Connect with us

Hi, what are you looking for?

သတင်း

ကလေး-သိုင်းငင်းလမ်းကို တော်လှန်ရေးအဖွဲ့များက ပြန်ဖွင့်လှစ်ပေးသော်လည်းစစ်တပ်ကသွားခွင့်မပြု

စစ်ကောင်စီတပ်သားအနေဖြင့် ပြည်သူနှင့်ပူးပေါင်းကြရန်တိုက်တွန်းပြီး တိုက်ပွဲမခင်အချိန်ထိ ပြည်သူရင်ခွင်ခိုလှုံခွင့်ပြုထားဟု လည်း၎င်းကဆက်​ပြောသည်။

(က​လေး-သိုင်းငင်းလမ်းပိုင်းတစ်​နေရာ။ဓါတ်ပုံ-Taingen)
(က​လေး-သိုင်းငင်းလမ်းပိုင်းတစ်​နေရာ။ဓါတ်ပုံ-Taingen)

▪︎စစ်​ကောင်စီ၏ ခိုင်ကမ်းရဲစခန်းကို​တော်လှန်​ရေးအဖွဲ့များတိုက်​တော့မည်ဖြစ်၍ ပြည်သူများ​​ဘေးလွတ်ရာ​ရှောင်ရန် CDF-CDM (စီးယင်း)​​ပြော

ကလေးမြို့မှ ချင်းတောင်ကို တက်သည့် ကလေး-သိုင်းငင်းလမ်းကို​တော်လှန်​ရေးအဖွဲ့များက ပြန်ဖွင့်​ပေးလိုက်​သော်လည်း စစ်ကောင်စီက အသုံးပြုခွင့်မပေးကြောင်း ဒေသခံများကပြောသည်။

အဆိုပါလမ်းကိုချင်းကာကွယ်ရေးတပ်များက နှစ်လကြာပိတ်ထားပြီးနောက် ဇန်နဝါရီ ၂၂ ရက်တွင် ပြန်လည်ဖွင့်လှစ်အသုံးပြုခွင့်ပေးခဲ့သည်။သို့သော်လည်း စစ်ကောင်စီက ချင်းတောင်ပေါ်တက်သည့် လမ်းကို ဆက်လက်ပိတ်ထားဆဲဖြစ်သည်ဟု ဒေသခံများကပြောသည်။

“သိုင်းငင်းလမ်းမှာ စကစတပ်တွေမရှိတော့ပါဘူး။ သိုင်းငင်းစခန်းက အသက်ရှင်လျက်ထွက်ပြေးတဲ့ နှစ်ယောက်တော့ ကိုးမိုင်ရဲစခန်းရောက်သွားပါတယ်”CDF-CDM (စီးယင်း)ပြောရေးဆိုခွင့်ရှိသူ ကိုလျန်ဘွဲ့ကပြောသည်။

Public Service Announcement

Public Service Announcement

ကလေးမြို့မှ ချင်းတောင်ပေါ်တက်မည့်သူများကို စစ်ကောင်စီတပ် ကိုးမိုင်ဂိတ်မှစ၍ တားဆီး​နေခြင်းဖြစ်သည်ဟု ကလေးမြို့ခံတစ်ဦးကပြောသည်။

“ကိုးမိုင်စခန်းကို တိုက်မယ်လို့ ကာကွယ်ရေးတပ်တွေက သတိပေးထားတော့ သူတို့ကသတင်းပေါက်မှာကြောက်ပြီး ပြည်သူတွေကို သွားခွင့်မပေးထားတာပါ”ဟု ၎င်းကဆက်​ပြောသည်။

ကလေးမြို့နှင့်ချင်းတောင်ကြားရှိ ခိုင်ကမ်းရဲစခန်းကို ချင်းတော်လှန်ရေးတပ်များက မကြာခင်တိုက်ခိုက်တော့မည်ဖြစ်၍ ဒေသခံများကို ဘေးလွတ်ရာရွှေ့ထားကြရန် CDF-CDM (စီးယင်း)မှ ပြောရေးဆိုခွင့်ရှိသူ ကိုလျန်ဘွဲ့ကပြောသည်။

“ဘယ်ချိန်နောက်ဆုံးဆိုတာ သတ်မှတ်ထားတာတော့ မရှိဘူး။ တိုက်ဖို့ ကြာတော့ မကြာလောက်ဘူးလို့ပဲ ပြောလို့ရပါမယ်”ဟု ကိုလျန်ဘွဲ့က People’s Spring သို့ပြောသည်။

စစ်ကောင်စီတပ်သားအနေဖြင့် ပြည်သူနှင့်ပူးပေါင်းကြရန်တိုက်တွန်းပြီး တိုက်ပွဲမခင်အချိန်ထိ ပြည်သူရင်ခွင်ခိုလှုံခွင့်ပြုထားဟု လည်း၎င်းကဆက်​ပြောသည်။

ကလေး-သိုင်းငင်းလမ်းသည် ကလေးမြို့မှ တီးတိန်မြို့နှင့် ဖလမ်းမြို့တို့ကို ဆက်သွယ်သည့် အဓိကလမ်းမကြီးဖြစ်သည်။ထိုလမ်းမပေါ်ရှိသိုင်းငင်းစစ်ကောင်စီစခန်းကို ဇန်နဝါရီ ၁၆ ရက်တွင် ချင်းတော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

ဆောင်းပါး

ထိုင်းနိုင်ငံမှာ မိသားစုအတွက် နှစ်ပေါင်းများစွာ ပင်ပန်းဆင်းရဲခံ၊အလုပ်ကြိုးစားပြီးနောက် နေရပ်ဌာနီက မိဘနှစ်ပါးဆီ ပြန်လာခဲ့တဲ့ ကိုအောင်ငြိမ်းချမ်းတစ်ယောက် ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးကားကွင်းထဲ ခြေချမိချိန်မှာတော့ သူ့ဘဝရဲ့ အမှောင်မိုက်ဆုံး နေ့ရက်တွေ စတင်ခဲ့ပါတယ်။

သတင်း

ပြည်သူ ၂၀ နီးပါးဒဏ်ရာရ၊ သေဆုံးသူ ထပ်တိုးနိုင်ဟုဆို

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေ ဖြစ်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(KPDF) တပ်ဖွဲ့တွေရဲ့ ဝတ်စုံတွေ နဲ့ သတင်းရယူစုံစမ်းတာ၊ ပုံမှားရိုက်တာတွေ လုပ်ဆောင်နေကြောင်း ရွှေကူ KPDFက ဒီကနေ့ ထုတ်ပြန် သတိပေးပါတယ်။