Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဆီဆိုင်ရဲစခန်းကို တော်လှန်ရေးတပ် သိမ်းပိုက်ထားဟုဆို

စစ်ကောင်စီက ဆီဆိုင်မြို့ပေါ်သို့ လေယာဉ်နှစ်ကြိမ်ပျံဝဲခဲ့ပြီး ဒေသခံများအားလုံး မြို့မှ တိမ်းရှောင်ထွက်ပြေးခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

(ဆီဆိုင်မြို့တိုက်ပွဲအခြေအနေကြောင့် ဒေသခံများမြို့စွန့်ခွာသွား၍ လူသူရှင်းလင်းနေသည်ကို ယနေ့တွေ့ရစဉ်။ ဓာတ်ပုံ - SAN AUNG/FB)
(ဆီဆိုင်မြို့တိုက်ပွဲအခြေအနေကြောင့် ဒေသခံများမြို့စွန့်ခွာသွား၍ လူသူရှင်းလင်းနေသည်ကို ယနေ့တွေ့ရစဉ်။ ဓာတ်ပုံ - SAN AUNG/FB)

▪️လုံခြုံမှုအားနည်းနေသည့် ပအိုဝ်းဒေသအား လူဆိုး၊ သူခိုး၊ ဓားပြဘေးရန်မှ ကာကွယ်ရန် လုံခြုံရေးလှုပ်ရှားမှုလုပ်ဆောင်နေဟု PNLA အသိပေး

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့ ရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့က သိမ်းပိုက်ရရှိထားကြောင်း ပအိုဝ်းသတင်းရင်းမြစ်နှင့် ပအိုဝ်း ဒေသခံအချို့က ပြောသည်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် /ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLO/PNLA) နှင့် စစ်ကောင်စီ လက်အောက်ခံပအိုဝ်းပြည်သူ့စစ်(PNO/PNA) တို့အကြား စစ်ရေးတင်းမာနေသည့် အခြေအနေတွင် ဆီဆိုင်တွင် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခြင်း၊ စစ်ကောင်စီနှင့် PNO တပ်စခန်း၊ ဂိတ်စခန်းအချို့စွန့်ခွာခြင်းတို့ဖြစ်ခဲ့ပြီးနောက် ယနေ့တွင် ဆီဆိုင်ရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

(ဆီဆိုင်မြို့တိုက်ပွဲအခြေအနေကြောင့် ဒေသခံများမြို့စွန့်ခွာသွား၍ လူသူရှင်းလင်းနေသည်ကို ယနေ့တွေ့ရစဉ်။ ဓာတ်ပုံ - SAN AUNG/FB)
(ဆီဆိုင်မြို့တိုက်ပွဲအခြေအနေကြောင့် ဒေသခံများမြို့စွန့်ခွာသွား၍ လူသူရှင်းလင်းနေသည်ကို ယနေ့တွေ့ရစဉ်။ ဓာတ်ပုံ – SAN AUNG/FB)

“ဆီဆိုင်ဘက်မှာ စစ်တပ်(စစ်ကောင်စီ)နေရာမှာ PNO တွေကို နေရာထားတာ။ PNOကလည်း ခံမတိုက်ဘဲ သူတို့လည်း ဆုတ်သွားတာပေါ့ ။ ကျနော်တို့ သိရသလောက်တော့ ဆီဆိုင်ရဲစခန်းတို့ ဘာတို့တော့ သိမ်းထားပြီ”ဟု စစ်ဘက်ရေးရာနှင့်နီးစပ်သည့် ပအိုဝ်းသတင်းရင်းမြစ်က ယနေ့ ညနေပိုင်း၌ ပြောပြသည်။

Public Service Announcement

Public Service Announcement

ပအိုဝ်းဒေသခံ တစ်ဦးကလည်း”ရဲစခန်းတော့ သိမ်းပြီးပြီလို့ ကြားတယ်။ အခုက စစ်တပ်စခန်းကပစ်နေတုန်းတဲ့”ဟု ပြောသည်။

ပအိုဝ်းဒေသအခြေစိုက် The People’s Voice-ခမ်းသာငေါဝ်း သတင်းဌာနက ဆီဆိုင်ဒေသ အခြေအနေကို ဖော်ပြထားရာ စစ်ကောင်စီ၊ PNO ပြည်သူ့စစ်ပူးပေါင်းတပ်နှင့် PNLO/PNLA ပူးပေါင်းတပ်များအကြား စစ်ရေးတင်းမာနေပြီး စစ်ကောင်စီက ဆီဆိုင်မြို့ပေါ် လေကြောင်ပျံသန်းနေကြောင်း၊ ဒေသခံ ပြည်သူများလည်း စစ်ဘေးရှောင်နေကြရကြောင်း အသိပေးထားသည်။

စစ်ကောင်စီက ဆီဆိုင်မြို့ပေါ်သို့ လေယာဉ်နှစ်ကြိမ်ပျံဝဲခဲ့ပြီး ဒေသခံများအားလုံး မြို့မှ တိမ်းရှောင်ထွက်ပြေးခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ထို့ပြင် ဇန်နဝါရီ ၂၂ရက်ကလည်း စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ ဆီဆိုင်မြို့နယ် နောင်ထောဝ်ကျေးရွာကို လေကြောင်း တိုက်ခိုက်ခဲ့ရာ စစ်ရှောင်နှစ်ဦးထိခိုက်ခဲ့ဟု PNLO တာဝန်ရှိသူက အတည်ပြုထားသည်။

ထိုသို့ လေကြောင်းတိုက်ခိုက်ပြီးနောက် နောင်ထောဝ်ရှိ စစ်ကောင်စီနှင့် PNO တပ်စခန်း ၂ခု၊ ဂိတ်စခန်း ၂ခု တိုက်ပွဲမဖြစ်ဘဲ ဆုတ်ခွာသွားသည်ဟု PNLO တာဝန်ရှိသူက ပြောထားသည်။

(ဆီဆိုင်မြို့တိုက်ပွဲအခြေအနေကြောင့် ဒေသခံများမြို့စွန့်ခွာသွား၍ လူသူရှင်းလင်းနေသည်ကို ယနေ့တွေ့ရစဉ်။ ဓာတ်ပုံ - SAN AUNG/FB)
(ဆီဆိုင်မြို့တိုက်ပွဲအခြေအနေကြောင့် ဒေသခံများမြို့စွန့်ခွာသွား၍ လူသူရှင်းလင်းနေသည်ကို ယနေ့တွေ့ရစဉ်။ ဓာတ်ပုံ – SAN AUNG/FB)

ဇန်နဝါရီ ၂၀ရက်က PNLO တပ်ဖွဲ့က လက်နက်ခဲယမ်းများ သယ်ဆောင်လာစဉ် ဟိုပုံးမြို့နယ် စံဖူးရွာအနီး စစ်ကောင်စီနှင့် PNO တပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်အပြီးတွင် စစ်ကောင်စီတပ်များ ဆုတ်ခွာသွားခြင်း၊ ဆီဆိုင်ကို လေကြောင်းမှ ခြိမ်းခြောက်ခြင်း၊ ဆီဆိုင်ရဲစခန်း ကျရှုံးခြင်းဖြစ်စဉ်များ ဆက်တိုက်ဖြစ်ခဲ့သည်။

(ဆီဆိုင်မြို့တိုက်ပွဲအခြေအနေကြောင့် ဒေသခံများမြို့စွန့်ခွာသွား၍ လူသူရှင်းလင်းနေသည်ကို ယနေ့တွေ့ရစဉ်။ ဓာတ်ပုံ - SAN AUNG/FB)
(ဆီဆိုင်မြို့တိုက်ပွဲအခြေအနေကြောင့် ဒေသခံများမြို့စွန့်ခွာသွား၍ လူသူရှင်းလင်းနေသည်ကို ယနေ့တွေ့ရစဉ်။ ဓာတ်ပုံ – SAN AUNG/FB)

လတ်တလောအခြေအနေများနှင့်ပတ်သက်ပြီး PNLAက ယနေ့ (ဇန်နဝါရီ ၂၄ရက်)တွင် ပြည်သူသို့ အသိပေးချက်ထုတ်ပြန်ခဲ့ရာ PNLO/PNLAသည် ပအိုဝ်းဒေသအတွင်းရှိ ပအိုဝ်းလူမျိုးများနှင့် အခြားညီနောင် တိုင်းရင်းသားပြည်သူများအားလုံးကို လွတ်လပ်လုံခြုံစွာ သွားလာနေထိုင်နိုင်ရန် ကာကွယ်ပေးရမည့် တာဝန်ရှိသည့် တပ်မတော်ဖြစ်၍ ယခုလက်ရှိကာလတွင် လုံခြုံမှုအားနည်းနေသည့် ပအိုဝ်းဒေသအား လူဆိုး၊သူခိုး ၊ဓားပြ ဘေးရန်မှ ကာကွယ်ရန်အတွက် လုံခြုံရေးလှုပ်ရှားမှုကို PNLAက ဆောင်ရွက်ရခြင်းဖြစ်ဟု ဖော်ပြသည်။

ထို့ကြောင့် PNLAအနေဖြင့် ဒေသတွင်းရှိ မိမိတို့ပြည်သူများ အေးချမ်းသာယာစွာသွားလာနေထိုင်နိုင်ရေးအတွက် လုံခြုံရေးလှုပ်ရှားခြင်းသာဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်ကောင်စီက လက်နက်ကြီးများ ဒရုန်းများဖြင့် အဆမတန်ပစ်ခတ်ခြင်းကြောင့် ပြည်သူများ၏ အိုးအိမ်များလည်း ပျက်စီးနေရသည်ဟု PNLAက ထုတ်ပြန်သည်။

သတင်း

ဆီဆိုင်မြို့ကို PNLAက သိမ်းပိုက်ထိန်းချုပ်ထားသည့် အခြေအနေတွင် စစ်ကောင်စီက မြို့ကို ပြန်ဝင်ရောက်နေရာယူရန် ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

သတင်း

အဝေး က သဘောထား ကြေညာခဲ့ရာ ယင်းကြေညာမှု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO/PNLA)၏ သဘောထား မပါဝင်ကြောင်း PNLO ဥက္ကဋ္ဌ ခွန်သူရိန်က ပြောကြားလိုက်သည်။