Connect with us

Hi, what are you looking for?

LuduNwayOo

မေးမြန်းခန်း

“အာဏာရှင်အာဏာရူး ပြည်သူ့ဘက်ကိုသေနတ်ပြောင်းလှည့်တဲ့တပ်ကို ကျွန်တော်တိုက်ထုတ်မှာပဲ”

ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO) ဘက်ကို ကူးပြောင်းလာတဲ့ ဗိုလ်စလုံး ဦးဆောင်တဲ့ DKBA တပ်ဖွဲ့ဝင်တွေကို ဂုဏ်ပြုကြိုဆိုပွဲကိုမနေ့က ပြုလုပ်ခဲ့ပါတယ်။ ဗိုလ်စလုံးဦးဆောင်တဲ့တပ်နဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေဖြစ်ခဲ့တာရှိပါတယ်။

ဗိုလ်မှူးစောစလုံး (KNDO အထူးကွန်မန်ဒိုအဖွဲ့)

ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO) ဘက်ကို ကူးပြောင်းလာတဲ့ ဗိုလ်စလုံး ဦးဆောင်တဲ့ DKBA တပ်ဖွဲ့ဝင်တွေကို ဂုဏ်ပြုကြိုဆိုပွဲကိုမနေ့က ပြုလုပ်ခဲ့ပါတယ်။ ဗိုလ်စလုံးဦးဆောင်တဲ့တပ်နဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေဖြစ်ခဲ့တာရှိပါတယ်။ အခုလို KNDO ဘက်ပြောင်းလာတဲ့အကြောင်းရင်း၊လက်ရှိတော်လှန်ရေးအပေါ် ဗိုလ်စလုံးရဲ့သဘောထားအမြင်ကိုတွေ့ဆုံမေးမြန်းထားပါတယ်။

Public Service Announcement

Public Service Announcement

  • ဗိုလ်မှူးတို့ KNDO ဘက်ကိုဘာကြောင့် ကူးပြောင်းလာရလဲ ။
    − အဲဒီကိစ္စတော့ ပြောင်းလာတာတော့ ကျွန်တော်တို့က KNDO လည်း အာဏာရှင်ကို တိုက်ထုတ်တာပဲလေ။ ပြည်သူလူထုကြိုက်တဲ့ဟာပဲ KNDO လုပ်တယ်။ အဲဒါကျွန်တော် ဆုံးဖြတ်လိုက်ပြီး ပြည်သူလူထုကြိုက်တဲ့ဟာပဲ ကျွန်တော်တို့ရွေးထုတ်တာပေါ့ ဆုံးဖြတ်တာပေါ့။ အဲဒါလာပူးပေါင်းတာနော်။
    − KNDO မှာ ဘယ်လိုရှေ့ဆက်သွားဖို့ရှိလဲ ။
    − ပြည်သူလူထုတွေလည်း ဒုက္ခသည်မှာနေရတယ် ပြေးနေရတယ်။ အလုပ်ရှိလည်း မလုပ်ရဘူးနော်၊ ကြောက်နေရတာပေါ့နော်။ ရွာရှိလည်းရွာမှာမနေရ၊ ကျွန်တော်တို့ဒီအာဏာရှင်ရဲ့ အာဏာရူးတဲ့တပ်မတော်တွေ ပြည်သူ့ဘက်ကို သေနတ်ပြောင်းလှည့်တဲ့တပ်ကို ကျွန်တော်တို့တိုက်ထုတ်မှာပဲ။
  • အရင်က DKBA မှာတာဝန်ထမ်းဆောင်ခဲ့တော့ အရင်ကမိတ်ဆွေတွေကို ဘာပြောချင်တာရှိလဲ ။
  • DKBA အဖွဲ့ပဲဖြစ်ဖြစ် ဘယ်အဖွဲ့ပဲဖြစ်ဖြစ် BGF ပဲဖြစ်ဖြစ် ကျွန်တော်ဒီကိုပြန်ပူးပေါင်းလာတာ DKBA ကိုတိုက်ဖို့ ၊BGF ကိုတိုက်ဖို့က မဟုတ်ဘူး။ ကျွန်တော်ကတော့ အာဏာရှင်အာဏာရူး ပြည်သူ့ဘက်ကိုသေနတ်ပြောင်းလှည့်တဲ့တပ်ကို ကျွန်တော်တိုက်ထုတ်မှာပဲ။ ကျန်တဲ့ဟာတွေ ကျွန်တော်ရန်သူမဟုတ်ဘူး။ အခုတိုက်ပွဲက ဘာသာရေးတိုက်ပွဲမဟုတ်ဘူး ၊လူမျိုးရေးတိုက်ပွဲမဟုတ်ဘူး။ အာဏာရှင်ကိုတိုက်ထုတ်ရမယ့် ကျွန်တော်တို့မြန်မာနိုင်ငံထဲမှာ ကျွန်တော်တို့တိုင်းရင်းသားတွေ ညီအစ်ကိုတွေ ဒီမိုကရေစီငြိမ်းချမ်းရေး လွတ်လပ်ရေး လွတ်မြောက်ရေးမြန်မြန်ရဖို့အတွက် အဲဒါ ကျွန်တော်တို့ရပ်တည်ပြီး ကျွန်တော်တို့ပြန်တက်လာတာပဲ။
    − စစ်ကောင်စီက ငြိမ်းချမ်းရေးဆွေးနွေးဖို့ခေါ်နေတဲ့အပေါ် ဘယ်လိုမြင်လဲ။
  • အဲဒါတွေကတော့ လူဆိုတာထမင်းစားတာပဲလေ။ စာတော့တတ်မတတ် ပညာရှိရှိမရှိရှိ ဦးနှောက်တော့ရှိတာပေါ့။ ခဏခဏခေါ်ဆွေးနွေးတာ နှစ် ၇၀ ကျော် တခါမှမပြီးပဲဟာ။ ဘယ်သူမှမသွားတော့ဘူး။ သွားတဲ့လူပဲသွား ကျွန်တော်ကတော့မသွားတော့ဘူး။
    − တော်လှန်ရေးနဲ့ပတ်သက်ပြီး လူထုကို အမှာစကားပါးချင်တာရှိလား။
    − ပြည်သူလူထုကို ကျွန်တော်ပြောချင်တာတစ်ခုကတော့ ပြည်သူလူထုကိုအရမ်းချစ်တယ် ၊အရမ်းလေးစားတယ် အရမ်းယုံကြည်တယ်။ ကျွန်တော်တို့တော်လှန်ရေးလက်နက်ကိုင်သမားတွေဟာ ပြည်သူလူထုထောက်ပံ့မှုတွေရိက္ခာတွေပဲ စားနေရတယ်။ ဒါပေမယ့် အခုပြည်သူလူထုနဲ့ ကျွန်တော်တို့လက်နက်ကိုင်အဖွဲ့အစည်းတွေ တော်လှန်ရေးသမားတွေဟာ ပြည်သူလူထုနဲ့ကျွန်တော်တို့မိဘလိုပဲခေါ်တယ်။ ပြည်သူလူထုဒုက္ခရောက်တဲ့အချိန်မှာ ကျွန်တော်တို့ရင်ဆိုင်ပေးမရဲဘူးလား ၊မရဘူးလား။ မရရင် တော်လှန်ရေးအတုတွေမလုပ်နဲ့ တော်လှန်ရေးအစစ်လုပ်။ တကယ်ဒီလောက် ပြည်သူလူထုဒုက္ခရောက် ကျွန်တော်တို့လက်နက်ကိုင်သမားတွေဟာ ပြည်သူလူထုကျွေးထားတဲ့ထမင်းတွေ၊ ချွေးတွေ ၊ရည်မှန်းထားတဲ့ခံစားချက်တွေဟာ ပြည်သူလူထုဒုက္ခရောက်တဲ့အချိန်မှာ ကျွန်တော်တို့ဒီလိုကြည့်လို့မရဘူးလေ။ တကယ်သစ္စာရှိတဲ့လူတွေဟာ တော်လှန်ပေးရမှာပဲ၊ ကာကွယ်ပေးရမှာပဲ ပြည်သူလူထုကို။ ပြည်သူလူထုလိုအပ်တဲ့ဟာ၊ ကြိုက်တဲ့ဟာ ကျွန်တော်ရပ်တည်ပေးပြီ။ ပြီးတော့ ဗုဒ္ဓဘာသာပဲဖြစ်ဖြစ် ၊ခရစ်ယာန်ပဲဖြစ်ဖြစ် ဘာလူမျိုးဖြစ်ဖြစ် အားလုံးကျွန်တော်တို့သစ္စာရှိတဲ့တော်လှန်ရေးသမား ပြည်သူလူထုတပ်မတော်ပေါ့နော်။ ပြည်သူလူထုတွေ အားလုံးဝိုင်းပြီးဆုတောင်းပေးကြ။ ကျွန်တော်တို့ဘေးအန္တရာယ်ကင်းပါစေ၊ တော်လှန်ရေးမြန်မြန်အောင်မြင်ပါစေ။ မကောင်းတဲ့လူကို သူ့လမ်းသူသွားပါစေ။ အဲဒါပဲဝိုင်းပြီးဆုတောင်းကြ။ အဲဒါပဲကျွန်တော်တောင်းဆိုချင်ပါတယ်။
    −KNDO မှာ နေရင်းစစ်အာဏာရှင်ကိုဘယ်လိုတော်လှန်ဖို့ရှိလဲ။
  • မြန်မာနိုင်ငံထဲမှာ အာဏာရှင်တွေကို ကျနော်တို့ရှင်းထုတ်ရမယ်၊ သတ်ရမှာပဲ။ စကားနဲ့ပြောရရင် ပြောမယ်။ စကားနဲ့ပြောမရရင် တိုက်ထုတ်ရမှာပဲ။
    − တခြားဖြည့်စွက်ပြီး ပြောချင်တာရှိရင် ပြောပေးပါဦး။
  • ပြောချင်တာကတော့ ဘာမှမရှိတော့ဘူးပေါ့ ။အခုကတော့ တစ်ကမ္ဘာလုံး ၊တစ်နိုင်ငံလုံးအားလုံးဝိုင်းပြီးဆုတောင်းကြ။ တစ်ယောက်နဲ့တစ်ယောက်အဆင်မပြေတဲ့အချိန်မှာ ဝိုင်းပြီးဆုတောင်းကြ။ သစ္စာနဲ့တရားကတော့ အမှန်ဆုံးပဲ။ သစ္စာနဲ့တရားက ကျွန်တော်တို့ကိုကူညီနိုင်မှာ။ ပြည်သူလူထုကိုလည်းပြောလိုက် အားမငယ်နဲ့။ မွေးဖွားလာတဲ့ဒီလောကထဲမှာ လူဆိုတာ အသက်ရှင်အပိုနှစ်လုံးမရှိဘူး၊ ခေါင်းလည်းအပိုနှစ်လုံးမရှိဘူး။ သစ္စာဆုံးဖြတ်လိမ့်မယ် ၊ဘုရားတရားတွေဆုံးဖြတ်လိမ့်မယ် ၊သူလမ်းသူသွားလိမ့်မယ်။ အားမငယ်နဲ့ အားလုံးဝိုင်းပြီးဆုတောင်းကြ အဆင်ပြေသွားလိမ့်မယ်နော်။