Connect with us

Hi, what are you looking for?

LuduNwayOo

News

ကချင်တိုက်ပွဲတွင် KIA နှင့်အတူ အခြားတိုင်းရင်းသား တပ်အချို့ ပူး​ပေါင်းတိုက်ခိုက်

ကချင်ပြည်နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်များနှင့် ဖြစ်ပွားနေသည့် တိုက်ပွဲများတွင် ကချင်လက်နက်ကိုင်အဖွဲ့(KIA)နှင့်အတူ အခြားတိုင်းရင်းသားလက်နက်ကိုင်တပ်မှ တပ်ဖွဲ့ဝင်အချို့လည်း ပူး​ပေါင်းပါဝင်တိုက်ခိုက်လျက်ရှိဟု လက်နက်ကိုင်အဖွဲ့များနှင့်နီးစပ်သူအချို့က ပြောသည်။

ကချင်ဒေသခံနှင့် ချင်းဒေသခံတို့၏ ပြောဆိုချက်အရ ရခိုင်လက်နက်ကိုင်အဖွဲ့ (ULA/AA) နှင့် ချင်းအမျိုးသားတပ်ဦး(CNF/CNA)တပ်ဖွဲ့ဝင်များ KIA နှင့်အတူ ပူးပေါင်းပြီး လတ်တလောကချင်ပြည်နယ်တိုက်ပွဲ၌ ပါဝင်လျက်ရှိကြောင်းသိရသည်။

“ကျွန်တော်သိတာ အခုလောလောဆယ် AA တော့ ပါတယ်။ (CNF တပ်ဖွဲ့ဝင် ပါဝင်မှု) ဖြစ်နိုင်ခြေတော့ ရှိနိုင်တယ်။ အဲဒီမှာ ကျောင်းတက်တာလည်းရှိတယ် သင်တန်းတက်တာလည်းရှိတယ်”ဟု ကချင်ဒေသခံ တစ်ဦးက ပြောသည်။

ချင်းဒေသခံတစ်ဦးက‌လည်း CNF က ယခုရက်ပိုင်းအတွင်း ၎င်းတို့ တပ်ဖွဲ့ဝင်အချို့ ကျဆုံးကြောင်း သတင်းများ ထုတ်ပြန်နေရာ ကချင်ဒေသ တိုက်ပွဲ၌ ကျဆုံးခြင်းဖြစ်နိုင်ခြေများဟု မှတ်ချက်ပြုသည်။

“ဒီတစ်ခေါက်ပဲ မဟုတ်ဘူးပေါ့။ အရင်တုန်းက လည်း လိုင်ဇာမှာ ၂၀၁၄က တပ်က ပစ်တဲ့အချိန်မှာလည်း သူတို့ပါတယ်။ ဒါပေမဲ့ အခုက သူတို့က ဘယ်နေရာမှာကျတယ်ဆိုတာ မဖော်ပြဘူးဆိုတော့ ဟိုဘက်(ကချင်ဘက်)မှာတော့ဖြစ်မယ်။ သိတဲ့အတိုင်းလေ ချင်းပြည်မှာက CNF နာမည်နဲ့ တိုက်ပွဲမှ မဖြစ်တာ”ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

CNFက ၎င်းတို့ တပ်ဖွဲ့မှ ဗိုလ်လောင်း မျိုးထွန်းလင်းလွင်သည် မေလ ၇ရက်တွင် တိုက်ပွဲ၌ ကျဆုံးခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ သို့ရာတွင် မည်သည့် ဒေသ၌ ဖြစ်သည့် တိုက်ပွဲ၌ ကျဆုံးခဲ့သည်ကို ‌မဖော်ပြခဲ့ပေ။

ယင်းနှင့်ပတ်သတ်၍ အခြား ချင်းတိုင်းရင်းသားတစ်ဦးက “ဘယ်နေရာ ဆိုတာ သူတို့က အတိအကျမပြောဘူး ။ ဟိုတလောက ဧပြီလတုန်းက တစ်ယောက်ကျသွားတာ က ကချင်မှာ။ ဒါပေမဲ့ အခုကျတာက ဘယ်မှာလဲဆိုတာ သူတို့လည်း အတိအကျမရေးဘူး”ဟု ပြောသည်။

ဧပြီ ၁၆ရက်က CNF က ၎င်းတို့တပ်ဖွဲ့မှ ဒုတပ်ကြပ်ထန်လှုပ် ရှေ့တန်း၌ ကျဆုံးခဲ့ကြောင်းကို သတင်းထုတ်ပြန်ခဲ့သည်။ထိုစဉ်ကလည်း နေရာဒေသကို မဖော်ပြခဲ့ပေ။
ကချင်တိုက်ပွဲ၌ CNF တပ်ဖွဲ့ဝင်အချို့ ပါဝင်တိုက်ခိုက်မှု ရှိမရှိနှင့် ပတ်သတ်၍ KIA သတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူအား မေးမြန်းရာ ၎င်းးအနေဖြင့် မကြားမိဟု ဖြေကြားသည်။ CNF ပြောရေးဆိုခွင့်ရှိသူ အချို့အား မေးမြန်းရန် ဆက်သွယ်ရာတွင်လည်း အဆက်အသွယ် မရပေ။

CNF အနေဖြင့် ၎င်းတို့ တပ်ဖွဲ့ဝင်များအား KIA ဒေသသို့ သင်တန်းတက်ရန် ယခင်ကတည်းက ရှိခဲ့သည်။ ၂၀၁၄ တွင် KIA ဗိုလ်လောင်း သင်တန်းကျောင်းအား စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ ကျဆုံးခဲ့သူများတွင် CNF တပ်ဖွဲ့ဝင် တစ်ဦး ပါဝင်သည်။

ရခိုင်အဖွဲ့( AA)၊ တအာင်းအဖွဲ့ ( TNLA)၊ ကိုးကန့်အဖွဲ့(MNDAA)တို့သည်လည်း KIA နယ်မြေတွင် စစ်သင်တန်းတက်ခဲ့ပြီး တပ်ဖွဲ့စုဖွဲ့မှု ပိုမိုအားကောင်းအောင် လုပ်ဆောင်ခဲ့သည်။

ထို့ပြင် KIA နယ်မြေအတွင်း အခြေချခဲ့သည့် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF) အနေဖြင့်လည်း KIAနှင့်အတူ ပူးပေါင်းတိုက်ပွဲဝင်မှုများ ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

KIA ရုံးနှင့် တပ်ဖွဲ့ဝင်များကို အောက်တိုဘာ ၁၅ရက်နောက်ဆုံးထား ကွတ်ခိုင်မြို့မှ ထွက်ခွာရန် TNLA နယ်မြေခံတပ်မှူးများက ပြောကြားခဲ့သည့်အခြေအနေနှင့်ပတ်သက်ပြီး လွေးယေဦးက ယခုကဲ့သို့ ရှင်းပြခြင်းဖြစ်သည်။

သတင်း

ကွတ်ခိုင်ရှိ KIA ဆက်ဆံရေးရုံးနှင့် KIA တပ်ဖွဲ့ဝင်များ ဧပြီ ၁၅ရက် ယနေ့ နောက်ဆုံးထား ဖယ်ရှားရန် TNLAဘက်က ဧပြီ ဒုတိယပတ်အတွင်း နှစ်ကြိမ်လာရောက်ပြောဆိုခဲ့မှု အပေါ် နှစ်ဖက်အရာရှိများ ဆွေးနွေးညှိနှိုင်းခဲ့ကြခြင်းဖြစ်သည်ဟုဆိုသည်။

သတင်း

TNLAဘက်က ပြောကြားလာသည့် ဖြစ်စဉ်မှာ မှန်ကန်သော်လည်း ဖယ်ပေးမည်မဟုတ်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။