Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

“ဆပ်ပြာသည်လင်ပျောက်ကြင်စိုးနှင့်တော်လှန်ရေးစိုးမိုးနယ်မြေများ”

မတရား အာဏာလုယူခဲ့သော အကြမ်းဖက်စစွ​ကောင်စီ သည် ရွှေရည်စိမ်ဒီမိုကရေစီခေတ်ကို (၁၀)နှစ်ကြာဖြတ်သန်းခဲ့သည့် ပြည်သူလူထုကို “ငါတို့ကြောက်အောင်ဖြဲခြောက်လျင်၊ဒီကောင်တွေငြိမ်သွားမှာပဲ”ဟု ခပ်ညံ့ညံ့တွေးတောကာ လျှော့တွက်ခဲ့ကြလေသည်။

(ဝစီပိတ်ဆရာ​တော်နှင့် ယတြာ​ချေခြင်းကို အားထား​နေကြ​သော အာဏာသိမ်း​ခေါင်း​ဆောင် လင်မယား ။ဓါတ်ပုံ-CJ)

အကိုကြီးညီ

မတရား အာဏာလုယူခဲ့သော အကြမ်းဖက်စစွ​ကောင်စီ သည် ရွှေရည်စိမ်ဒီမိုကရေစီခေတ်ကို (၁၀)နှစ်ကြာဖြတ်သန်းခဲ့သည့် ပြည်သူလူထုကို “ငါတို့ကြောက်အောင်ဖြဲခြောက်လျင်၊ဒီကောင်တွေငြိမ်သွားမှာပဲ”ဟု ခပ်ညံ့ညံ့တွေးတောကာ လျှော့တွက်ခဲ့ကြလေသည်။ နည်းပညာခေတ်တွင်ပေါက်ဖွားလာကြသောGeneration Zကို မထီမဲ့မြင့်ပြုကာရန်သူကဲ့သို့ သဘောထားယုံမက တိုင်းရင်းသားပြည်သူများ၊EAOsများကိုလည်း NCAလေးပြ၊ဖွံ့ဖြိုးလေးအနည်းငယ်လုပ်ပြရုံနှင့် ငြိမ်ဝပ်သွားမည့် “ငစနူများ”ဟု သဘောပိုက်ကာ အာဏာကိုပြည်သူမကြည်ဖြူသည့်ကြားမှ ဇွတ်အတင်းသိမ်းပိုက်ခဲ့ကြလေသည်။

ယခုအခြေအနေတွင် အာဏသိမ်း​ခေါင်း​ဆောင်မင်းအောင်လှိုင်နှင့် အကြမ်းဖက်စစ်​ကောင်စီသည် စီးပွါးရေး၊လူမှုရေး၊ပညာ​ရေး၊ကျန်းမာ​​ရေး​စောင့်​ရှောက်မှုစ​သောကဏ္ဍ​ပေါင်းစုံတွင် အဘက်ဘက်မှ အောက်သို့ထိုးဆင်းနေယုံမက နိုင်ငံတကာ ဖိအားလည်း တနေ့ထက်တနေ့ကြီးမားလာ​နေသည်။ထို့အပြင် ၎င်းတို့အာဏာမ သက်ရောက်တော့သည့်နယ်မြေများ တဖြည်းဖြည်း များပြားလာလျက် “ဆပ်ပြာသည်လင်ပျောက်” အခြေအနေရောက်နေပြီဖြစ်သည်။

၎င်းတို့ပိုင်မီဒီယာများ၊ငွေကြေးနှင့်အခွင့်အရေးရနေသော ဘောမများ၊နိုင်ငံရေးပုံပျက်များ၏ ​ဖေစ်ဘွခ်လူမှုကွန်ယက်စာမျက်နှာများ၊တယ်လီဂရမ်ချန်နယ်များမှမတ်လ(၂၇)ရက်
မတိုင်မီ စစ်ကိုင်းကိုအပြီးချေမည်၊ကရင်နီ(ကယား)ပြည်ကိုအပြီးသိမ်းမည်၊ကရင်၊ချင်း၊ရခိုင်၊ရန်ကုန်၊မကွေး၊မန္တလေး၊တနင်္သာရီကို မလှုပ်နိုင်အပြီးလုပ်မည်ဟု မဟုတ်မဟတ်ကြုံးဝါး ဝါဒဖြန့်နေရသည့် အခြေအနေရောက်နေပြီဖြစ်သည်။

Public Service Announcement

Public Service Announcement

ကကပြည်၊ကကကြည်းနှင့်စရခရုံးများမှ ဗိုလ်ချုပ်ထွန်းထွန်းညီ၊ရဲဝင်းဦး၊မောင်မောင်အေး၊ငွေထွန်း၊ဝဏ္ဏဖေသော်၊မိုးဟိန်းတို့ကြိုတင်ဇာတ်တိုက်ထားသည့် အတိုင်းတော်လှန်ရေးအင်အားစုများအခြေအနေ မဟန်တော့သယောင်၊ဖမ်းဆီးရမိသယောင်၊အလင်းဝင်လာနေကြသယောင် လုပ်ကြံဇာတ်လမ်းဇာတ်ကွက်များဖန်တီးလျက် စိတ်ဓာတ်စစ်ဆင်ရေးနှင့်ဝါဒဖြန့်ချီရေးကို ယခင်နည်းဟောင်းများအတိုင်း လုပ်ကိုင်ဆောင်ရွက်နေရလေသည်။

လက်တွေ့တွင်မူ တပ်တွင်းမညီညွတ်မှုများ၊နေရာလုမှုများ၊အရာရှိကြီးများ၏သားသမီးများမှစီးပွားရေးစားခွက်လုမှုများ၊တပ်ပြေးများ၊တပ်တွင်းဖရဲသီးများ၊ပြည်သူ့ရင်ခွင်ခိုလှုံသည့်CDMများ တနေ့တခြားများပြားလျက်ရှိပြီး အင်အားများအဆမတန် ပြုန်းတီးလျက်ရှိ​နေသည်။ထို့အပြင်တော်လှန်ရေးအင်အားစုများ တစတစ ကြီးထွားလာကာ တိုင်းနှင့်ပြည်နယ်အလိုက် တော်လှန်ရေးစိုးမိုးနယ်မြေများ အများအပြားပေါ်ပေါက်လာနေပြီဖြစ်သည်။

ယခုလက်ရှိ ကရင်နီ(ကယား)ပြည်နယ်တွင် နွေဦးတော်လှန်ရေး အင်အားစုများမှ ရာခိုင်နှုန်းတော်တော်များများ နယ်မြေစတင်ထိန်းချုပ်လာနိုင်ပြီဖြစ်သည်။ စစ်​ကောင်စီဘက်မှ ကရင်နီပြည်နယ်နှင့်အခြားဒေသများသို့စစ်ဆင်ရေးလွှတ်တိုင်းလည်း ရဲဘော်အရာရှိများ မကြာခနထွက်ပြေးနေကြပြီး ဇန်နဝါရီ ၂၀ ( ၂၀-၁-၂၀၂၂ )တွင်မူသဲ(ကျောက်ကြီး)သို့သွားရောက်နေသောရွေကျင်​ခေလျင်တပ်ရင်း-ခလရ(၅၇)မှရဲဘော်(၁၂)ဦး လက်နက်ဖြင့် ထွက်ပြေးသွားကြောင်းသတင်းရရှိသည်။

လွိုင်ကော်တွင် အရပ်ဘက်အုပ်ချုပ်ရေး ဌာနများ အားလုံး တောင်ကြီးမြို့သို့ပြောင်းရွှေ့နေရပြီး လွိုင်ကော်ဆေးရုံကြီးတွင် လူနာများ ဆက်လက်လက်ခံခြင်းမပြုရန် ညွှန်ကြားထားကြောင်းလည်း သိရှိရပါသည်။ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်)မှ ဒကစမှူးဗိုလ်မှူးချုပ်ထွန်းနိုင်ဦး ကိုလည်း ဖြုတ်ချပြီး ရခိုင်ပြည်နယ်စစ်ဆင်ရေးတွင်တာဝန်ကျနေသော ဗိုလ်မှူးချုပ် တစ်ဦးအား ပြောင်းလွှဲခန့်ထားလိုက်လေသည်။

ဒကစ(လွိုင်ကော်)ဌာနချုပ်တွင် ဒဏ်ရာရစစ်သည် ၁၀၀ကျော်ရှိကြောင်းလည်းသိရှိရပါသည်။လွိုင်ကော်တွင် စစ်ဆင်ရေးဝင်နေသော တပ်များဖြစ်ကြသည့်တပ်မ(၆၆)၊ ရပခ၊ ကခ(၆)လက်အောက်ခံ တပ်ရင်းများအားလုံးစိတ်ဓာတ်ပျက်ပြားကာ စစ်​ကောင်စီအနေနှင့်အမှန်တကယ်တပ်ပျက်ပြီဆိုတဲ့ အနေအထားမျိုးရင်ဆိုင်ကြုံတွေ့နေရပါသည်။

သို့​သော်တော်လှန်ရေးအင်အားစုများ အနေဖြင့် မာယာများလှသော အကြမ်းဖက်စစ်​ကောင်စီ ကိုသတိကြီးစွာစောင့်ကြည့်ဖို့လိုအပ်ပါသည်။စစ်​​ကောင်စီအနေနှင့် လေကြောင်းပစ်ကူ ၊လက်နက်ကြီးပစ်ကူများ အဓိကအသုံးပြုရန်စီမံချက်များရေးဆွဲနေကြောင်းအတွင်းသတင်းပေးပို့ချက်အရသိရှိရပါသည်။ထို့အပြင် တပ်တွင်းသတင်းများကိုဖုံးကွယ်ထားကြပြီး တော်လှန်ရေးအင်အားစုများအတွင်း သပ်လျှို သွေးခွဲမှုများ၊စိတ်ဓာတ်စစ်ဆင်ရေးနှင့်မဟုတ်တမ်းတရား ဝါဒဖြန့်ချီမှုများ၊searching fireပြုလုပ်ခြင်းများကိုစစ်​ကောင်စီကအဆက်မပြတ်ပြုလုပ်နေကြလေသည်။

အကြမ်းဖက်စစ်​ကောင်စီ၏ ခြေလှမ်းများကိုတော်လှန်ရေးအင်အားစုများသိရှိထားရန် လိုအပ်ပြီး တန်ပြန်စိတ်ဓာတ်စစ်ဆင်ရေး၊တန်ပြန်ထောက်လှမ်းရေးများကိုပြန်လည်တုံ့ပြန်ဆောင်ရွက်သင့်ပေသည်။အတွင်းသတင်းများအရမင်း​အောင်လှိုင်က လူသစ်များကိုရာထူးတိုးနေရာပေးသော်လည်း ထပ်မံခန့်အပ်သော အရာရှိကြီးများမှာအာဏာလု​ခေါင်း​ဆောင်အတွက် မယုံကြည်ရသော အခြေအနေများဖြစ်ပေါ်ကြောင်းကြားသိရသည်။တပ်ပျက်နေသောစစ်​ကောင်စီအနေဖြင့် မြန်မာပြည်တဝန်းရှိရိုးသားသော တိုင်းရင်းသားလူမျိုးများစွာကို အကြောင်းမဲ့ နယ်မြေလုကာ လေယာဉ်လက်နက်ကြီးများ အသုံးပြုလျက်“မတရားသောစစ်ပွဲ”ကိုဆင်နွှဲနေခြင်းကြောင့် တော်လှန်ရေးအင်အားစုများ၏ “တရားသောစစ်”သာလျှင် နောက်ဆုံးတွင် မုချအောင်မြင်မည်ဟုယုံကြည်ပါသည်။စိတ်ဓာတ်ရိုးသားကြံ့ခိုင်၍စုစည်းညီညွတ်စွာဖြင့် စစ်အာဏာရှင်စနစ်ကိုအရှိန်မြှင့်၍ ဘက်ပေါင်းစုံမှခုခံတွန်းလှန်တိုက်ထုတ်ကြပါ။​

အောင်ပွဲက မ​​ဝေး​တော့ပါ။

ဆက်စပ်သတင်းများ

သတင်း

RPG တစ်လက်နှင့် RPG ဗုံးသီး ငါးခုကို ကျပ် သိန်း ၆၀ခန့်သာ ကုန်ကျခဲ့ကြောင်း၊ လိုအပ်ချက် အနည်းအငယ်ရှိသော်လည်း စစ်မြေပြင်၌ အဆင်ပြေစွာ အသုံးပြုနေကြောင်း ADPRA၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သတင်း

ဇန်နဝါရီ ၃၀ ရက်ကလည်း လောင်းလုံး PDF နှင့် ပူးပေါင်းအဖွဲ့များမှ မောင်းမကန်ရဲစခန်းအား ၄၀ မမ ခြောက်လုံး၊ ၇၉ ဗုံးသီး ၄၂ လုံးအသုံးပြုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ နှစ်ဦးပြင်းထန်ဒဏ်ရာ ရရှိခဲ့သေးသည်။

သတင်း

စစ်ကောင်စီက ဆီဆိုင်မြို့ပေါ်သို့ လေယာဉ်နှစ်ကြိမ်ပျံဝဲခဲ့ပြီး ဒေသခံများအားလုံး မြို့မှ တိမ်းရှောင်ထွက်ပြေးခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

သတင်း

စစ်ကောင်စီတပ်သားအနေဖြင့် ပြည်သူနှင့်ပူးပေါင်းကြရန်တိုက်တွန်းပြီး တိုက်ပွဲမခင်အချိန်ထိ ပြည်သူရင်ခွင်ခိုလှုံခွင့်ပြုထားဟု လည်း၎င်းကဆက်​ပြောသည်။