Connect with us

Hi, what are you looking for?

News

မိုးမောက်တွင် အ​လောဘွမ်​စခန်းကို ဦးတည်​သောတိုက်ပွဲများ ဆက်လက်ပြင်းထန်

ကချင်ပြည်နယ် မိုးမောက်မြို့နယ်မြို့သစ်ရွာအနီးတွင် ကချင်လွတ်လပ်​ရေးတပ်မ​တော်(KIA)နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့ အကြား ယနေ့တိုက်ပွဲဆက်လက်ပြင်းထန်​နေဆဲဖြစ်​ကြောင်းဒေသခံ အချို့က ပြောသည်။

မိုးမောက်မြို့နယ် အတွင်းရှိ စစ်ကောင်စီ၏ အလော့ဘွမ်တပ်စခန်းကို KIAက မတ်လ ၂၅ ရက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီက အဆိုပါတပ်စခန်းပြန်လည်ရရှိရေးအတွက် ဧပြီ ဒုတိယပတ်မှစ၍ မြေပြင်နှင့် ဝေဟင်မှ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။

“တိုက်တာ ရက်ကြာနေပြီ။ ဒီ(စစ်ကောင်စီ)ကလည်းထပ်ထိုး ဟို(KIA)ကလည်း ပြန်တိုက် ခံတိုက် နဲ့ တောက်‌‌ေလျှာက်ဖြစ်နေတယ်။လေယာဉ်လည်း တောက်လျှောက်သုံးနေတယ်တိုက်။ လေယာဉ်က တိုက်လေယာဉ်နဲ့ ရဟတ်ယာဉ် နဲ့ တောက်လျောက်သွားနေတယ်။ အလော့ဘွမ် ဘက်ကို ဦးတည်နေတယ်လို့ သိရတယ် အဲဒီပတ်ဝန်းကျင်ဖြစ်တယ်ဆိုတော့ သူ့ကို ဦး‌တည်နေတယ်လို့ပဲယူဆရတာပေါ့”ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ပွဲက ပိုမိုကျယ်ပြန့်လာနိုင်သည့် အခြေ‌အနေဖြစ်သည်ဟု၎င်းက သုံးသပ်သည်။
ယနေ့မြို့သစ် ရွာ၊ ကုန်းလော ရွာ တစ်ဝိုက်ဖြစ်ပွားနေသည့် တိုက်ပွဲတွင် စစ်ကောင်စီက လေယာဉ်ဖြင့် ဆက်လက်တိုက်ခိုက်ခဲ့သည်ဟု မြစ်ကြီးနားဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

“သူတို့(စစ်ကောင်စီ)ကလည်း အဓိကတော့ အလော့ဘွမ်ကို ပြန်ရအောင် တိုက်မယ်ဆိုတော့ အဲဒီနားက အဓိကဖြစ်နေတာ။အဲဒီကနေ ဖြတ်သွားရမယ်လေ။ KIA လည်း အဲဒါကို အဓိကထားပြီး တိုက်နေတာ။”ဟု အထက်ပါမြစ်ကြီးနား​ဒေသခံက ပြောသည်။

အလော့ဘွမ်တပ်စခန်းကို ၁၉၈၇ခုနှစ်မှစ၍ စစ်တပ်က နေရာယူထားရာ နှစ်ပေါင်း၃၀ကျော်အကြာ ယခုနှစ် မတ်လတွင် KIAက ပြန်လည်တိုက်ခိုက် သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

အ​လော့ဘွမ်​တောင်စခန်းကို အာဏာသိမ်းစစ်​ကောင်စီက ပြန်သိမ်းပိုက်နိုင်ရန် ကြည်း​ကြောင်း ၊ ​လေ​ကြောင်းမှ ထိုးစစ်ဆင်​နေ​သော်လည်း
စစ်​ကောင်စီတပ်ဖွဲ့ဝင်များပင်​သေဆုံး ဒဏ်ရာရမှုများ​နေသည် ။ ဧပြီ ၂၄ ရက်က ​လေ​ကြောင်းတိုက်ခိုက်မှုတွင် စစ်​ကောင်စီတပ်ဖွဲ့ဝင်ချင်း ပစ်မိ၍အများအပြား​သေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် အင်းတော်ဒေသမှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကချင်ပြည်နယ်၊ရွှေကူမြို့နယ်ထဲမှာ တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေပြီး မြို့ထဲက အာဏာသိမ်းစစ်‌တပ်ရဲ့စခန်းတွေ KIA နဲ့ KPDF တို့က တိုက်ခိုက်တဲ့အတွက် စစ်တပ်သေဆုံးထိခိုက်မှုတွေရှိတယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်မှာ တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။