Connect with us

Hi, what are you looking for?

LuduNwayOo

မေးမြန်းခန်း

“ပြည်သူလူထုတွေလည်း ဝမ်းနည်းမယ့်အစားပေါ့နော် မကျေနပ်မှုနဲ့ ခွန်အားယူပြီးမှ ရှေ့ဆက်ပြီး တော်လှန်ရေးလမ်းကြောင်းပေါ် လမ်းကြောင်းတည့်အောင်ကျွန်​တော်တို့ ကြိုးစားပြီးမှရှေ့ဆက်ဖို့အရေးကြီးတယ်လို့ ပြောလိုပါတယ်”

KIO/KIA အဖွဲ့အစည်း၏ သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူအား People’s Spring ကဆက်သွယ်မေးမြန်းဖော်ပြလိုက်ပါသည်။

(KIO/KIA သတင်းပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီး​နော်ဘူ။ ဓါတ်ပုံ-KIA)
(KIO/KIA သတင်းပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီး​နော်ဘူ။ ဓါတ်ပုံ-KIA)

▪︎KIO/KIA သတင်းပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူနှင့်မေးမြန်းခန်း

ကချင်ပြည်နယ် ဖားကန့်မြို့နယ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ(၉)ဌာနချုပ်နယ်မြေတွင် ကချင်လွတ်လပ်ရေးအဖွဲ့(KIO) အထိန်းအမှတ်နေ့ အကြို ဂီတပွဲ ကျင်းပနေစဉ် စစ်ကောင်စီတပ်က အောက်တိုဘာ ၂၃ရက် ည ၈နာရီခွဲဝန်းကျင်၌တိုက်လေယာဉ်သုံးစီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့၍ ပြည်သူလူထုများ၊ အဆိုတော်များ၊ လုပ်ငန်းရှင်များ ၊ KIA စစ်ဘက်တာဝန်ရှိသူအချို့ နှင့် တပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်မှု ရှိခဲ့ရာ ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး KIO/KIA အဖွဲ့အစည်း၏ သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူအား People’s Spring ကဆက်သွယ်မေးမြန်းဖော်ပြလိုက်ပါသည်။

​မေး-ဖားကန့်ဖြစ်စဉ်ကို သတင်းကြားရလို့ပါ။စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် အဆိုတော်တွေရော ပြည်သူလူထုတွေရော KIA စစ်ဘက်ကရော အထိအခိုက်များတယ်လို့သိရပါတယ်။ အခြေအနေတွေကို ရှင်းပြပေးပါလား။

Public Service Announcement

Public Service Announcement

​ဖြေ-အခြေအနေကတော့ မနေ့က အောက်တိုဘာလ ၂၃ရက်နေ့ည ၈နာရီကျော် ၉နာရီ အချိန်လောက်မှာ စစ်ကောင်စီရဲ့ တိုက်ခိုက်ရေး လေယာဉ်ပေါ့ ဂျက်ဖိုက်တာနဲ့ လာပြီးမှ ဗုံးကြဲတိုက်ခိုက်တာ ဖြစ်ပါတယ်။ ကျွန်​တော်တို့ တပ်မဟာ(၉)ရဲ့ ဌာနချုပ်နယ်မြေမှာ ဖြစ်ပါတယ်။

​မေး- ဘာကြောင့် တိုက်တယ်လို့ သိထားရပါသလဲ။

​ဖြေ-အဲဒါကတော့ ကျွန်​တော်လည်း ပြောလို့မတက်ဘူး။ ဒါပေမဲ့ ရှိတာကတော့ ကျွန်​တော်တို့က KIO နှစ်ပတ်လည်နေ့ ပေါ့နော် ရောက်ဖို့ အကြိုနေ့ည ဖြစ်ပါတယ်။ ကျွန်​တော်တို့အရပ်ဘက်က ဥပမာ အနုပညာရှင်တွေ၊တခြားစီးပွားရေး လုပ်ငန်းရှင်တွေလည်း အားလုံးစုဝေးနေတဲ့အချိန်ကာလဖြစ်ပါတယ်။ ဒါက သူတို့သိလျက်နဲ့အစီအစဉ်ရှိရှိနဲ့လာပစ်တယ်လို့ပြောလို့ရမှာပေါ့။ စစ်ဆင်ရေးလည်းမရှိဘူးတိုက်ပွဲလည်းမရှိဘူး။ နောက်ပြီးတော့ ညသန်းခေါင်ယံလည်းဖြစ်နေတယ်။ဆိုတော့ တမင်တကာ အစီအစဉ်ရှိရှိနဲ့ ကျွန်တော်တို့ ပြည်သူလူထုနဲ့ အတူတူနေတဲ့အချိန်လာပစ်တယ်လို့ပြောလို့ရပါတယ်။

​မေး-ဒီတိုက်ခိုက်မှုကြောင့်သေဆုံးထိခိုက်အ​ခြေအ​နေဘယ်လောက်လို့သိရပါသလဲ။

Public Service Announcement

Public Service Announcement

​ဖြေ-အတိအကျတော့ ကျွန်​တော်တို့လည်း မသိဘူး။ ဆိုရှယ်မီဒီယာမှာ ရေးကြတာကတော့ ၅၀၊ ၆၀တို့၊ ၃၀ လို့ အမျိုးမျိုးရေးကြတာပေါ့။ ဒါပေမဲ့ ဘယ်သူမှ အဲဒီနေရာမှာ မရှိဘူး။ ဖားကန့်မှာလည်း မနက်က စပြီးတော်တော်လည်းတင်းတင်းကြပ်ကြပ် စစ်ဆေးတာတွေလည်းရှိပါတယ်။ ဂိတ်တွေကနေ သွားခွင့်မပေးဘူးပေါ့နော်။ အဲဒီတော့ ဘယ်သူမှ လာပြီးမှ စိစစ်တယ်ဆိုတာမရသေးဘူး။ ကျွန်တော်တို့ဘက်က ဒဏ်ရာရတဲ့သူတွေကို ပြုစုတာတွေ ကုသပေးတာတွေ နောက်တစ်ခုရှိတာကတော့ ကျဆုံးသွားတဲ့ အလောင်းတွေ ပြန်ကောက်ပြီး သဂြိုလ်ဖို့ အစီအစဉ်ရှိပါတယ်။ ဒါလောက်ပဲရှိပါတယ်။ ဆိုတော့ ဘယ်သူက ရေးတာ ဘယ်သူ ပြောတာ မှန်တယ်မှားတယ်ဆိုပြီး ခွဲခြားပြီးမှ အတည်ပြုပြောလို့တော့မရဘူးပေါ့။ ဟိုဘက်က နေ အတည်ပြုပေးနိုင်တဲ့ စာရင်းဇယားတွေအခုထက်ထိကျနော်တို့ဆီလှမ်းပို့တာမရှိသေးဘူး။

​မေး-အနုပညာရှင်​တွေအပါအဝင်ပြည်သူ​တွေသေဆုံးဒဏ်ရာရမှုများတဲ့အတွက် ဘယ်လိုအခက်အခဲ​တွေကြုံ​နေရပါ​သေးလဲ ။

​ဖြေ- ခက်ခဲတာကတော့ ရှိမှာပေါ့။ ကျွန်​တော်တို့လည်း အဲဒီဘက်မှာ သိပ်ပြီးမှ ဆေးဝန်ထမ်းတွေ၊ ဆေးဝါးတွေ ပြည့်ပြည့်စုံစုံ ရှိတဲ့ ဆေးရုံတွေလည်း မရှိဘူးဆိုတော့ ခက်ခဲမှာပေါ့။

​မေး- ဒီလိုလူထုတွေစုဝေးနေတာကိုသိလျက်နဲ့ တိုက်ခိုက်တဲ့ လုပ်ရပ်အပေါ် ဘာပြောလိုပါသလဲ။

​မေး-လူမဆန်တဲ့ကိစ္စလို့ပဲ တုံ့ပြန်ပြောရမှာပဲ။ ဘာကြောင့်လဲဆိုတော့ ရန်သူအချင်းချင်းတိုက်ခိုက်တာမဟုတ်ဘူး။ ပြည်သူလူထုနဲ့ရောပြီးနေတဲ့ဟာသိပြီးသားဖြစ်နေတယ်။ ဆိုတော့ ပြည်သူလူထုတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်တဲ့ ပုံစံမျိုးဖြစ်ပါတယ်။ ဒါက စစ်ရာဇဝတ်မှု မြောက်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ KIO အနေနဲ့ တော့ ဒီနေ့ကတော့ ဝမ်းနည်းတဲ့ အထိမ်းအမှတ်နေ့ သတ်မှတ်ပြီးမှ ကျွန်တော်တို့ ကချင်နိုင်ငံတော် အလံတွေကိုလည်း တစ်ဝက်ပဲ လွှင့်ထူပြီးမှ အလေးပြု ဝမ်းနည်းကြောင်းပေါ့ လေးပြုနေတဲ့နေ့လည်းဖြစ်ပါတယ်

​မေး-စစ်ကောင်စီရဲ့ ဒီလုပ်ရပ်အတွက် နောက်ဆက်တွဲသက်ရောက်မှုတွေဘယ်လိုရှိလာနိုင်ပါသလဲ။

​ဖြေ-ကျွန်​တော်တို့ ကချင်တွေကတော့အခုလိုမျိုးတိုက်ခိုက်ခံရတယ်ဆိုတော့ ကချင်တမျိုးသားလုံးကတော့ စစ်ကောင်စီတွေကိုတော့ မကျေနပ်မှုတွေ ပိုပြီးတော့များမှာပေါ့။ အမုန်းတရားတွေပိုပြီးများမယ်။ ဆိုတော့ ကျနော်တို့ မြန်မာနိုင်ငံရဲ့ မတည်ငြိမ်ဖြစ်မှုတွေက ပိုပြီးမှ ဖြစ်ပွားစေနိုင်တယ်လို့ ကျွန်​​တော်ကသုံးသပ်ပါတယ်။

​မေး-စစ်ကောင်စီအနေနဲ့ ကချင်ဒေသ အပါအဝင် ဒေသအသီးသီးမှာ လူထုတွေကို အခုလို တိုက်ခိုက်တဲ့ လုပ်ရပ်တွေ ဆက်တိုက်လုပ်နေတာ ဘယ်လိုမြင်မိလဲ ပြည်သူလူထုတွေကိုဘာပြောလိုလဲ။

​ဖြေ-သူတို့ကတော့အမြဲတမ်းကျွန်​တော်တို့ ပြောနေတဲ့ဟာ စစ်အာဏာရှင်စနစ်ပေါ့ ကျွန်​တော်တို့ တိုင်းရင်းသားတွေကိုဖိနှိပ်တာပေါ့ ။နောက်တစ်ခုရှိတာက သူတို့က တကယ့် မဟာလူမျိုးကြီး ဝါဒနဲ့ ကျနော်တို့ကို အခုလိုမျိုးလုပ်တာပေါ့။ ကျွန်​​တော်တို့ တိုင်းရင်းသားတွေကို ဒုတိယလူတန်းစားလို့ သတ်မှတ်ပြီး ကျွန်​တော်တို့ကို အနိုင်ကျင့်နေတာ။ အဲဒါကြောင့် ခဏခဏ အဲဒါမျိုးတွေလုပ်တာရှိပါတယ်။ ကျွန်​တော်တို့ကတော့ ဒီလို ခံစားရပါတယ်။ သူတို့ဘက်က ဘယ်လိုခံစားသလဲတော့ ကျနော်တို့လည်း မသိဘူး။ ဒါပေမဲ့ ပြည်သူလူထုကို တိုက်ခိုက်တယ်ဆိုတာကတော့ အမျိုးသားရေးတိုက်ခိုက်မှုတစ်ခုပဲဖြစ်ပါတယ်လို့ ကျွန်​တော်တို့ ဒီလို ခံစားရပါတယ်။

​မေး-တစ်နိုင်ငံလုံးအတိုင်းအတာမှာ စစ်ကောင်စီကဒီလိုအကြမ်းဖက်မှုတွေအပေါ် တစ်နိုင်ငံလုံးက လူထုတွေကိုဘာပြောလိုပါသလဲ။

​ဖြေ- ပြည်သူလူထုအနေနဲ့လည်း နောက်မဆုတ်စတမ်း ရှေ့ဆက်ပြီးမှ တော်လှန်ရေးက ဆက်လုပ်ရမှာပဲ။ သူတို့ ဒီလိုမျိုးတိုက်ခိုက်မှုလုပ်လေလေကျွန်​တော်တို့တော်လှန်ရေးအရှိန်အဟုန်ကပိုပြီးလုပ်ဖြစ်မှာပါ။ ပြည်သူလူထုတွေလည်း ဝမ်းနည်းမယ့်အစားပေါ့နော် မကျေနပ်မှုနဲ့ ခွန်အားယူပြီးမှ ရှေ့ဆက်ပြီး တော်လှန်ရေးလမ်းကြောင်းပေါ် လမ်းကြောင်းတည့်အောင်ကျွန်​တော်တို့ ကြိုးစားပြီးမှရှေ့ဆက်ဖို့အရေးကြီးတယ်လို့ ပြောလိုပါတယ်။ ။