Connect with us

Hi, what are you looking for?

ဆောင်းပါး

ထိပ်တုံးမိခဲ့သည့် သေနတ် ၂ လက်

ခုနှစ်ပေခန့်ရှည်ပြီး သစ်သားဖြင့်လုပ်ထားသည့် အပေါက် ခြောက်ပေါက်ပါ ထိပ်တုံး (​ခေါ်) ခြောက်ပေါက်တွင် သေနတ် နှစ်လက် ထိပ်တုံးမိျနသည်။ ရဲ​ဘော် ၂ ဦးကသေနတ် ၂ လက်ကိုသက်ရှိများအလား ထိပ်တုံးခတ်လိုက်ခြင်းဖြစ်၏ ။

သေနတ် ၂ လက်ကို ထိပ်တုံးခတ်စဥ်။ ဓါတ်ပုံ-အာကာ​မောင်​လေးFB

ရဲ​ခေါင်/People’s Spring

ခုနှစ်ပေခန့်ရှည်ပြီး သစ်သားဖြင့်လုပ်ထားသည့် အပေါက် ခြောက်ပေါက်ပါ ထိပ်တုံး (​ခေါ်) ခြောက်ပေါက်တွင် သေနတ် နှစ်လက် ထိပ်တုံးမိျနသည်။ ရဲ​ဘော် ၂ ဦးကသေနတ် ၂ လက်ကိုသက်ရှိများအလား ထိပ်တုံးခတ်လိုက်ခြင်းဖြစ်၏ ။

“ဟိုတရက်က ကျွန်တော်တို့စခန်းတက်သိမ်းတာပေါ့နော်။ကျွန်တော်တို့ ဗျူဟာကျတော့ နှစ်လက်ရတာပေါ့။ရတဲ့ နှစ်လက်ကို ကျွန်တော်တို့ ခြောက်ပေါက်ထည့်ရမယ်။ ၂ ရက် ၊ ၃ ရက်လောက် ခြောက်ပေါက်ထည့်ရမှာ ဖြစ်ပါတယ်။ဒါကျွန်တော်အပိုင်ဖြစ်ကြောင်း အဲဒီလိုမျိုးပေါ့”ဟု ကရင်နီအမျိုးသားများကာ ကွယ်ရေးတပ် တပ်ရင်း( ၂၈) မှ ရဲဘော် ကိုအာကာ က ​သေနတ် ၂ လက်ကို ထိပ်တုံးခတ်သည့်အ​ကြောင်းရင်းကို ရှင်းပြသည်။

ထိပ်တုံးမိ​နေ​သော သေနတ် ၂ လက်မှာ ရှမ်းပြည်နယ်တောင်ပိုင်း၊ဆီဆိုင်မြို့နယ် ရွှေတစ်ဂူကျေးရွာရှိ စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် စခန်းကို ကရင်နီတပ်ပေါင်းစုက ဇန်နဝါရီလ ၉ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်စဥ် ရရှိလာခဲ့ခြင်းဖြစ်သည်။ထို​ကြောင့် လွန်ခဲ့သည့် ရက်အနည်းငယ်ကမှ စစ်သားနှင့် PNO ပြည်သူ့စစ်များ ၏ လက်စွဲ​တော် ​သေနတ်များကို ကရင်နီ ပူး​ပေါင်းတပ်က သိမ်းပိုက်ရရှိခဲ့ခြင်းပင် ။

Public Service Announcement

Public Service Announcement

သေနတ် ၂ လက်ကို ထိပ်တုံးခတ်စဥ်။ ဓါတ်ပုံ-အာကာ​မောင်​လေးFB

ထိုတိုက်ပွဲတွင် စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် ၃၀ ဦးထက်မနည်းသေဆုံးခဲ့သည်။ အသက် ၁၂ ​ကျော် အရွယ် ကလေးစစ်သားအပါအဝင် ပအိုဝ်း ပြည် သူ့စစ် အချို့ကို ဖမ်းမိကာ ၂၀၂၅ ခုနှစ်တွင် ကရင်နီပူးပေါင်းတပ်၏ စခန်းသိမ်းတိုက်ပွဲ အဖွင့်ဖြစ်ခဲ့သည်။

ကရင်နီပူး​ပေါင်းတပ်က ရွှေတစ်ဂူရွာ တိုက်ပွဲတွင်စုစုပေါင်း လက်နက်သုံးဆယ် ကျော်ရရှိခဲ့သည်။ ပါဝင်တိုက်ခိုက်ခဲ့သည့် ကရင်နီတပ်အလိုက် လက်နက်များ ခွဲ​ဝေခဲ့ရာ တမ်းရရှိခဲ့သည်ဟု ကရင်နီအမျိုးသားများကာ ကွယ်ရေးတပ်(KNDF ) တပ်ရင်း ၂၈ က အဆိုပါ ​သေနတ် ၂ လက်ရရှိခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီထုတ် MA 11 နှင့် RPG တို့ဖြစ်သည်။

အာဏာသိမ်းစစ်တပ်ကို တိုက်ခိုက်နေသည့် တော် လှန်ရေး ဒေသများတွင်မူ ခြောက်ပေါက် ​(ခေါ်) ထိပ်တုံးများကို စည်းကမ်းဖောက်သည့် ရဲဘော်များကို ယာယီ အပြစ် ပေးသည့်အခါသာ တွေ့ရပြီး သက်မဲ့ လက်နက် ကို ထိပ်တုံးခတ်ထားသည်က အမြင်ဆန်းနေသည်။

စစ်ရှုံးနေသည့် စစ်ကောင်စီ ထံမှ လက်နက်အများအပြားကို တော်လှန်ရေးတပ်များက မကြာခဏ သိမ်းပိုက်ရရှိ​နေကြသည်။ ထို​ကြောင့်စစ်တပ်အတွက် လက်နက် ခဲယမ်း အဓိက ကူညီ​ ​ထောက်ပို့ပေး​နေသူမှာ နိုင်ငံတကာမှ မဟုတ် ဘဲ အာဏာသိမ်း​ခေါင်း​​ဆောင်၏ စစ်တပ်ဟုပင် ​တော်လှန်​ရေးဦး​ဆောင်​နေသူများက ထုတ်​ဖော်​ပြောကြားထားကြသည်။

အထူးသဖြင့် ယခုလပိုင်းအတွင်း လက်နက်အင်အားနည်းသည့် စစ်ကိုင်း၊ မကွေး ၊မန္တ​လေး ၊ပဲခူးတိုင်ထံတွင် စစ်ကောင်စီထုတ်လက်နက်များကို အတွေ့များလာရသည်။

အထူးသဖြင့် ရှမ်းမြောက်တိုက်ပွဲ နှင့် မြေပြန့်စစ် ဆင်ရေးတွင် စစ်ကောင်စီထံမှ ရရှိသည့် လက်နက်များကို ရန်သူလက်နက် ကိုယ့်လက်နက်အဖြစ် အသုံးပြုလာကြခြင်းဖြစ်သည်။ အထင်းရှားဆုံး.ရန်သူ့လက်နက်ကိုယ့်လက်နက်အဖြစ် ထိ​ရောက်စွာအသုံးပြုနိုင်​ကြောင်း အာရက္ခတပ်​တော်(AA)က စစ်တပ်၏ အဓိကတိုင်းစစ်ဌာနချုပ် ဖြစ်​သော အ​နောက်ပိုင်းတိုင်းစစ်ဌာနချုပ်သိမ်းပွဲတွင် စစ်တပ်ထံမှ သံဆည်းရရှိ​သော သံချပ်ကာ ၊​​ဟောင်ဝစ်ဇာအပါအဝင်လက်နက်ကြီးများ ၊ ​လေယာဥ်ပစ်လက်နက်များ ၊စက်လက်များ ၊လက်နက်ငယ်မျိုးစုံကို ကျွမ်းကျင်ပိုင်နိုင်၍ အသုံးပြု၍ သိမ်းပိုက်ခဲ့သည်ကို​တွေ့ရသည်။

သေနတ် ၂ လက်ကို ထိပ်တုံးခတ်စဥ်။ ဓါတ်ပုံ-အာကာ​မောင်​လေးFB

“ကျွန်တော်တို့ကတော့ ရလာတဲ့သေနတ်တွေကိုသေနတ် error ရှိ၊ မရှိ၊ ကျည်ဘောက် error ရှိ၊မရှိ စစ်ပြီးပဲသုံးတယ်”ဟု မကွေးစစ်ဒေသမှ တော်လှန်ရေးရဲဘော် ကိုနွေဦးက လည်း သူ့အ​တွေ့အကြုံကို​ပြောသည်။

ထို့အတူ ဇန်နဝါရီ လ ၇ ရက်နေ့က စစ်ကိုင်းမြို့ပေါ် တိုက်ပွဲ ၌ စစ်ကောင်စီတပ်နှင့် ပျူများထံမှ ရရှိခဲ့သည့် လက် နက်များကို မြေပြင်စစ်ဆင်ရေးတွင် ပြန်လည်အသုံးပြုနေသည်ဟု ဝက်လက်အခြေစိုက် ACID တော်လှန်ရေးအဖွဲ့တာဝန်ရှိသူကိုနဂါးက အသိပေးသည်။

“အပြစ်မရှိတဲ့ပြည်သူတွေနဲ့ ကျနော်တို့ ရဲဘော်တွေကို ပစ်ခဲ့တဲ့ ဂန်း နဲ့ပဲ ဒီ စကစတွေ ပြန်ပစ်ချင်တာပဲ သိတယ်”ဟု သူ၏ခံစားချက်ကို ​ပြောပြသည်။

KNDF ဒုတိယစစ်ဦးစီးချုပ် မာဝီ ကိုယ်တိုင်ပင် တိုက်ပွဲတွင် စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သော လက်နက်များကို အမိန့်ထုတ်သည့်ရုပ်သံမှတ်တမ်းကို လူမှုကွန်ယက်​ပေါ်တွင် တင်ခဲ့ဖူးသည်။

သို့သော် တိုက်ပွဲအတွင်းရရှိသော သေနတ်များကိုပြန်လည်သုံးစွဲမှုနှင့်ပတ်သက်၍ ဒေသအစွဲ ယုံကြည်ရမလွယ်သည့် ဖြစ်စဥ်များရှိကြောင်း ကိုစနေက ၎င်း၏ အတွေ့ အကြုံကို ဝေမျှသည်။

“ရန်သူ့လက်နက်တွေ ပြန်သုံးတဲ့အခါ တိုက်ပွဲမှာ ကျည် ညပ်သွားတာ ရှိတယ်။ကျည်အလိုအလျောက်ထွက်တာ ကြုံဖူးတယ်။အဲဒါကြောင့်နောက်ပိုင်း အမိန့်ပြန်တမ်းလိုမျိုးပေးပြီး ကိုင်ရတယ်”ဟု ဟု ဒီးမော့ဆိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ကိုစနေ က ပြောသည်။

လူသတ် လက်နက် ဖြစ်သည့် သေနတ် ကို အလေး ထားကိုင်တွယ်ခြင်းအပါအဝင် ရန်သူ့ထံမှ သိမ်းဆည်းရရှိသည့် လက်နက်ဆိုလျှင်ပို၍ သတိပြုရကြောင်း၎င်းကဆက်​ပြောသည်။

ယခင်ကလည်းတိုက်ပွဲမှ ​သေနတ်များရလာလျင် ယခုကဲ့သိူ့ထိပ်တုံးခတ်​လေ့ရှိ​ကြောင်း ကိုအာကာ က​ပြောသည်။သို့​သော်ယခင်က ​သေနတ် ထိပ်တုံးခတ်သည့်ဓါတ်ပုံများကို ​လူမှုကွန်ယက်စာမျက်နှာများတွင်တင်​လေ့မရှိဘဲ ယခုမှသာခွင့်ပြု၍ တင်ခြင်းဖြစ်​ကြောင်း ၎င်းကဆက်​ပြောသည်။

“အဲလိုထည့်တာ ဆုံးမတဲ့သ​ဘော ။လူသတ်တော့ သေနတ်က နတ်ကြီးတာလည်းပါတယ်။အဓိကတော့ တိုက်ပွဲမှာ ပြန်သုံးတဲ့အခါ ပိုအဆင်ပြေအောင်ပေါ့”ဟုကိုအာကာကရှင်းပြ​လေသည်။ ။

ဆက်စပ်သတင်းများ

သတင်း

အောင်ဇေယျစစ်ကြောင်းသည် ပြီးခဲ့သည့် ဇွန်လအတွင်းက စစ်ကြောင်းထိုးရှေ့တိုးလာခြင်းမရှိဘဲ အယောင်ပြပုံစံဖြင့်သာ ရမ်းသမ်းပစ်ခတ်မှုပြုလုပ်နေခဲ့သည်။

သတင်း

မနိုဘယ်လ်အေးသည် ၁၉၉၆ ကျောင်းသားလှုပ်ရှားမှုတွင် ပါဝင်ခဲ့‌သောကြောင့် ထောင်ဒဏ်(၄၂)နှစ် ကျခံရဖူးသူ နိုင်ငံရေးအကျဉ်းသူတစ်ဦးဖြစ်သည်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များက စစ်ကောင်စီလက်အောက်ခံ Non CDM များ အလင်းဝင်ရန် တိုက်တွန်းချက်များ ဆက်တိုက်ထုတ်ပြန်နေသည်။

သတင်း

ကောလင်းမြို့၊မီးရထားရပ်ကွက်အတွင်း စစ်ကောင်စီအုပ်စုရောက်ရှိနေစဉ် ဝန်းသိုမြို့နယ်ပြည်သူ့ကာကွယ်‌ရေးအဖွဲ့က နေ့လယ်၂နာရီ ၂၀မိနစ်၌ အနီးကပ်ပစ်ခတ် တိုက်ခိုက်ခြင်းဖြစ်​ကြောင်းသိရသည်။