Connect with us

Hi, what are you looking for?

မေးမြန်းခန်း

“ကိုဗစ်ရဲ့ရောဂါလက္ခဏာတွေ ပျောက်ကင်းပြီး ၇ ရက် ကနေ ၁၀ ရက်ရှိပြီဆိုရင် ကာကွယ်ဆေးထိုးလို့ ရပါတယ်”

ကိုဗစ် – ၁၉ ဗဟုသုတစင်တာ အမေးအဖြေကဏ္ဍ၌ အင်္ဂလန်နိုင်ငံရောက် အတိုင်ပင်ခံသမားတော် ဒေါက်တာကိုကို၏ ဖြေကြားချက်များအား ကောက်နုတ်တင်ပြခြင်း ဖြစ်သည်။

မေး – ပင်နီစလင်ရှော့ဖြစ်ဖူးပါတယ်။ ကာကွယ်ဆေးထိုးလို့ရပါသလား။

ဖြေ – ထိုးလို့ရပါတယ်။ အဲဒါပေမဲ့လို့ ကာကွယ်ဆေးထိုးမဲ့စင်တာက ဆရာဝန်၊ဆရာမတွေကိုတော့ ပင်နီစလင်ရှော့ဖြစ်ဖူးကြောင်း ပြောဖို့လိုပါတယ်။

မေး – ကိုဗစ်ဖြစ်ပြီး တစ်လလောက်ဆိုရင် ကာကွယ် ဆေးထိုးလို့ရပါသလား။

ဖြေ – ကိုဗစ်ဖြစ်ပြီးတော့ ကိုဗစ်ရဲ့ရောဂါလက္ခဏာတွေ ပျောက်ကင်းပြီး ၇ ရက်ကနေ ၁၀ ရက်ရှိပြီဆိုရင် ကာကွယ်ဆေးထိုးလို့ ရပါတယ်။

Public Service Announcement

Public Service Announcement

မေး – Covid Shield တစ်ကြိမ် ထိုးပြီးသားပါ။ နှစ်လကျော်နေပါပြီ။ နောက်တစ်ကြိမ်ထိုးဖို့အဆင်မပြေရင် ကာကွယ်ပြီးသား ဖြစ်ပါသလား။

ဖြေ – Covid Shield တစ်ကြိမ်က ကာကွယ်သင့်သလောက် ကာကွယ်ပါတယ်။ နောက်ကြိမ်ထပ်ထိုးဖို့ကိုတော့ သုံးလအတွင်းဖြစ်တယ်ဆိုရင် Covid Shieldပဲရအောင်ရှာထိုးပါ။ အကယ်၍ (Covid Shield)မရနိုင်ဘူး သုံးလကျော်သွားပြီဆိုရင်တော့ တခြားကာကွယ် ဆေးကို အစကနေ ပြန် ထိုးပေးပါ။

မေး – နှလုံးစည်းချက်မမှန်တဲ့ရောဂါရှိသူ မွေးရာပါ နှလုံးအပေါက်ပါတဲ့သူ ကာကွယ်ဆေးထိုးလို့ရပါသလား

ဖြေ – ရပါတယ် ခင်ဗျာ။ ဘာကာကွယ်ဆေးဖြစ်ဖြစ်ထိုးပါ။

မေး – သည်းခြေထုတ်ထားပါတယ်။ ဆီးချိုရောဂါလည်း ရှိပါတယ်။ ကိုဗစ်ကာကွယ်ဆေး ထိုးလို့ရပါသလား

ဖြေ – ထိုးလို့ရပါတယ် ခင်ဗျာ။ ထိုးပါ။

မေး – အဖျားလည်းနည်းနည်းရှိနေရင် ကိုဗစ်ကာကွယ်ဆေးထိုးလို့ ရပါသလား။

ဖြေ – မရပါဘူး ခင်ဗျာ။ အဖျားမရှိ အောက်ဆီဂျင်မကျ ခေါင်းမကိုက် နှာမစေး ချောင်းမဆိုးစတဲ့ ကိုဗစ်ရောဂါလက္ခဏာတွေပျောက်လို့ အနည်းဆုံး ၇ ရက်ကနေ ၁၀ ရက်ရှိမှ ထိုးလို့ရပါတယ်။

မေး – ကိုဗစ်ကာကွယ်ဆေးထိုးပြီးရင် ဆေးရဲ့သက်ရောက်မှုရှိမရှိ ဘယ်လိုစစ်ရပါသလဲ။

ဖြေ – ဘာမှမဆိုင်ပါဘူး။ ကျွန်တော်ဆိုရင် ကျွန်တော်နေတဲ့ အင်္ဂလန်နိုင်ငံမှာ ကာကွယ်ဆေးနှစ်ကြိမ် ထိုးပြီးပါပြီ။ ဘာမှ ကျွန်တော်တို့ ထပ်မစစ်ပါဘူး။

မေး – ကိုဗစ်ကာကွယ်ဆေးထိုးပြီး ၃၊ ၄ ရက်ရှိပါပြီ။ ပိုးသတ်ဆေးသောက်လို့ ရပါသလား။

ဖြေ – ကာကွယ်ဆေးထိုးပြီး ၃၊ ၄ ရက်လောက်မှာ ဖျားတာက ကာကွယ်ဆေးကို ကိုယ်ခန္ဓာက react လုပ်နေတာဖြစ်ပါတယ်။ ကျွန်တော်ကတော့ ချောင်းမဆိုးဘူး သလိပ်မထွက်ဘူးဆိုရင် ပိုးသတ်ဆေးသောက်ဖို့ မလိုဘူးလို့ ထင်ပါတယ်။ ပါရာစီတမောနဲ့ ရေလေးပဲသောက်ပေးပါ။ ပြီးတော့ တစ်ရက်နှစ်ရက်လောက်စောင့်ကြည့်ပါ။ မသက်သာဘူးဆိုရင်တော့ ဆရာဝန်၊ဆရာမနဲ့ ပြကြည့်ပါ။ နောက်ပြီးတော့ ကာကွယ်ဆေးထိုးပြီး ၃၊ ၄ ရက်အကြာမှာလည်း ကိုဗစ်ရောဂါဝင်တတ်ပါတယ်။ အဲဒါကြောင့် မပေါ့ပါနဲ့။

မေး – ကာကွယ်ဆေးထိုးပြီး ၅ ရက်လောက်မှာ ရင်ကြပ်ပါတယ်။ နှလုံးခုန်တွေလည်း မြန်လာပါတယ်။ နောက်တစ်ကြိမ်ထိုးရင် ဒီအခြေအနေမျိုး ထပ်ဖြစ်နိုင်ပါသလား။

ဖြေ – ကျွန်တော့်ကိုယ်တွေ့ ပြောရရင်တော့ ပထမအကြိမ်မှာရော ဒုတိယအကြိမ်မှာရော side-effect ရပါတယ်။ ခေါင်းကိုက်ပါတယ်။ အဖျားတက်ပါတယ်။ အဲဒါက ၃ ရက်လောက်ကြာပါတယ်။ ပထမအကြိမ်မှာ
side-effect ရထားတယ်ဆိုရင် ဒုတိယအကြိမ်မှာလည်း side-effect ရနိုင်ခြေပိုများပါတယ်။

မေး – ကာကွယ်ဆေးထိုးထားတဲ့သူတစ်ယောက်က Carrier(ရောဂါပိုးသယ်ဆောင်သူ)ဖြစ်နိုင်ပါသလား။

ဖြေ – ဖြစ်နိုင်ပါတယ်။ ကာကွယ်ဆေးထိုးထားတဲ့လူတစ်ယောက်က မိမိကိုယ်တိုင် ရောဂါကူးစက်ခံရသူဖြစ်နိုင်သလို မိမိကသူတပါးကို ရောဂါပေးတဲ့သူ ကူးစက်စေတဲ့သူလည်း ဖြစ်နိုင်ပါတယ်။ အဲဒီအတွက်ကြောင့်မိုလို့ ကာကွယ်ဆေးထိုးပြီးပြီဆိုပြီး မပေါ့ပါနဲ့။ Mask တပ်ပါ။ ရှေ့ကနေ မျက်နှာအကာအကွယ်တပ်ပေးပါ။ လက်ကို စက္ကန့် ၂၀ သေချာစေးပေးပါ။ ရေးနဲ့စပ်ပြာနဲ့မရရင် ဟမ်းဂျယ်နဲ့သေသေချာချာစေးပေးပါ။ ဖြစ်နိုင်ရင် အိမ်ထဲကအိမ်ပြင်မထွက်ပါနဲ့။

Source – ကျန်းမာရေးဝန်ကြီးဌာန ၊အမျိုးသားညီညွန်ရေးအစိုးရ (NUG)

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပြီးခဲ့တဲ့နှစ်အတွင်း ကမ္ဘာပေါ်မှာ ကလေးဦးရေ ၁၄ သန်းကျော်ဟာ ဘာကာကွယ်ဆေး တစ်မျိုးမှ မထိုးဖူးတဲ့ အခြေအနေမျိုး ကြုံတွေ့ခဲ့ရကြောင်း သိရပါတယ်။

နိုင်ငံတကာ

ကိုဗစ်ကပ်ရောဂါရဲ့ မူလအစနဲ့ ပတ်သက်လို့ ဖြစ်နိုင်ခြေ သီအိုရီ အားလုံးကို လမ်းဖွင့်ထားဆဲ ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ပြောပါတယ်။

နိုင်ငံတကာ

အမေရိကန် ကျန်းမာရေးဝန်ကြီး ရောဘတ် အက်ဖ် ကနေဒီ ဂျူနီယာဟာ အစိုးရရဲ့ ကာကွယ်ဆေး ထိုးနှံမှုတွေကို စိစစ် အတည်ပြုပေးရတဲ့ ကော်မတီ တစ်ခုလုံးကို အလုပ်ထုတ်ပစ်ခဲ့ပါတယ်။

နိုင်ငံတကာ

တစ်ပတ်အတွင်း လူ ၆ ဦး သေဆုံးခဲ့တဲ့နောက် ထိုင်းနိုင်ငံမှာ ကိုဗစ်ရောဂါနဲ့ ပတ်သက်ပြီး ပိုမို နိုးကြားကြဖို့ အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။