Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီတပ်စခန်းတစ်ခုကို ချင်းCDF သိမ်းပိုက်ပြီး မီးရှို့ဖျက်ဆီး

ထိုသို့ သိမ်းပိုက်ရာတွင် စခန်းရှိ ရဲနှင့် စစ်သားများက ကြိုတင် တိမ်းရှောင်သွား၍ တိုက်ပွဲ မဖြစ်ခဲ့ပေ။

ချင်းပြည်နယ် ဆူခွားမြို့ရှိ အာဏာသိမ်းစစ်ကောင်စီတပ်စခန်းတစ်ခုအား သိမ်းပိုက်ပြီး မီးရှို့ဖျက်ဆီးခဲ့သည့် ဓာတ်ပုံများကို ချင်းအမျိုးသားကာကွယ်ရေးတပ်(CDF) က ယနေ့ ညပိုင်း၌ထုတ်ပြန်သည်။

ယနေ့ မနက်ပိုင်း ၁၁ နာရီခွဲ ဝန်းကျင်တွင် ချင်းပြည်နယ် ဟာခါးမြို့နှင့် မိုင် ၅၀ခန့် အကွာရှိ ဆူခွား မြို့ရှိအကြမ်းဖက် စစ်အာဏာရှင်၏ တပ်စခန်းကို CDF-Hakha မှ သိမ်းပိုက်ခဲ့သည်။

ထိုသို့ သိမ်းပိုက်ရာတွင် စခန်းရှိ ရဲနှင့် စစ်သားများက ကြိုတင် တိမ်းရှောင်သွား၍ တိုက်ပွဲ မဖြစ်ခဲ့ပေ။

အဆိုပါ တပ်စခန်းရှိ ရဲ ၇ဦး စစ်သည် ၄ဦး တို့သည် ဂန့်ဂေါမြို့သို့ တိမ်းရှောင်သွားခြင်းဖြစ်ကြောင်း ချင် ဒေသခံ ကပြောသည်။

Public Service Announcement

Public Service Announcement

စစ်သူပုန်တွေ ခြေကုတ်ယူထားသည့် နေအိမ် (၄)ခုနှင့်အတူ အချို့​​​သော စာရွက်စာတမ်းများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ လူ့အသက် အန္တရယ်ပေးနိုင်သော လက်နက်များလည်း သိမ်းယူခဲ့ ကြောင်း CDFက ထုတ်ပြန်သည်။

CDF အနေဖြင့် စစ်ကောင်စီ တပ်စခန်းကို ပထမဆုံးအကြိမ် သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊တွန်းဇံမြို့နယ်ထဲက စစ်တပ်လက်အောက်ခံ ဇိုမီးတပ် ZRA-EC ရဲ့ နတ်ဇံကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်းချင်းဒေသကာကွယ်ရေးတပ်(CDF)-တွန်းဇံကသတင်းထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ဟားခါးမြို့နယ် အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါး တပ်ဖွဲ့တွင်း ဦးဆောင်သူအချင်းချင်း ပစ်ခတ်မှုမှာ အဖွဲ့ ဒုဥက္ကဋ္ဌဟောင်း ဆလိုင်းဆန်းလင်းကွယ်လွန်သွားခဲ့ပါတယ်။

သတင်း

စစ်ရေးအခြေအနေတွေကြောင့် ဟားခါးမြို့အနီးဝန်းကျင်ရှိ တောတောင်များ၊ စစ်ရေးလှုပ်ရှားမှုဖြစ်ပွားနိုင်တဲ့ နေရာတွေနဲ့ လူသွားလာမှုနည်းပါးတဲ့ ဒေသတွေကို မလိုအပ်ဘဲ သွားလာခြင်းမပြုကြဖို့ ချင်းဒေသကာကွယ်ရေးတပ်(CDF)- ဟားခါးက ပြည်သူတွေကို မေတ္တာရပ်ခံလိုက်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ဟားခါးမြို့က လူငယ် ၃ဦးကို ဖမ်းဆီးသတ်ဖြတ်ပြီး ရုပ်အလောင်းဘေး လက်နက်တွေချကာ ဓာတ်ပုံရိုက်ဝါဒဖြန့်တဲ့ စစ်ကောင်စီတပ်ရဲ့ လုပ်ရပ်ကို ကန့်ကွက်ရှုတ်ချကြောင်း ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါးက ထုတ်ပြန်ပါတယ်။

Facebook