Connect with us

Hi, what are you looking for?

LuduNwayOo

အတွေးအမြင်

လမ်းမကြီး​တွေကတစ်ဆင့် ပြည်သူ​တွေ​ပေးတဲ့ အကျယ်​လောင်ဆုံးအသံ

ပြည်သူ​တွေကလည်း ​ ၅ ကြိမ်​မြောက်အသံတိတ်သပိတ်ကို​အောင်မြင်​အောင်လုပ်ပြီး စစ်အာဏာရှင်​တွေကိုလုံးဝမလိုလားပဲ စစ်အာဏာရှင်​စနစ် အမြစ်ပြတ်တယ်အထိ့​ ပြတ်ပြတ်သားသားတော်လှန်ကြဖို့ဒီက​နေ့မှာပဲ လမ်းမကြီး​တွေကတစ်ဆင့်အကျယ်​လောင်ဆုံးအသံပေးပါတယ်။

လမ်းမကြီး​တွေကတစ်ဆင့် ပြည်သူ​တွေ​ပေးတဲ့ အကျယ်​လောင်ဆုံးအသံ
လမ်းမကြီး​တွေကတစ်ဆင့် ပြည်သူ​တွေ​ပေးတဲ့ အကျယ်​လောင်ဆုံးအသံ

ကမ္ဘာ​ပေါ်မှာ အရက်စက်၊အယုတ်မာဆုံးစစ်တပ်နဲ့ ရင်ဆိုင်​နေရ​ပေမယ့် မြန်မာပြည်သူ​တွေက စစ်အုပ်စုအာဏာလုထားတဲ့ ၃ နှစ်​မြောက်​နေ့မှာ ​​​လမ်းမကြီး​တွေကတစ်ဆင့် ​ပြောလိုက်တာက စစ်အာဏာရှင်စနစ်မလိုလားဘူး ဆိုတဲ့အသံပဲဖြစ်ပါတယ်။ သုံးနှစ်အတွင်းမှာ ပြည်သူ ​ထောင်ချီသတ်ဖြတ်ပြီး ၊​သောင်းချီ​ထောင်သွင်းအကျဥ်းချထားတဲ့ စစ်​ကောင်စီက ပြည်သူ​တွေအသံတိတ်သပိတ် (Silent Strike)မလုပ်ရဲ​အောင်နည်းမျိုးစုံနဲ့ခြိမ်း​ခြောက်ခဲ့​ပေမယ့်ပြည်သူ​အများစုရဲ့ ဆန္ဒကို​တော့ မတားဆီးနိုင်ခဲ့ပါဘူး ။ ဒီတစ်ကြိမ် မှာလည်းနိုင်ငံတစ်ဝန်းကပြည်သူ​အများစုက အတိတ်ဆိတ်ဆုံးက အကျယ်​လောင်ဆုံးအသံ ကိုထပ်ဖန်တီးပြပြီး အာဏာလုစစ်အုပ်စုကို တုန်လှုပ်ခြောက်ခြား​​စေခဲ့ပြန်ပါတယ် ။

တစ်ကယ်​တော့ ကုန်လွန်ခဲ့တဲ့ ၃ နှစ်ဟာ မြန်မာပြည်သူ​တွေအတွက်​​ ပြန်​တွေးကြည့်ဖို့​တောင် ​ကြောက်စရာ​ကောင်းလှတဲ့ လောက ငရဲပါပဲ ။ လူသတ်သမား​တွေက ၂၀၂၁ ​ဖေ​ဖော်ဝါရီ ၁ ရက် နံနက် အ​စောမှာ တိုင်းပြည်အာဏာလုခဲ့တာကြောင့် အနာဂတ်​တွေ​သေဆုံးပြီး ​မှောင်အတိကျခဲ့တာဒီ​နေ့ သုံးနှစ်တိတိပြည့်တဲ့​နေ့ပါ ။

​ငွေ​ကြေး၊အာဏာ၊ ထင်​ပေါ်မှုကိုလိုလားသ​လောက် ကိုယ်ကျင့်တရားနဲ့ ကိုယ်ရည်ကိုယ်​သွေးနိမ့်ပါးတဲ့ စစ်ဗိုလ်ချုပ်​တွေ​ကြောင့် အညွှန်တလူလူနဲ့ တက်သစ်စနိုင်ငံဟာ သုံးနှစ်အတွင်းမှာ နှစ် ၃၀ ၊၄၀ ​လောက်​နောက်ပြန်​ရောက်သွားပါတယ် ။ ဒီသုံးနှစ်အတွင်း အစိုးရဖြစ်ချင်လှတဲ့ အာဏာလုစစ်အုပ်စုရဲ့ စွမ်း​ဆောင်ရည်ကိုကြည့်လိုက်ပါဦး။

ပြည်သူ​ပေါင်း ၄၄၀၀​ ​ကျော်ကိုမတရားသတ်ဖြတ်ခဲ့တယ် ။ ပြည်သူ​ပေါင်း ၂၆၀၀၀ ​လောက်ကိုဖမ်းဆီး​ထောင်ချတယ် ။​နေအိမ်​ပေါင်း ၈၀,၀၀၀​ကျော်ကို မီးရှို့ပြာချခဲ့တယ် ။ သတင်းစာဆရာ ၆ ဦးကိုသတ်ဖြတ်ခဲ့ပြီး​တော့ ၁၅၀ ​ကျော်ကိုဖမ်းဆီး​ထောင်ချခဲ့တယ်။ ကမ္ဘာ​ပေါ်မှာ ဘိန်းအများဆုံးစိုက်ပျိုးတဲ့ နိုင်ငံဆိုပြီးဘိန်းဘုရင်ဘွဲ့ခံလိုက်ပါတယ်။ ဒါအပြင် က​မ္ဘာ့​ပေါ်မှာ လာဘ်အစားဆုံးနိုင်ငံ​တွေ စာရင်းထဲလည်း​ရောက်သွားစေခဲ့တယ်။ အတိုချုပ်​ပြောရရင် မ​ကောင်းတာအားလုံးရဲ့ ထိပ်မှာ ​မြောက်ကိုရီးယား ၊ဆီးရီးယား ၊ဆူဒန် တို့လို အာဏာရှင် နိုင်ငံ​တွေနဲ့ အပြိုင်ရပ်တည်​​နေပါတယ် ။​ကောင်းတဲ့ ညွှန်းကိန်းတွေမှာ​တော့မြန်မာဟာ​ပျောက်ကွယ်သွားပါ​တော့တယ် ။

Public Service Announcement

Public Service Announcement

ဒီလိုအဆိုးရွားဆုံးအ​ခြေအ​နေ​အောက်မှာ​​တောင် မြန်မာပြည်သူ​တွေ အထူးသဖြင့် လူငယ်​တွေဟာ စစ်အာဏာရှင်စနစ်ကို အဆုံးသတ်မယ်ဆိုတဲ့ ခိုင်ကျည်တဲ့ဆုံးဖြတ်ချက်နဲ့မိမိအသက်၊ဘဝ​တွေကို ရင်းပြီး ကမ္ဘာ့အယုတ်မာဆုံးစစ်တပ်ကိုခုခံ​တော်လှန်ခဲ့ကြပါတယ် ။ လမ်း​ပေါ်ထွက် ငြိမ်းငြိမ်းချမ်းချမ်းဆန္ဒပြ တဲ့ပြည်သူ​တွေကို စစ်အုပ်စုက ​သေနတ်နဲ့ ပစ်သတ်လာတာ​ကြောင့်စစ်အာဏာရှင်ကို ဆန္ဒပြပြီး​တောင်းဆိုလို့မရတာ​သေချာသွားတဲ့ အခါမှာ လူငယ်​တွေဟာ သေနတ်ကိုင်ပြီး နိုင်ငံ့အနာဂါတ်ကို ဖက်ဆစ်အုပ်စုဆီက ပြန်တိုက်ယူ​နေကြတာဖြစ်ပါတယ် ။အ​မှောင်မိုက်ဆုံးအချိန်မှာ​ ​တော်လှန် မြန်မာပြည်သူ​တွေရဲ့ အံ့မခန်း ကြံ့ကြံ့ခံနိူင်မှု ၊ရဲစွမ်းသတ္တိ၊စွန့်လွတ်အနစ်နာခံမှု​တွေ​က အ​မှောင်မိုက်ဆုံးအချိန်မှာ​ ​ပေါ်လာတဲ့အလင်းစက်​တွေဖြစ်ပါတယ် ။

​နွေဦး​တော်လှန်​ရေးဟာ စစ်တပ်က မြန်မာနိုင်ငံမှာ အာဏာစလုခဲ့တဲ့ ၁၉၆၂ ခုနှစ်​နောက်ပိုင်းနှစ်​ပေါင်း ၇၀ အတွင်းမှာ ဘယ်တုန်းကမှ မရခဲ့ ဖူးတဲ့ စည်းလုံးမှု​တွေ ၊ ခုခံ​တွန်းလှန်နိုင်စွမ်း​တွေ ၊ ​အောင်မြင်မှု​တွေ ရရှိ​နေပြီဖြစ်ပါတယ် ။ ဒါကို ​တော်လှန်​ရေးအဖွဲ့​တွေက နိုင်ငံတစ်ဝန်း မြို့​ပေါင်း ၃၆ မြို့နဲ့ ​တော်လှန်​ရေးတပ်ဖွဲ့​တွေစိုးမိုးနိုင်တဲ့ နယ်​မြေ နိုင်ငံဧရိယာထက်ဝက်​ကျော်အထိရှိလာတာ ၊ စစ်တပ်ရဲ့အာသာချက် ​လေ​ကြောင်းတိုက်ခိုက်မှု​တွေကို တန်ပြန်တိုက်ခိုက်ပြီး တိုက်​လေယာဥ်နဲ့ရဟတ်ယာဥ် ၇ စီး ကိုပစ်ချနိုင်ခဲ့တာ ၊စစ်သား​ထောင်ချီလက်နက်ချတဲ့ဖြစ်ရပ်​တွေ​ပေါ်ခဲ့တာ ၊ မိုက်တဲ့​​ကောင်ထွက်ခဲ့ဆိုပြီး ပြည်သူကိုစိန်​ခေါ်ခဲ့တဲ့ စစ်သား​တွေဟာယူနီ​​ဖောင်းဝတ်ပြီးလူမြင်ကွင်းမသွာရဲ​တော့ပဲ ဘန်ကာထဲ၊တပ်ထဲကမထွက်ရဲတဲ့ အ​ခြေအ​နေ ​တွေက ​နွေဦး​တော်လှန်​ရေး ခရီးဘယ်​လောက်ရောက်​နေပြီဆိုတာကိုအ​သေအချာ ညွှန်ပြ​နေပါတယ် ။

​ ကိုယ့်ပြည်သူကို ​​ထောင်​သောင်းချီသတ်ပြီး ​နေအိမ်​တွေ ​သောင်းချီမီးရှို့တဲ့ခေတ်သစ်ကမ္ဘာ့မှာအယုတ်ကမ်းဆုံးစစ်တပ်ကို သုံးနှစ် သုံးမိုး အရှုံးမ​ပေးပဲ တစ်ရက်မနားခုခံ​တော်လှန်တဲ့ ပြည်သူ​တွေဟာကမ္ဘာမှာ မြန်မာနိုင်ငံမှာပဲ ရှိပါတယ် ။သံတမန်စကားလုံး လှလှ​လေး​တွေကြား ကိုယ်ကျိုးစီးပွားက အဓိကဖြစ်​နေတဲ့ ကမ္ဘာ့တွေဆီက ဒီသုံးနှစ်အတွင်း ​တော်လှန်​ရေးအင်အားစု​တွေ ပြည်သူ​တွေအတွက် အကူအညီဘာမှ မယ်မယ်ရရမရခဲ့ကြပါဘူး ။ အကူအညီမ​ပေးတဲ့အပြင် အာဏာလုစစ်အုပ်စုကို ​ နေရာ​ပေးဖို့ ကြိုစားတဲ့ နိုင်ငံ​တွေ ၊အဖွဲ့အစည်း​တွေ ၊ပုဂ္ဂိုလ်​တွေ​ ကို ဟန့်ရတာ​ကြောင့် အပိုအလုပ်​တွေပါ ရှုပ်ခဲ့ကြရ​သေးပါတယ် ။

မြန်မာနိုင်ငံနဲ့ မ​ရှေးမ​နှောင်း စစ်အုပ်စု အာဏာလုတာကြုံရတဲ့ ​တောင်အာဖရိကတိုက်ရဲ့ မာလီ ၊ ဂူနီအာ ၊ဆူဒန် ၊ဗာကီနာ ဖာဆို ၊နိုင်ဂျာ စတဲ့နိုင်ငံ​တွေမှာလည်း သူတို့နိုင်ငံက စစ်တပ်​တွေဟာ မင်း​အောင်လှိုင် ဦး​ဆောင်တဲ့ စစ်တပ်​​​​လောက် ရက်စက်ယုတ်ကမ်းတဲ့ စစ်ရာဇဝတ်မှူတွေမကျူးလွန်ကြပါဘူး ။ အဲဒီနိုင်ငံ​တွေမှာ မြန်မာလို ခုခံ​တော်လှန်မှု အားမ​ကောင်း​ပေမယ့် မြန်မာနိုင်ငံမှာ​တော့ အယုတ်ညံ့ဆုံးစစ်တပ်ကို နှစ်ရှည်လများ​တေည်လှန်ရတာ​တောင် အရှုံးမ​ပေးပဲ ခုခံ​နိုင်တာ ဒီ​နေ့​​ခေတ် ကမ္ဘာမှာ မြန်မာပြည်သူ​တွေမှာပဲရှိတဲ့ ရဲစွမ်းသတ္တိနဲ့ စိတ်ခွန်အား​တွေပဲဖြစ်ပါတယ် ။

ဒါကလည်း ဆယ်စုနှစ် ၇ စုအတွင်းမှာ စစ်အာဏာရှင်​တွေကခေါင်းစဥ်အမျိုးမျိုးတပ် ပြီး လက်နက်အားကိုးနဲ့ အာဏာလု စစ်ကျွန်ပြုခဲ့တဲ့အ​တွေ့အကြုံ​တွေက​နေရတဲ့သင်ခန်းစာ​တွေ​ကြောင့် မြန်မာပြည်သူ​တွေ က ခိုင်ကျည်တဲ့ဆုံးဖြတ်ချက်ကို ပြတ်ပြတ်သားသား ချမှတ်နိုင်ခဲ့ကြတာဖြစ်ပါတယ် ။

ဒါ​ကြောင့် ဒီပွဲဟာ ကဗျာ ဆရာ Anonymous ​ရေးဖွဲ့ထားသလို”ဒီတစ်ခါရှုံးရင် ​နောက်ဘယ်​တော့မှ မနိုင်​တော့ဘူးဒီတစ်ခါနိုင်ပြီးရင်လည်း ​နောက်ထပ်ဘယ်​တော့မှမလို​တော့ဘူး” ဆိုတဲ့အတိုင်းမြန်မာနိုင်ငံရဲ့အနာဂါတ်တစ်ခုလုံးကို အဆုံးအဖြတ်​ပေးသွားမယ့် ဓမ္မနဲ့ အဓမ္မ ၊ တစ်နည်းအားဖြင့် ပြည်သူ နဲ့ မင်း​အောင်လှိုင် ဦး​ဆောင်တဲ့စစ်အာဏာရှင်​တွေ ရဲ့တိုက်ပွဲဖြစ်ပါတယ် ။

မ​အောင်မြင်တဲ့အာဏာသိမ်းမှု ၃ နှစ်ပြည့်ချိန်မှာဘက်အသီးသီးက ပြတ်သားတဲ့သတင်းစကား​တွေ ​အသီးသီးပေးကြပါတယ်။ အာဏာလုစစ်အုပ်စုက အဓိကလူစာရင်းအ​ပြောင်းအလဲမရှိပဲ အာဏာဆုပ်ကိုင်နိုင်​ရေးကြိုးပမ်းပါမယ်လို့သတင်းစကား​ပေးတယ်။​

တော်လှန်​ရေးအင်အားစု​တွေကလည်း စစ်အာဏာရှင်စနစ်နဲ့ ၂၀၀၈ ​ခြေဥကိုဖျက်သိမ်း၊စစ်တပ်ကနိုင်ငံ​ရေးဝင်မစွက်ပဲအရပ်သားအုပ်ချုပ်မှု​အောက်မှာ​​နေ ၊ဖက်ဒရယ်ဒီမိုက​ရေစီ ပြည်​ထောငိစုသစ်ကို​ဖော်​ဆောင် ၊စစ်ရာဇဝတ်မှုကျူးလွန်ထားသူ​တွေကို တရားစီရင်ပြီး နစ်နာသူ​တွေအတွက် တရားမျှတမှု​ဖော်​ဆောင်နိုင်ဖို့ ဦးတည်ချက်​တွေအတွက် စစ်​ရေး နိုင်ငံ​ရေးနည်း​တွေနဲ့ ကြိုးပမ်းပါမယ်လို့ သတင်းစကား​ပေးပါတယ် ။

ပြည်သူ​တွေကလည်း ​ ၅ ကြိမ်​မြောက်အသံတိတ်သပိတ်ကို​အောင်မြင်​အောင်လုပ်ပြီး စစ်အာဏာရှင်​တွေကိုလုံးဝမလိုလားပဲ စစ်အာဏာရှင်​စနစ် အမြစ်ပြတ်တယ်အထိ့​ ပြတ်ပြတ်သားသားတော်လှန်ကြဖို့ဒီက​နေ့မှာပဲ လမ်းမကြီး​တွေကတစ်ဆင့်အကျယ်​လောင်ဆုံးအသံပေးပါတယ်။

ဒါ​ကြောင့် ​နွေဦး​တော်လှန်​ရေးရဲ့ အဆုံးအဖြတ်ဖြစ်လာနိုင်တဲ့ တိုက်ပွဲတွေဟာ မကြာ​တော့တဲ့ ကာလမှာ​ရောက်လာ​တော့မယ့်အ​ခြေအ​နေပါ ။ ပြည်သူ​တွေက သုံးနှစ်သုံးမိုး ရုန်းကန်ထားရသလို ၊အ​ထွေ​ထွေအကြပ်အတည်း​တွေကြားမှာ ​အသက်ရှင်​ရေးအတွက်​တောင် ရုန်းကန်​နေကြရတာဖြစ်​ပါတယ် ။ဒါပေမယ့် ကိုယ်လုပ်တဲ့အလုပ် အပြီးထိလုပ်ပြ အ​ကောင်းဆုံးရလဒ်ထွက်ဖို့ ၊ အဆုံးသတ်တိုက်ပွဲမှာ ပြည်သူ့သား​ကောင်း​တွေ​အောင်ပွဲဆင်နိုင်ဖို့၊ ကိုယ့်အနာဂါတ်ကိုယ်တိုင်ဖန်တီးနိုင်ဖို့​ အတွက် ကိုယ်နိုင်တဲ့​နေရာက ၊ကိုယ်နိုင်သ​လောက်ဆက်လက်ပါဝင်တာဝန်ထမ်းကြရမှာဖြစ်ပါတယ်။ ​အောင်ပွဲသတင်း​တွေထိုင်​စောင့်​နေရုံအဆင့် မဟုတ်ပဲ ​​တော်လှန်သူရဲ​ကောင်း​တွေ ​အောင်ပွဲဆင်နိုင်ဖို့ ပြည်သူ​တွေကိုယ်တိုင်က ဆက်ပြီး​တော့နိုင်ရာတာဝန်​တွေအတူထမ်းကြပါစို့လို့ ​​​​​နွေဦး​တော်လှန်​ရေး ၃ နှစ်ပြည့်​နေ့မှာ နှိုး​ဆော်လိုက်ရပါတယ် ။ ။

ဆက်စပ်သတင်းများ

သတင်း

လာမည့်ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မန္တလေးမြို့၊ အမရပူရမြို့နယ်ရှိ တောင်သမန်အင်း၊ ဦးပိန်တံတားတွင် စစ်ကောင်စီက "တောင်သမန်မယ်ဇယ်လွင်ပြင်ဖွင့်ပွဲ"အခမ်းအနားပြုလုပ်ရန် စီစဥ်နေကြောင်း မြို့ခံများက ပြောသည်။

သတင်း

အသံတိတ်သပိတ်ကို ယမန်နေ့(ဖေဖော်ဝါရီ ၁) နံနက် ၁၀ နာရီမှ မွန်းလွဲ ၃ နာရီအထိ ပြုလုပ်ခဲ့ရာ ရန်ကုန်၊ မန္တ လေး၊ နေပြည်တော် အပါအဝင် နိုင်ငံတဝန်းရှိ ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၏ ခြိမ်းခြောက် ဖိနှိပ်မှုများအကြားမှ စစ်အာဏာရှင် ဆန့်ကျင်တော်လှန်သည့် လှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြခြင်းဖြစ်သည်။

သတင်း

"ဓာတ်ပုံလေးရိုက်တာတောင် ကြောက်ချီးပန်းနေမှတော့ စစ်ကောင်စီ တပ်တွေဟာ အရမ်းကို ကြောက်စိတ်တွေဝင်ပြီး လုံး၀တပ်ပျက်နေပါပြီ”ဟု Indaw Revolution က ဖော်ပြသည်။

သတင်း

သပိတ်ဆင်နွှဲနေချိန်အတွင်း မန္တလေးမြို့ပေါ်က အထင်ကရလမ်းမကြီးတွေ၊ လမ်းသွယ်တွေမှာပါ အသွားအလာကင်းမဲ့သွားခဲ့တာပါ။