Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

အသံတိတ်သပိတ်တွင် ပြည်သူများပူးပေါင်းပါဝင်မှုကြောင့် စိတ်ဓာတ်ခွန်အားရပြီး ပါဝင်မှုအပေါ်ကျေးဇူးတင်ကြောင်း PDF များသတင်းစကားပါး

အသံတိတ်သပိတ်ကို ယမန်နေ့(ဖေဖော်ဝါရီ ၁) နံနက် ၁၀ နာရီမှ မွန်းလွဲ ၃ နာရီအထိ ပြုလုပ်ခဲ့ရာ ရန်ကုန်၊ မန္တ လေး၊ နေပြည်တော် အပါအဝင် နိုင်ငံတဝန်းရှိ ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၏ ခြိမ်းခြောက် ဖိနှိပ်မှုများအကြားမှ စစ်အာဏာရှင် ဆန့်ကျင်တော်လှန်သည့် လှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြခြင်းဖြစ်သည်။

(ရန်ကုန်၊ မုံရွာ ၊မင်းတပ်မြို့များတွင် အသံတိတ်သပိတ်ဆင်နွှဲ​နေကြစဥ်။ ။ဓါတ်ပုံ-PS၊CJ)
(ရန်ကုန်၊ မုံရွာ ၊မင်းတပ်မြို့များတွင် အသံတိတ်သပိတ်ဆင်နွှဲ​နေကြစဥ်။ ။ဓါတ်ပုံ-PS၊CJ)

နွေဦးတော်လှန်ရေး (၂) နှစ်ပြည့်အဖြစ် ပြုလုပ်သည့် ပြည်လုံးကျွတ် တိတ်ဆိတ်ခြင်းသပိတ် Silent Strike တွင် ပြည်သူအားလုံး ပူးပေါင်းပါဝင်မှုကြောင့် စိတ်ဓာတ်ခွန်အားများရရှိခံစားရ၍ ယခုလိုပူးပေါင်းပါဝင်မှုအပေါ် ကျေးဇူးတင်ကြောင်း ဒေသအသီးသီးမှ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့များက သတင်းစကားပါးသည်။

အသံတိတ်သပိတ်ကို ယမန်နေ့(ဖေဖော်ဝါရီ ၁) နံနက် ၁၀ နာရီမှ မွန်းလွဲ ၃ နာရီအထိ ပြုလုပ်ခဲ့ရာ ရန်ကုန်၊ မန္တ လေး၊ နေပြည်တော် အပါအဝင် နိုင်ငံတဝန်းရှိ ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၏ ခြိမ်းခြောက် ဖိနှိပ်မှုများအကြားမှ စစ်အာဏာရှင် ဆန့်ကျင်တော်လှန်သည့် လှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြခြင်းဖြစ်သည်။

“လိုင်းမရတဲ့ ကျွန်တော့်စခန်းက ရဲဘော်တွေကို လိုက်ကြွားနေမိတယ်။ ငါတို့နောက်မှာ ပြည်သူတွေ အားလုံးရှိသေးတယ်ကွ ဆိုပီး ခွန်အားတွေပြန်လည်ရရှိပြီး ရင်ထဲခံစားချက်ကိုပြောမပြတတ်အောင်ခံစားနေရတယ်။ တိုက်ပွဲတိုင်းနိုင်တော့မယ့် ယုံကြည်ချက်တွေကို ပြန်လည်ရရှိခဲ့တယ်”ဟု အမှတ် ၁၀၀၈ တပ်ရင်း ရှမ်းတောင် PDF က ပြောသည်။

အကြမ်းဖက် စစ်ကောင်စီသည် မတရားသဖြင့် အာဏာ သိမ်းထားပြီးနောက်ပိုင်း ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို အဓမ္မ ပစ်ခတ်၊ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် လူငယ်အ များအပြားက လက်နက်ကိုင်လမ်းစဥ်ကို ရွေးချယ်၍ခုခံတော်လှန်ခဲ့ကြသည်မှာ ယခုဆိုလျှင် တိုက်ခိုက်ရေးအ တွေ့အကြုံရှိ PDF ရဲဘော်များအဖြစ် ဆက်လက်တိုက် ပွဲဝင်လျှက်ရှိသည်။

Public Service Announcement

Public Service Announcement

“Silent Strike မှာ PDF တွေကလည်း ပြည်သူ လူထုနဲ့အတူ ပူးပေါင်းပါဝင်ခဲ့ပါတယ်။ မြို့ပြသာမကဘူး။ ကျွန်တော်တို့ထိန်းချုပ်ထားတဲ့ ရွာတွေမှာလည်း ဒီသပိတ်ကို ပူးပေါင်းပါဝင်ခဲ့ပါတယ်။ ရွာတွေမှာဆိုရင်လည်း ဂိတ်တံခါးတွေပိတ်ပြီး လူသွားလူလာမရှိသလောက်နည်းပါးပြီး သပိတ်ကိုပါဝင်ခဲ့ပါတယ်။သပိတ်အောင်မြင်တာကို အားရပါတယ်။ ပြည်သူတွေရဲ့ တော်လှန်ရေးအပေါ် ပူးပေါင်းပါဝင်မှုကို မြင်ရတော့ တော်တော်လေး အားရကျေနပ်ပါတယ်”ဟု ပခုက္ကူခရိုင် PDF တပ်ရင်း (၁၄)မှ တပ်ရင်းမှူး စစ်နွေက ပြော သည်။

(ရန်ကုန်၊ မုံရွာ ၊မင်းတပ်မြို့များတွင် အသံတိတ်သပိတ်ဆင်နွှဲ​နေကြစဥ်။ ။ဓါတ်ပုံ-PS၊CJ)
(ရန်ကုန်၊ မုံရွာ ၊မင်းတပ်မြို့များတွင် အသံတိတ်သပိတ်ဆင်နွှဲ​နေကြစဥ်။ ။ဓါတ်ပုံ-PS၊CJ)

အလားတူ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ဒေသ(၁)၊ ဇုန် (၂)၊ ဒရုန်းတပ်ရင်း (၁)၊ တပ်ခွဲ (၂)မှ တပ်ခွဲမှူးဟန်က တော်လှန်ရေးကာလကြာမြင့်လာပြီဖြစ်သောကြောင့် အသံတိတ်သပိတ် ယခုလောက်အောင်မြင်မည်ဟု ထင်မှတ်မထားခဲ့သော်လည်း သပိတ်တွင်အတူပါ၍ ​ပြည်သူလူထုက သွေးမအေးကြောင်းပြသလိုက်ခြင်းမှာ ၎င်းတို့တော်လှန်ရေးရဲဘော်များ စစ်အာဏာရှင်ကို အသက်ပေးတိုက်ပွဲဝင်နေရသည်မှာ ထိုက်တန်ကြောင်း မှတ်ချက်ပေးသည်။

“ခုလိုမြင်တွေ့ရတာ ကျနော်တို့အတွက် တကယ်ကိုအားရကျေနပ်ပြီး ခွန်အားဖြစ်စေပါတယ်။ တော်လှန်ရေ ၂ နှစ်တာကာလရှိလာတာတောင်ကျနော်တို့ပြည်သူတွေသွေးမအေးဓားမသိမ်းသေးတာသိရတော့ ကျနော်တို့သည်အ ဆုံးထိတိုက်ပွဲဝင်ရင်းတော်လှန်သွားမယ်လို့ကတိသစ္စာပြုပါတယ်” အနောက်ပိုင်းတိုင်း PDF တပ်ရင်း (၇၀၃)မှ ကွန်မန်ဒို ကြက်ကလေးက ဆိုသည်။

ယမန်နေ့(ဖေဖော်ဝါရီ ၁) တော်လှန်ရေးကာလနှစ်နှစ်ပြည်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြုလုပ်ခဲ့သော အသံတိတ်သပိတ် Silent Strike တွင် ပါဝင်ခဲ့ကြသော ပြည်သူများအား Shwebo LPDF နှင့် PDF South Monywa တို့ကလည်း ကျေးဇူးတင်ကြောင်း သတင်းစကားပါးသကဲ့သို့ ပြည်တွင်းပြည်ပ တော်လှန် ရေးအင်အားစုများက အားရကျေနပ်မိကြောင်း ထုတ် ဖော်ချီးမွမ်းခဲ့ကြသည်။

“စစ်ကောင်စီအနေနဲ့ အသံတိတ်သပိတ်လို့ဆိုထားတဲ့အချိန်မှာ အပြင်ထွက်တဲ့ပြည်သူမည်သူ့ကိုမဆို PDF၊ PDF နှင့်ပတ်သတ်ဆက်နွယ်နေသူတွေဟု စွပ်စွဲဖမ်းဆီးမှုတွေပြုလုပ်လျက်ရှိပါတယ်။ ဒါကြောင့်မို့ နောက်ထပ်အသံတိတ်သပိတ်တွေပြုလုပ်ဖို့ရှိလာခဲ့ရင်လည်း မိမိအိမ်မှာပဲလုံခြုံစွာနေပြီး အပြင်မထွက်ကြဖို့သတိပေးပြောကြားလိုပါတယ်ခင်ဗျာ”ဟု PDF South Monywa အဖွဲ့တာဝန်ခံ ဒေါင်းကာရံက ပြည်သူလူထုအား ပန်ကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

တိုက်ခိုက်ခံရပြီးနောက် လျှော်ဖြူကျေးရွာသို့ ရွာကြီးရွာမှ စစ်ကောင်စီတပ်သားများ လာရောက်အင်အားဖြည့်ထားကြောင်း ဒေသခံများက ပြောသည်။

သတင်း

သရက်ကုန်းတိုက်ပွဲအတွင်း လက်နက်ငယ် (၄၀)ကျော် ၊ ၆၀မမ (၂)လတ် ၊ Drone Jammar (၁)ခု ၊ ခဲယမ်းအမြောက်အများအပါအဝင် ရန်သူ့အလောင်း ၂၁လောင်းသိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်သည်။