Connect with us

Hi, what are you looking for?

ဆောင်းပါး

စစ်တပ်ရဲ့ နှလုံးသားကို ခြိမ်း​ခြောက်လိုက်တဲ့ တော်လှန်​ရေးတပ်​တွေရဲ့တန်ပြန်ထိုးစစ်

ဖိုးသား/People’s Spring

အာဏာသိမ်းစစ်တပ်အတွက် စိုးရိမ်ဖွယ်ရာဖြစ်ခဲ့တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက တိုက်ပွဲတွေတိတ်ဆိတ်သွားပြီး​နောက်ပိုင်း တော်လှန်ရေးအဖွဲ့တွေ အပေါ်ကြီးမားတဲ့သက်ရောက်မှု နဲ့ အချိုးအကွေ့ ကာလတစ်ခု​ရောက်ပါတယ်။

အာဏာသိမ်းစစ်တပ်က ရှမ်းပြည်နယ်​မြောက်ပိုင်းမှာတရုတ်အကူအညီနဲ့ အပစ်ရပ်​အောင်လုပ်ပြီး​နောက် ပြုန်းတီးခဲ့တဲ့အင်အားတွေအတွက်စစ်မှုထမ်းတပ်သားသစ်တွေကိုစစ်တပ်ထိန်းချုပ်​ဒေသ​တွေက​နေ ပုံစံအမျိုးမျိုးနဲ့ စုဆောင်းခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ‌တော်လှန်ရေးအမာခံနယ်‌မြေတွေ ဖြစ်တဲ့ မန္တလေး၊စစ်ကိုင်း၊မကွေး၊ ချင်း ၊ကချင် ၊ရခိုင်ပြည်နယ်အစပ်အစရှိတဲ့ ဆုံးရှုံးထားတဲ့ဒေသတွေကိုအာဏာသိမ်းစစ်တပ်က တန်ပြန်ထိုးစစ်ဆင်ပါတယ်။

အထူးသဖြင့် ချင်းပြည်နယ်၊ကချင်ပြည်နယ် နဲ့ ရခိုင်ပြည်နယ်ထဲက နယ်မြေတွေကို ပြန်ထိန်းချုပ်နိုင်ဖို့ရည်ရွယ်ချက်ကိုစစ်တပ်ရဲ့ လက်ရှိအင်အားဖြည့်တင်းမှုတွေကနေတဆင့် မြင်နိုင်ပါတယ်။

Public Service Announcement

Public Service Announcement

ချင်းပြည်နယ်မြောက်ပိုင်းကမြို့တွေပြန်သိမ်းဖို့စစ်ကိုင်းတိုင်းကလေးမြို့ကစစ်တပ်အတွက်အဓိကထောက်ပံ့ရေးလမ်းကြောင်းတစ်ခု ဖြစ်ခဲ့သလို လက်ရှိ တိုက်ပွဲ ပြင်းထန်နေတဲ့ ချင်းပြည်နယ်တောင်ပိုင်းကမြို့တွေအတွက်မကွေးတိုင်းဆောမြို့နယ်က တံခါးပေါက်တခု ဖြစ်ပါတယ်။

တော်လှန်ရေးအဖွဲ့တွေရဲ့စစ်ဘက်ဆိုင်ရာထောက်လှမ်းမှုတွေအရ တစ်လကျော်(မေလ ကနေ ဇွန် ပထမပတ်အထိ)အတွင်းမှာပဲ ဆောမြို့နယ်ထဲကိုစစ်တပ်အင်အား ၂,၀၀၀ ၀န်းကျင်ရောက်လာခဲ့ပါတယ်။

အဲဒီစုပေါင်းစပ်ပေါင်းအင်အားထဲမှာ ရှမ်းအရှေ့နဲ့ မြောက်ပိုင်းအ‌ခြေစိုက်တပ်ရင်း တချို့လည်းပါ၀င်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီထွက် ပြေးလာတဲ့ စစ်တပ်စစ်ကြောင်းထဲက စစ်မှုထမ်းစစ်သားသစ်တွေက ထွက်ဆိုထားပါတယ်။

စစ်တပ်စစ်ကြောင်းရွေ့လျားမှုတွေက ဆိပ်ဖြူမြို့နယ်ထဲက ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၂၁ နဲ့ ၂၂) စက်ရုံတွေကို မန္တလေး၊မိတ္ထီလာ နဲ့ ကျောက်ပန်း တောင်ကတဆင့် ကနဦး အင်အားဖြည့်ခဲ့ပါတယ်။

အဲဒီကနေပြီးပေါက်မြို့နယ်ကပစ ၂၄ နဲ့ လောင်းရှည်မြို့ ကပစ ၂၅ ကို တပ်တွေ ဖြန့်ခွဲခဲ့တာဖြစ်ပါတယ်။ဆောမြို့နယ်၊လောင်းရှည်မြို့က တပ်တွေက ဆောမြို့တွင်းကို၀င်ပြီး ချင်းပြည်နယ်ကန်ပက်လက်မြို့ကို စစ်ကြောင်းထိုးနေပါတယ်။

အလားတူပဲပေါက်မြို့နယ်စစ်ကြောင်းက ပေါက် -ကျောက်ထု လမ်းအတိုင်းဆောမြို့နယ်၊ကျောက်ထုမြို့အခြေစိုက် အမြောက်တပ်အမှတ် ၃၆၈ မှာ စုဖွဲ့ပြီး ချင်းပြည်နယ်မင်းတပ်မြို့ကို ထိုးစစ်ဆင်နေလို့ တိုက်ပွဲပြင်းထန်နေပါတယ်။

ဒါပေမယ့် ထူးခြားတာကစစ်တပ်ရဲ့ အင်အားဖြည့်တင်းမှု ထောက်ပံ့ရေးလမ်းကြောင်း ပြောင်းလဲမှုဖြစ်ပါတယ်။ပြီးခဲ့တဲ့နှစ်ကအထိ ပေါက်မြို့နယ်ကို စစ်တပ်ယာဉ်တန်းတွေပို့ဖို့ပခုက္ကူ-ကမ္မ- ပေါက်လမ်းပိုင်းကိုပဲ စစ်တပ်ကအဓိကသုံးခဲ့ပါတယ်။

ဒါပေမယ့် ၂၀၂၅ ခုနှစ် ဇွန်လက ပခုက္ကူမြို့ကနေ ပေါက် မြို့နယ် ကပစ(၂၄)ကိုသွားခဲ့တဲ့ အစီးရေ ၁၀၀ ကျော်ပါ စစ်ယာဉ်တန်းက မိုင် ၄၀ ကျော်ပဲဝေးတဲ့ပေါက်မြို့ကိုသုံးလ၀န်းကျင်ကြာမှ ရောက်ခဲ့ပါတယ်။

ဒေသခံတော်လှန်ရေးအဖွဲ့တွေရဲ့နယ်မြေစိုးမိုးမှု နဲ့ ခုခံနိုင်စွမ်းကို ပြသတဲ့အခြေအနေတစ်ခုဖြစ်ပြီး အာဏာသိမ်းစစ်တပ်ထောက်ပံ့ပို့​ဆောင်​ရေးစွမ်းဆောင်ရည်ကို တုံ့ဆိုင်း စေခဲ့ပါတယ်။

ဒါကြောင့် သဘာ၀အရံအတားတွေနဲ့ လမ်းမိုင်အကွာအဝေးအားဖြင့် မိုင် ၂၀ နီးပါး ပိုရှည်ပေမယ့် တိုက်ခိုက်မှုနဲ့ အထိအခိုက်နည်းမယ့်ချောက်- ဆိပ်ဖြူ-ပေါက်လမ်းပိုင်းကို ၂၀၂၆ ခုနှစ်ကစပြီး စစ်တပ် အသုံးပြုခဲ့တာလို့ မကွေးတိုင်း စစ်ရေး‌တာ၀န်ရှိသူတချို့ကသုံးသပ်ပါတယ်။

လက်ရှိမှာလည်း ပေါက်မြို့နယ်အတွက် အရေး‌ပါတဲ့ ကုက္ကိုလ်စုပြည်သူ့ စစ်ရွာနဲ့ ရေပြာစခန်းကို တော် လှန်ရေးအဖွဲ့တွေက ဇွန်လ ၂ ရက် နဲ့ ဇွန်လ ၄ ရက်နေ့တွေမှာ ထိုးစစ် ဆင်သိမ်းပိုက်ခဲ့ပါတယ်။

စစ်တပ်စိုးမိုးထားတဲ့ ပေါက်မြို့ကို အနီးကပ်ဆုံး စစ်ရေးခြိမ်းခြောက်မှုဖြစ်လာသလိုပခုက္ကူ – ပေါက်လမ်းပိုင်းကိုပိတ်ဆို့နိုင်မယ့်အခွင့်အရေးတစ်ခုအဖြစ်တော်လှန်ရေးအင်အားစုတွေက ယူဆပါတယ်။

ဒါ့အပြင်ပြီးခဲ့တဲ့​မေလ ၂၃ ရက်က ပေါက်- မြိုင်လမ်းပိုင်းအနီးမှာရှိတဲ့ မြိုင်မြို့နယ်သရက်ကန်ပြည်သူ့စစ်ရွာကိုလည်း​တော်လှန်​ရေးတပ်​တွေကစုပေါင်းထိုးစစ်ဆင် သိမ်းပိုက်နိုင်ခဲ့တာကလည်း စစ်ရေးအရ ဆက်စပ်မှုလို့ ဆိုကြပါတယ်။

ပေါက် မြို့ရဲ့အန္တရာယ်ဟာ ကုက္ကိုလ်စုတိုက်ပွဲဖြစ်တယ်လို့ ပြည်သူ့စစ်ခေါင်းဆောင် ပေါက်ကိုယ်တော်က ၀န်ခံထားပါတယ်။

မကွေးတိုင်းထဲမှာ ပေါက်မြို့နယ်ဟာစစ်တပ် အမာခံပြည်သူ့စစ်ရွာအများဆုံးဖြစ်ပြီး မြို့နဲ့ ၁၀ မိုင်ခန့်အကွာအနောက်ဘက်ခြမ်းမှာ လက်နက်ခဲယမ်းနဲ့ ဗုံးသီးကုန်ကြမ်းတွေ အဓိက ထုတ်လုပ်ပေးတဲ့စက်ရုံ ကပစ ၂၄ ရှိပါတယ်။

ဒါ့အပြင် မကွေးတိုင်းဟာစစ်တပ်ရဲ့ပင်မထောက်တိုင်တွေ ဖြစ်တဲ့ကျည်၊ခဲယမ်း က အစ လေယာဉ်ပစ်ဗုံးသီး တွေ ထုတ်နေတဲ့ ကာကွယ် ရေးပစ္စည်းစက်ရုံတွေ အများစု တည်ရှိနေပါတယ်။

စစ်ရေးအချက်အလက်မှတ်တမ်းတင်စောင့်ကြည့်သူတွေက မကွေးတိုင်းဟာစစ်တပ်ရဲ့ နှလုံးသားနဲ့ စစ်ဗျူဟာအရ စစ်ရဲ့အသက်အိမ်လို့ဆိုပါတယ်။

လက်ရှိ မကွေးတိုင်းအခြေစိုက် ကပစ တွေ နဲ့ တပ်မ တွေ စစ်အင်အားဖြန့်ခွဲထားရချိန်မှာ ပေါက် နဲ့ မြိုင် မှာရှိတဲ့ စစ်အုပ်စုရဲ့စခန်းတွေနဲ့ နယ်မြေတွေကို ​တော်လှန်​ရေးတပ်​တွေကထိုးစစ်ဆင် သိမ်းပိုက်ခဲ့တာဟာ ‌ဒေသတွင်း တော်လှန်ရေးအင်အားစုတွေရဲ့ ကြိုတင် ပြင်ဆင်မှု၊စည်းလုံးမှု၊တိုက်စွမ်းရည် နဲ့ ချိန်သားကိုက် စစ်ရေးလှုပ်ရှားမှု ဖြစ်ပါတယ်။

ဒါ့အပြင်မကွေးတိုင်း မင်းတုန်း နဲ့ နတ်မောက် မြို့နယ်ကတိုက်ပွဲတွေမှာလည်း စစ်တပ်ဘက်က သေဆုံးထိခိုက်မှုတွေများခဲ့ပါတယ်။ ဗိုလ်မှူး၊ဗိုလ်ကြီး အဆင့်ရှိသူတွေ အပါအ၀င် စစ်သုံ့ပန်း ၂၀ ၀န်းကျင်ကို ဇွန်လဆန်းပိုင်းမှာ ​တော်လှန်​ရေးတပ်​တွေကဖမ်းဆီးနိုင်ခဲ့ပါတယ်။

အလားတူ မင်းဘူး-အမ်းလမ်းပိုင်းမှာစစ်တပ်ရဲ့ထောက်ပို့ယာဥ်တစ်စီးကို စစ်တပ်ထိန်းချုပ်နယ်​မြေအတွင်းဝင်​ရောက်ပြီး မေလ ၂၈ရက်မှာမင်းဘူးမြို့နယ် ပကဖ၊ CDF-Asho၊ NSA လူ့ဘောင်သစ်တပ်မတော်တို့ကတိုက်ခိုက်ခဲ့တာမှာစစ်သား (၆) ဦး သေဆုံး၊ (၃) ဦး ဖမ်းမိပြီး လက်နက်ခဲယမ်း​တွေ သိမ်းဆည်းရရှိခဲ့တာပါတယ်။စစ်တပ်ရဲ့ထောက်ပို့ယာဥ်ကိုပါ တော်လှန်​ရေးတပ်​တွေကဖျက်ဆီးနိုင်ခဲ့ပါတယ်။ အခုစစ်ဆင်ရေးဟာ စစ်တပ် စိုးမိုးနယ်မြေအတွင်း ရန်သူ့တပ်အနီးမှာ လုပ်ခဲ့တာ ဖြစ်ကြောင်း NUG ကာကွယ်ရေးက ထုတ်ပြန်ပါတယ်။ ဒါဟာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နဲ့ ပူးပေါင်းတပ်ဖွဲ့များရဲ့ တိုက်ခိုက်ရေး စွမ်းရည်ကို ပြသနိုင်ခဲ့ခြင်းဖြစ်တယ်လို့ ဖော်ပြပါတယ်။

အခုစစ်ဆင်​ရေး​တွေဟာထုနဲ့တိုးနေတဲ့ စစ်တပ်အင်အားတွေကို ဖြိုခွဲဖို့ နဲ့ စစ်အောင်နိုင်ရေးအတွက်ရုပ်လုံးပေါ်လာ တဲ့ ငါးနှစ်သားတော်လှန်ရေးအဖွဲ့တွေရဲ့ပြည်သူ့စစ်မဟာ ဗျူဟာဖြစ်တယ်လို့ စစ်ရေးလေ့လာသူတွေက သုံးသပ်ပါတယ်။

“အရှိန်အဟုန်နဲ့သွားရမယ့်အခြေအနေက ဒီကြားထဲမှာတန့်သွားသလိုဖြစ်နေခဲ့ပေမယ့် ကျွန်တော်တို့ရဲ့ တန်ပြန်ထိုးစစ်ဆင်မှုတွေ ကို စောင့်ကြည့်ရပါတော့မယ်”လို့မကွေးတိုင်းက တော်လှန်ရေးရဲဘော်တစ်ဦးက ဆိုလိုက်ပါတယ်။ ။

(မ​ကွေးတိုင်းအတွင်း ​မေလ နဲ့ ဇွန်လဆန်းတိုက်ပွဲ​တွေမှာစစ်တပ်ထံကသိမ်းဆည်းရရှိတဲ့လက်နက်ခဲယမ်း​တွေ ၊ စစ်သုံ့ပန်း​တွေနဲ့တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေ )

ဆက်စပ်သတင်းများ

သတင်း

လူမျိုးတုံးသတ်ဖြတ်တဲ့ နိုင်ငံတကာစစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ စစ်တပ်ကို လက်နက်အပါအဝင် နိုင်ငံခြားဝင်ငွေ ရရှိအောင် လုပ်ဆောင်ပေးနေတဲ့ တရုတ်နိုင်ငံရဲ့ လုပ်ရပ်တွေကို ရှုတ်ချကြောင်း နဲ့ စစ်တပ်ကို ကူညီပေးမှုတွေကို ရပ်တန့်ဖို့ Justice For Myanmar-JFM ကတောင်းဆိုလိုက်ပါတယ်။

သတင်း

မြန်မာနိုင်ငံအတွင်းရှိတရုတ်လုပ်ငန်းများနဲ့ ဝန်ထမ်းများရဲ့ လုံခြုံရေးကို အထူးအလေးထားပြီး အစွမ်းကုန် အာမခံချက် ပေးသွားမယ်လို့ အာဏာသိမ်းစစ််ခေါင်းဆောင်းမင်းအောင်လှိုင်က တရုတ်သမ္မတကို ကတိပြုပါတယ်။

သတင်း

မိခင်ဖြစ်သူသေဆုံးပြီး သား၊သမီး ၂ဦးဒဏ်ရာရ

သတင်း

တရုတ်ဟာ အိမ်နီးချင်းသံတမန်ဆက်ဆံရေးမှာ မြန်မာကို ဦးစားပေးအဆင့်ထားရှိကြောင်း သမ္မတရှီကျင့်ဖျင်က ဒီနေ့ ဇွန်လ ၁၆ရက်မှာ ပြောကြားပါတယ်။