Connect with us

Hi, what are you looking for?

LuduNwayOo

မေးမြန်းခန်း

“ကိုဗစ်ရဲ့ရောဂါလက္ခဏာတွေ ပျောက်ကင်းပြီး ၇ ရက် ကနေ ၁၀ ရက်ရှိပြီဆိုရင် ကာကွယ်ဆေးထိုးလို့ ရပါတယ်”

ကိုဗစ် – ၁၉ ဗဟုသုတစင်တာ အမေးအဖြေကဏ္ဍ၌ အင်္ဂလန်နိုင်ငံရောက် အတိုင်ပင်ခံသမားတော် ဒေါက်တာကိုကို၏ ဖြေကြားချက်များအား ကောက်နုတ်တင်ပြခြင်း ဖြစ်သည်။

မေး – ပင်နီစလင်ရှော့ဖြစ်ဖူးပါတယ်။ ကာကွယ်ဆေးထိုးလို့ရပါသလား။

ဖြေ – ထိုးလို့ရပါတယ်။ အဲဒါပေမဲ့လို့ ကာကွယ်ဆေးထိုးမဲ့စင်တာက ဆရာဝန်၊ဆရာမတွေကိုတော့ ပင်နီစလင်ရှော့ဖြစ်ဖူးကြောင်း ပြောဖို့လိုပါတယ်။

မေး – ကိုဗစ်ဖြစ်ပြီး တစ်လလောက်ဆိုရင် ကာကွယ် ဆေးထိုးလို့ရပါသလား။

ဖြေ – ကိုဗစ်ဖြစ်ပြီးတော့ ကိုဗစ်ရဲ့ရောဂါလက္ခဏာတွေ ပျောက်ကင်းပြီး ၇ ရက်ကနေ ၁၀ ရက်ရှိပြီဆိုရင် ကာကွယ်ဆေးထိုးလို့ ရပါတယ်။

Public Service Announcement

Public Service Announcement

မေး – Covid Shield တစ်ကြိမ် ထိုးပြီးသားပါ။ နှစ်လကျော်နေပါပြီ။ နောက်တစ်ကြိမ်ထိုးဖို့အဆင်မပြေရင် ကာကွယ်ပြီးသား ဖြစ်ပါသလား။

ဖြေ – Covid Shield တစ်ကြိမ်က ကာကွယ်သင့်သလောက် ကာကွယ်ပါတယ်။ နောက်ကြိမ်ထပ်ထိုးဖို့ကိုတော့ သုံးလအတွင်းဖြစ်တယ်ဆိုရင် Covid Shieldပဲရအောင်ရှာထိုးပါ။ အကယ်၍ (Covid Shield)မရနိုင်ဘူး သုံးလကျော်သွားပြီဆိုရင်တော့ တခြားကာကွယ် ဆေးကို အစကနေ ပြန် ထိုးပေးပါ။

မေး – နှလုံးစည်းချက်မမှန်တဲ့ရောဂါရှိသူ မွေးရာပါ နှလုံးအပေါက်ပါတဲ့သူ ကာကွယ်ဆေးထိုးလို့ရပါသလား

ဖြေ – ရပါတယ် ခင်ဗျာ။ ဘာကာကွယ်ဆေးဖြစ်ဖြစ်ထိုးပါ။

မေး – သည်းခြေထုတ်ထားပါတယ်။ ဆီးချိုရောဂါလည်း ရှိပါတယ်။ ကိုဗစ်ကာကွယ်ဆေး ထိုးလို့ရပါသလား

ဖြေ – ထိုးလို့ရပါတယ် ခင်ဗျာ။ ထိုးပါ။

မေး – အဖျားလည်းနည်းနည်းရှိနေရင် ကိုဗစ်ကာကွယ်ဆေးထိုးလို့ ရပါသလား။

ဖြေ – မရပါဘူး ခင်ဗျာ။ အဖျားမရှိ အောက်ဆီဂျင်မကျ ခေါင်းမကိုက် နှာမစေး ချောင်းမဆိုးစတဲ့ ကိုဗစ်ရောဂါလက္ခဏာတွေပျောက်လို့ အနည်းဆုံး ၇ ရက်ကနေ ၁၀ ရက်ရှိမှ ထိုးလို့ရပါတယ်။

မေး – ကိုဗစ်ကာကွယ်ဆေးထိုးပြီးရင် ဆေးရဲ့သက်ရောက်မှုရှိမရှိ ဘယ်လိုစစ်ရပါသလဲ။

ဖြေ – ဘာမှမဆိုင်ပါဘူး။ ကျွန်တော်ဆိုရင် ကျွန်တော်နေတဲ့ အင်္ဂလန်နိုင်ငံမှာ ကာကွယ်ဆေးနှစ်ကြိမ် ထိုးပြီးပါပြီ။ ဘာမှ ကျွန်တော်တို့ ထပ်မစစ်ပါဘူး။

မေး – ကိုဗစ်ကာကွယ်ဆေးထိုးပြီး ၃၊ ၄ ရက်ရှိပါပြီ။ ပိုးသတ်ဆေးသောက်လို့ ရပါသလား။

ဖြေ – ကာကွယ်ဆေးထိုးပြီး ၃၊ ၄ ရက်လောက်မှာ ဖျားတာက ကာကွယ်ဆေးကို ကိုယ်ခန္ဓာက react လုပ်နေတာဖြစ်ပါတယ်။ ကျွန်တော်ကတော့ ချောင်းမဆိုးဘူး သလိပ်မထွက်ဘူးဆိုရင် ပိုးသတ်ဆေးသောက်ဖို့ မလိုဘူးလို့ ထင်ပါတယ်။ ပါရာစီတမောနဲ့ ရေလေးပဲသောက်ပေးပါ။ ပြီးတော့ တစ်ရက်နှစ်ရက်လောက်စောင့်ကြည့်ပါ။ မသက်သာဘူးဆိုရင်တော့ ဆရာဝန်၊ဆရာမနဲ့ ပြကြည့်ပါ။ နောက်ပြီးတော့ ကာကွယ်ဆေးထိုးပြီး ၃၊ ၄ ရက်အကြာမှာလည်း ကိုဗစ်ရောဂါဝင်တတ်ပါတယ်။ အဲဒါကြောင့် မပေါ့ပါနဲ့။

မေး – ကာကွယ်ဆေးထိုးပြီး ၅ ရက်လောက်မှာ ရင်ကြပ်ပါတယ်။ နှလုံးခုန်တွေလည်း မြန်လာပါတယ်။ နောက်တစ်ကြိမ်ထိုးရင် ဒီအခြေအနေမျိုး ထပ်ဖြစ်နိုင်ပါသလား။

ဖြေ – ကျွန်တော့်ကိုယ်တွေ့ ပြောရရင်တော့ ပထမအကြိမ်မှာရော ဒုတိယအကြိမ်မှာရော side-effect ရပါတယ်။ ခေါင်းကိုက်ပါတယ်။ အဖျားတက်ပါတယ်။ အဲဒါက ၃ ရက်လောက်ကြာပါတယ်။ ပထမအကြိမ်မှာ
side-effect ရထားတယ်ဆိုရင် ဒုတိယအကြိမ်မှာလည်း side-effect ရနိုင်ခြေပိုများပါတယ်။

မေး – ကာကွယ်ဆေးထိုးထားတဲ့သူတစ်ယောက်က Carrier(ရောဂါပိုးသယ်ဆောင်သူ)ဖြစ်နိုင်ပါသလား။

ဖြေ – ဖြစ်နိုင်ပါတယ်။ ကာကွယ်ဆေးထိုးထားတဲ့လူတစ်ယောက်က မိမိကိုယ်တိုင် ရောဂါကူးစက်ခံရသူဖြစ်နိုင်သလို မိမိကသူတပါးကို ရောဂါပေးတဲ့သူ ကူးစက်စေတဲ့သူလည်း ဖြစ်နိုင်ပါတယ်။ အဲဒီအတွက်ကြောင့်မိုလို့ ကာကွယ်ဆေးထိုးပြီးပြီဆိုပြီး မပေါ့ပါနဲ့။ Mask တပ်ပါ။ ရှေ့ကနေ မျက်နှာအကာအကွယ်တပ်ပေးပါ။ လက်ကို စက္ကန့် ၂၀ သေချာစေးပေးပါ။ ရေးနဲ့စပ်ပြာနဲ့မရရင် ဟမ်းဂျယ်နဲ့သေသေချာချာစေးပေးပါ။ ဖြစ်နိုင်ရင် အိမ်ထဲကအိမ်ပြင်မထွက်ပါနဲ့။

Source – ကျန်းမာရေးဝန်ကြီးဌာန ၊အမျိုးသားညီညွန်ရေးအစိုးရ (NUG)

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ငှက်ဖျားနဲ့ ပတ်သက်လို့ အာဖရိကတိုက်မှာ နောက်ထပ် အားတက်စရာ သတင်းတစ်ခုကတော့ အခုလ အစောပိုင်းတုန်းက ကိပ်ဗာဒီ နိုင်ငံဟာ နှစ်ပေါင်း ၅၀ လောက်အတွင်း ပထမဆုံးသော ငှက်ဖျားကင်းစင်တဲ့ ဆာဟာရ ဆက်စပ် နိုင်ငံအဖြစ် ကြေညာနိုင်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။

ဆောင်းပါး

လုံခြုံရေးအခြေနေအရ တစ်မြို့ကနေအခြားတစ်မြို့ဆီ ပြောင်းရွှေ့ဖူးတာတော့ ရှိတယ်။ ဒါပေမဲ့ ခရီးသွားသက်သက် အနေနဲ့ ဘယ်မှ မထွက်ဖြစ်ခဲ့ဘူး။ ခုမှ မိသားစုကိစ္စနဲ့ ခရီးတစ်ခုသွားဖို့ ကြုံလာတာ။ မြို့တော်ရန်ကုန်ကနေတွက်ရင် မိုင် ၂၅၀ လောက်ဝေးတဲ့ ခရီးဆိုပါတော့။

နိုင်ငံတကာ

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလတုန်းက ကပ်ရောဂါကြောင့် သေဆုံးသူ အရေအတွက်ဟာ အပတ်စဉ် ၁ သိန်းကျော်ထိ ရှိခဲ့ပြီး အမြင့်ဆုံး အဆင့်ကို ရောက်ခဲ့ပါတယ်။ ဒါပေမဲ့ အခုနှစ် ဧပြီလ ၂၄ ရက်ထိ အခြေအနေအရ အပတ်စဉ် သေဆုံးသူ ဦးရေဟာ ၃၅၀၀ အောက်ထိ...

နိုင်ငံတကာ

ကိုဗစ်ရောဂါ ဖြစ်ပွားခဲ့ကြောင်း အထောက်အထား တွေ့ရှိခဲ့တဲ့ အာခေါင်တို့ဖတ် နမူနာကို ဟွာနန်း ပင်လယ်စာ စျေးထဲက တွန်းလှည်းတစ်ခုနဲ့ ရက်ကွန်းဝံ တစ်ကောင်စီကနေ စုဆောင်း ရရှိခဲ့တာလို့လည်း သိရပါတယ်။