Connect with us

Hi, what are you looking for?

News

မြန်မာ့အရေး အာဆီယံရဲ့ ဘုံသဘောတူညီမှု ၅ ချက်မှာ ဖမ်းဆီးခံတွေလွှတ်ပေးရေးမပါ

မြန်မာ့အရေးအတွက် အာဆီယံက ကြားဝင် ဖြေရှင်းပေးဖို့ အဖွဲ့ဝင် နိုင်ငံတွေကြား ရရှိခဲ့တဲ့ ဘုံသဘောတူညီမှု ၅ ချက်ကို အာဆီယံ ဥက္ကဋ္ဌဖြစ်တဲ့ ဘရူနိုင်း နိုင်ငံက ကြေညာခဲ့ပါတယ်။

အစောပိုင်းမှာ မလေးရှား၊ အင်ဒိုနီးရှားနဲ့ စင်ကာပူ နိုင်ငံ ခေါင်းဆောင်တွေက သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ အဲဒီ အချက် ၅ ခုကို မူအားဖြင့် ထုတ်နုတ် ပြောဆိုထားခဲ့ပြီးပါပြီ။ အနှစ်ချုပ် အနေနဲ့ အဲဒီ အချက်တွေကတော့

  • မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေ အားလုံး ချက်ချင်း ရပ်ဆိုင်းဖို့၊ အစုအဖွဲ့ အားလုံးက နောက်ထပ် အကြမ်းဖက်မှုတွေ ပေါ်ပေါက်မလာအောင် ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြဖို့
  • မြန်မာ့နိုင်ငံရေးနဲ့ ဆက်နွှယ်တဲ့ အဖွဲ့အစည်းအားလုံး အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့
  • အာဆီယံရဲ့ အထူးကိုယ်စားလှယ် အဖွဲ့က မြန်မာ့အရေး ဆွေးနွေးမှုတွေ အထမြောက်စေဖို့ ကြားဝင် ညှိနှိုင်း ဆောင်ရွက်ပေးဖို့
  • လူသားချင်း စာနာမှု အထောက်အပံ့ အစီအစဉ်တွေ မြန်မာဖက်က အမြန်ဆုံး လက်ခံပေးဖို့
  • မြန်မာ့နိုင်ငံရေးနဲ့ ဆက်နွှယ်တဲ့ အဖွဲ့အစည်း အားလုံးနဲ့ အာဆီယံ ကိုယ်စားလှယ်တွေ တွေ့ဆုံကြဖို့ ဆိုတာတွေ ဖြစ်ပါတယ်။

အရှေ့တောင်အာရှ ၁၀ နိုင်ငံ စုစည်းထားတဲ့ အာဆီယံ အဖွဲ့ဟာ ပြည်တွင်းရေး ဝင်မစွက်တဲ့ မူဝါဒကို ကိုင်ဆွဲထားပေမယ့် မြန်မာ့ အရေးမှာတော့ ထူးခြားတဲ့ အခြေအနေ တစ်ရပ်အနေနဲ့ ဘုံသဘောတူညီမှုတွေ ညှိနှိုင်း ဖော်ထုတ်ခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူတွေကို သတ်ဖြတ်ဖို့အတွက် ဒရုန်းနည်းပညာကို အသုံးပြုနေတဲ့ စစ်တပ်ကို အာဆီယံဒေသဆိုင်ရာဖိုရမ်(ARF) ရဲ့ မောင်းသူမဲ့လေယာဉ်စနစ်- ဒရုန်းဆိုင်ရာ အလုပ်ရုံဆေးနွေးပွဲကို တက်ရောက်ခွင့် မပေးဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။

သတင်း

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး(အာဆီယံ)က မြန်မာနိုင်ငံအတွက် အထူးကိုယ်စားလှယ်အသစ် ခန့်အပ်ဖို့ မလိုတော့ကြောင်း အာဏာသိမ်း မြန်မာစစ်တပ်ရဲ့ ပြောကြားမှုကို အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော်အမတ်များအဖွဲ့ (APHR)က ပယ်ချခဲ့ပါတယ်။