Connect with us

Hi, what are you looking for?

News

မိုးမောက်တွင် အ​လောဘွမ်​စခန်းကို ဦးတည်​သောတိုက်ပွဲများ ဆက်လက်ပြင်းထန်

ကချင်ပြည်နယ် မိုးမောက်မြို့နယ်မြို့သစ်ရွာအနီးတွင် ကချင်လွတ်လပ်​ရေးတပ်မ​တော်(KIA)နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့ အကြား ယနေ့တိုက်ပွဲဆက်လက်ပြင်းထန်​နေဆဲဖြစ်​ကြောင်းဒေသခံ အချို့က ပြောသည်။

မိုးမောက်မြို့နယ် အတွင်းရှိ စစ်ကောင်စီ၏ အလော့ဘွမ်တပ်စခန်းကို KIAက မတ်လ ၂၅ ရက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီက အဆိုပါတပ်စခန်းပြန်လည်ရရှိရေးအတွက် ဧပြီ ဒုတိယပတ်မှစ၍ မြေပြင်နှင့် ဝေဟင်မှ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။

“တိုက်တာ ရက်ကြာနေပြီ။ ဒီ(စစ်ကောင်စီ)ကလည်းထပ်ထိုး ဟို(KIA)ကလည်း ပြန်တိုက် ခံတိုက် နဲ့ တောက်‌‌ေလျှာက်ဖြစ်နေတယ်။လေယာဉ်လည်း တောက်လျှောက်သုံးနေတယ်တိုက်။ လေယာဉ်က တိုက်လေယာဉ်နဲ့ ရဟတ်ယာဉ် နဲ့ တောက်လျောက်သွားနေတယ်။ အလော့ဘွမ် ဘက်ကို ဦးတည်နေတယ်လို့ သိရတယ် အဲဒီပတ်ဝန်းကျင်ဖြစ်တယ်ဆိုတော့ သူ့ကို ဦး‌တည်နေတယ်လို့ပဲယူဆရတာပေါ့”ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ပွဲက ပိုမိုကျယ်ပြန့်လာနိုင်သည့် အခြေ‌အနေဖြစ်သည်ဟု၎င်းက သုံးသပ်သည်။
ယနေ့မြို့သစ် ရွာ၊ ကုန်းလော ရွာ တစ်ဝိုက်ဖြစ်ပွားနေသည့် တိုက်ပွဲတွင် စစ်ကောင်စီက လေယာဉ်ဖြင့် ဆက်လက်တိုက်ခိုက်ခဲ့သည်ဟု မြစ်ကြီးနားဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

“သူတို့(စစ်ကောင်စီ)ကလည်း အဓိကတော့ အလော့ဘွမ်ကို ပြန်ရအောင် တိုက်မယ်ဆိုတော့ အဲဒီနားက အဓိကဖြစ်နေတာ။အဲဒီကနေ ဖြတ်သွားရမယ်လေ။ KIA လည်း အဲဒါကို အဓိကထားပြီး တိုက်နေတာ။”ဟု အထက်ပါမြစ်ကြီးနား​ဒေသခံက ပြောသည်။

အလော့ဘွမ်တပ်စခန်းကို ၁၉၈၇ခုနှစ်မှစ၍ စစ်တပ်က နေရာယူထားရာ နှစ်ပေါင်း၃၀ကျော်အကြာ ယခုနှစ် မတ်လတွင် KIAက ပြန်လည်တိုက်ခိုက် သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

အ​လော့ဘွမ်​တောင်စခန်းကို အာဏာသိမ်းစစ်​ကောင်စီက ပြန်သိမ်းပိုက်နိုင်ရန် ကြည်း​ကြောင်း ၊ ​လေ​ကြောင်းမှ ထိုးစစ်ဆင်​နေ​သော်လည်း
စစ်​ကောင်စီတပ်ဖွဲ့ဝင်များပင်​သေဆုံး ဒဏ်ရာရမှုများ​နေသည် ။ ဧပြီ ၂၄ ရက်က ​လေ​ကြောင်းတိုက်ခိုက်မှုတွင် စစ်​ကောင်စီတပ်ဖွဲ့ဝင်ချင်း ပစ်မိ၍အများအပြား​သေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် စစ်တပ်ရဲ့ အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်-စကခ(၂၁)ရဲ့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မိုးစိန်းကျွန်းကို သိမ်းပိုက်နိုင်ဖို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနရဲ့ အောက်တိုဘာ ၂၈ရက် သတင်းဖော်ပြပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ စစ်တပ်တို့တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က ခလရ(၄၇)တပ်ရင်းဘက်ကို အလုံးအရင်းနဲ့ ထိုးစစ်ဆင်နေသလို KIA ပူးပေါင်းတပ်ကလည်း အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်-စကခ(၂၁) ကို တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ် မြို့သစ်ဒေသက တံတားကို အာဏာသိမ်းစစ်တပ်က တိုက်ခိုက်ဖျက်ဆီးခဲ့တဲ့ ရည်ရွယ်ချက်ဟာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ရဲ့ ထောက်ပို့လမ်းကြောင်းကို ဖြတ်တောက်ပြီး ဗန်းမော်မြို့ကို ထိန်းချုပ်လို၍ ဖြစ်နိုင်ကြောင်း KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။