖွဲ့ဝင်ဆိုသည်မှာ လူမှုဝန်ထမ်းစိတ်နှင့် ပရဟိတစိတ်အခြေခံများရှိပါမှ လုပ် ကိုင်နိုင်သော စေတနာ့ဝန်ထမ်းအလုပ်ဖြစ်သည်ဟု ကိုမိုင်း၏ ရန်ကုန်မှ မိတ်ဆွေက ရှင်းပြ သည်။

ကိုမိုင်းသည်လည်း ထိုစိတ်အခြေခံများကြောင့်သာ အရံမီးသတ်ထဲ ရောက်လာသူဖြစ်ပြီး တပ် ဖွဲ့အတွင်း လှုပ်ရှားမှုများ၌ အမြဲလိုသွက် လက်နေတတ်ကြောင်း သူ့မိတ်ဆွေ အရံမီးသတ်တပ် ဖွဲ့ဝင်တစ်ဦးက ဆိုပါသည်။

“သူ(ကိုမိုင်း)ဂျူတီတွေဘာတွေလာလို့ရှိရင် သူက မီးသတ်တပ်ဖွဲ့နဲ့ပတ်သက်ပြီး အရမ်းတာဝန်ကျေတယ်ဗျ။ အရမ်းလည်း အနွံနာခံတယ်။ ပင်ပမ်းလည်းခံတယ်”

အရံမီးသတ်တပ်ဖွဲ့ဝင်အဖြစ်ဖြင့် အလုံမြို့နယ်တွင် နှစ်အနည်းငယ်တာဝန်ထမ်းဆောင်ပြီးနောက် ကိုမိုင်းတစ်ယောက် သဘော်လိုက်ခဲ့သေးသည်။ ထိုအချိန်က သူ့တွင် သမီးလေးတစ်ယောက်ရှိနေပြီ ဖြစ်၏။ သို့သော် ဇနီးဖြစ်သူနှင့်တော့ အကြောင်းမတိုက်ဆိုင်တော့၍ လမ်းခွဲခဲ့ကြကြောင်း သူ့မိတ်ဆွေများက ပြောပါသည်။

ကမ္ဘာ့နိုင်ငံအသီးသီးမှာ ကိုဗစ် – ၁၉ ကပ်ရောဂါ ဖြစ်ပွားလာတဲ့အခါ ကိုမိုင်းလည်း သဘော်လိုက်ရာက မြန်မာပြည်ပြန်လာခဲ့သည်။ ထိုစဥ် သူအခြေချနေထိုင်ရာ ရန်ကုန်မြို့ကြီးမှာလည်း ကိုဗစ်ကူးစက်မှု မြင့်တက်နေချိန် ဖြစ်ပါသည်။

ထို့ကြောင့် ကိုမိုင်းတစ်ယောက် သူ့စိတ်ရင်းအတိုင်း ခရီးရောက်မဆိုက် အချိန်မဆိုင်ဘဲကိုဗစ်ရောဂါကာကွယ်ရေးနှင့်သက်ဆိုင်သည့် လူမှုရေးလုပ်ငန်းထဲ ဝင်ရောက်လုပ်ကိုင်ခဲ့ပါသည်။ သို့သော် တစ်လနှစ်လခန့်သာအချိန်ရခဲ့ပြီး ကိုဗစ်
ဒုတိယလှိုင်း အကျမှာ စစ်တပ်အာဏာသိမ်းခြင်းဖြင့် ကြုံခဲ့တော့ သည်။

●လမ်းမထက်မသည် လက်နက်လမ်းစဥ်ဆီ

သည်တောလည်း ကိုမိုင်းတစ်ယောက် ကိုဗစ်အကျမှာ ခေါင်းထောင်ထလာသည့် အာဏာ ရှင်စနစ်ကို တွန်းလှန်ဖြိုဖျက်ဖို့ လမ်းပေါ် တက်ခဲ့ရပြန်ပါသည်။

ငြိမ်းချမ်းစွာချီတက်ဆန္ဒပြသည့် သပိတ်စစ် ကြောင်းတွေမှာ ကိုမိုင်းက ရှေ့ဆောင်ရှေ့ရွက်ပြုသည်။ တပ်ဦးကဦးဆောင်ပြီး ကြွေးကြော်ချီတက်သည်။ သို့သော် ကိုမိုင်းအပါအဝင် ပြည်သူတွေရဲ့ တောင်းဆိုမှုတွေ အရာမထင်ခဲ့ပါ။

အကြောင်းမှာ အာဏာသိမ်းစစ်ခေါင်းဆောင်ဦးဆောင်သည့် စစ်ကောင်စီက ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်သူတွေကို လက်နက်အားကိုးဖြင့် အကြမ်းဖက်လာခဲ့သည်။ ဖမ်းဆီး၊ ပစ်ခတ်၊ သတ်ဖြတ်တာတွေအထိ စစ်ကောင်စီက အကြမ်း ဖက်လာခြင်း ဖြစ်၏။​နောက်ဆုံးတွင် ဆန္ဒပြသူများကို
စစ်​မြေပြင်တွင်ရန်သူများကဲသို့ပင် စစ်​ကောင်စီတပ်သားများက လက်နက်မဲ့ပြည်သူများကို ပစ်ခတ်သတ်ဖြတ်သည်။

ဤတွင် ကိုမိုင်းတို့လို အသက် ၃၀ တန်းလူငယ်များနှင့် အသက် ၂၀ ကျော်အစိတ်ဝန်းကျင် လူ ငယ်အမြောက်များဟာ ဖမ်းဆီးသတ်ဖြတ်မခံဘဲ လွတ်မြောက်နယ်မြေတွေထဲ ခိုဝင်၍ စစ်ပညာသင်ယူကြသည်။ ထိုမှတဆင့် တော်လှန်ရေးအရှိန်မြှင့်ကာလက်နက်ကိုင်လမ်းစဥ်အထိ ပါဝင်စီးမျောခဲ့ကြခြင်း ဖြစ်လေသည်။

ယခုမူ ကိုမိုင်းတစ်ယောက် သူ့ကိုချစ်သည့် သူကချစ်သည့် သူများအားလုံးကို တော်လှန်ရေးလပ်ခုလပ်၌ ထားရစ်ခဲ့ရပြီ ဖြစ်သည်။

●သမီး​လေးနဲ့ ပြန်မဆုံနိုင်တော့တဲ့ ကိုမိုင်း

ကိုမိုင်းတို့ PDF တပ်ဖွဲ့ဝင်တွေ လေးကေ့ကော်တိုက်ပွဲထဲမသွားခင် အိမ်ကိုအတူပြန်မည့်အကြောင်းပြောဖူးသည်ဟု ရဲဘော်အောင်လေးက ​ပြောသည်။

“အငယ်ကောင် ငါတို့ညီကိုတွေ အတူတူပြန်မယ်”ဟူ၍ ကိုမိုင်းက သူ့ကိုပြောခဲ့​ခြင်းဖြစ်၏။

သို့သော် ကိုမိုင်းနှင့် PDF ရဲဘော်လေးဦးမှာ လေးကေ့ကော်စစ်မြေပြင်ကနေ အိမ်ပြန်ခွင့် မရနိုင်တော့ပါ။ သူတို့လေးဦးလုံး ပြည်သူ့အ တွက် တော်လှန်ရေးတွင် အသက်ပေးခဲ့ရပြီ ဖြစ်သည်။ ​တော်လှန်​ရေးလမ်းတစ်ဝက်တွင် ​ကြွေလွှင့်ခဲ့​သော်လည်း ကျဆုံးခဲ့​သောသူရဲ​ကောင်းများလိုလား​သောစစ်အာဏာရှင်စနစ်ပြုတ်ကျ​ရေး ၊ ဖက်ဒရယ်ဒီမိုက​ရေစီရရှိ​ရေးအတွက် လူငယ်များကဦး​ဆောင်၍ ပြည်သူများက လုံးဝ​တောက်မဆုတ်ပဲ စစ်​ကောင်စီတပ်ကို ခုခံ​တော်လှန်တိုက်ခိုက်ရင်း ၊တစ်ဗိုလ်ကျတစ်ဗိုလ်တက်စနစ်ဖြင့် ပန်းဆိုင်ဆီချက်တက်လျှက်ရှိသည်။

​တော်လှန်​ရေးခရီးတစ်ဝက်တွင်ကျဆုံးခဲ့​သောကိုမိုင်းတစ်​ယောက်ဖြစ်ချင်ခဲ့သည့် ပြင်းပြသောဆန္ဒတစ်ခုမှာ​တော့ဖြစ်ခွင့်လာမရှိတော့ပေ။ ကိုမိုင်း၏ ယင်းဆန္ဒမှာ အခြားမဟုတ်ပါ။ ယခုဆို အသက် ၁၀ နှစ်ဝန်း ကျင်ရှိပြီဖြစ်သည့် သမီးလေးနှင့် ပြန်လည်ဆုံဆည်းလိုခြင်းသာ ဖြစ်ပါသည်။

ထိုအကြောင်း ကိုမိုင်းက ကိုအောင်လေးထံ ယခုလို ပြောပြခဲ့ဖူးသည်။

“သူ့သမီးလေးကို သူအရမ်းချစ်တယ်တဲ့။ ငါတို့သေမယ်ရှင်မယ် ကြိုတွေးထားမရတော့ ငါ့သ မီးလေးနဲ့ပြန်တွေ့ချင်သေးတယ်တဲ့”ဟူ၍ ဖြစ်ပါသည်။

သူ့ထံပြောခဲ့ဖူးသည့် ကိုမိုင်း၏ဆန္ဒမပြဝခဲ့သည့်အပေါ် စိတ်မကောင်းဖြစ်မိသည်ဟု ကိုအောင်လေးက ရင်ဖွင့်သည်။ သို့သော် သူ့အနေဖြင့် ကိုမိုင်းအတွက် အမြဲဂုဏ်ယူနေမည်ဖြစ်၏။

ထို့အပြင် ပညာတတ်လူငယ်တစ်ယောက် တိုင်း ပြည်အတွက် အသက်ပေးသွားသည့်အပေါ် ကိုအောင်လေးက ယခုလို ဆုတောင်းစကား ဆိုထားသည်။

“အရမ်းဂုဏ်ယူမိတယ်ဗျ။ တိုင်းပြည်အတွက် အသက်ပေးသွားတဲ့ ကျွန်တော်တို့အကိုလို ချစ် ခင်ရတဲ့သူ နောက်ဘဝကြရင် အခုလို စစ်ပွဲတွေရှိနေတဲ့နိုင်ငံမှာလူမဖြစ်ပါစေနဲ့လို့ ဆုတောင်းပါတယ်” ။ ။

ဆက်စပ်သတင်းများ

သတင်း

MDY-PDFသည် ယခု ဧပြီအတွင်း မန္တလေးတိုင်း ပြင်ဦးလွင်မြို့နှင့် (၁၀)မိုင်အကွာရှိ သရက်ကုန်း ကျေးရွာ စစ်စခန်း တိုက်ခိုက်သိမ်းပိုက် နိုင်မှုကို အသိပေးထားသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

တိုက်ခိုက်ခံရပြီးနောက် လျှော်ဖြူကျေးရွာသို့ ရွာကြီးရွာမှ စစ်ကောင်စီတပ်သားများ လာရောက်အင်အားဖြည့်ထားကြောင်း ဒေသခံများက ပြောသည်။