Connect with us

Hi, what are you looking for?

News

လမ်းမတော်မှာ အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရပြီး ဗုံး ၂ ကြိမ်ပေါက်ပြီးနောက် လုံခြုံရေးတင်းကျပ်

လမ်းမတော်မြို့နယ်မှာ အုပ်ချုပ်ရေးမှူးတစ်ဦး အသတ်ခံရပြီး ဗုံး ၂ ကြိမ်ပေါက်ကွဲပြီးနောက် စစ်ကားတွေ အင်နဲ့အားနဲ့ ရောက်ရှိစစ်ဆေးတာတွေ လုပ်နေတယ်လို့ သိရပါတယ်။

လမ်းမတော် ကိုင်းတန်း(၈)လမ်း လမ်းမပေါ်မှာ အုပ်ချုပ်ရေးမှူးတစ်ဦး ဦးခေါင်းဒဏ်ရာနဲ့ လဲကျသေဆုံးနေပြီး အဲ့ဒီအုပ်ချုပ်ရေးမှူးဟာ လမ်းမတော် (၃)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမျိုးလွင် ဖြစ်တယ်လို့ သိရပါတယ်။

သေနတ်ဒဏ်ရာနဲ့ ဦးခေါင်းပွင့် သေဆုံးတယ်လို့ ပြောနေကြပေမဲ့ ခုချိန်ထိတော့ အတည်ပြုလို့မရသေးပါဘူး။

လမ်းမတော်မြို့နယ်အတွင်း ဒီကနေ့ မနက် ၅ နာရီခွဲနဲ့ ၇ နာရီ ၅ မိနစ်အချိန်တွေမှာ ဗုံးပေါက်ကွဲမှု ၂ ကြိမ်ဆက် ဖြစ်ပွားခဲ့ပါတယ်။

“မနက်အစောကြီး ပေါက်ကွဲမှု ၂ ကြိမ် အသံအကျယ်ကြီးကြားရတယ်။ ပထမဗုံး တစ်ကြိမ်ပေါက်ပြီးချိန်လောက်မှာ အုပ်ချုပ်ရေးမှူးကို ပစ်သတ်ခံရတယ်လို့ ကြားရတယ်။ သေနတ်သံတော့ နည်းနည်းဝေးတော့ မကြားလိုက်ရဘူး” လို့ လမ်းမတော်မြို့နယ်မှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အနော်ရထာလမ်းမကြီးကို ၁၅ မိနစ်ခန့် ပိတ်ထားခဲ့ပြီး လမ်းပေါ်က ဈေးဆိုင်တွေကို ပိတ်ခိုင်းထားတယ်လို့ လမ်းမတော် ၁၁ လမ်းမှာ နေထိုင်သူ အမျိုးသား တစ်ဦးက ပြောပါတယ်။

“လမ်းတွေက အခုဖွင့်လိုက်ပါပြီ။ ဗုံးကတော့ အသံကျယ်ကြီးကြားရပြီး မီးခိုးတွေပါ ထွက်လာတယ်” လို့ အဲ့ဒီအမျိုးသားက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မိတ္တီလာမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဖို့ လူငယ်တွေအမြန်ပို့ဖို့ တောင်းခံပြီးနောက် စစ်မှုထမ်း လူစုပေးနေတဲ့ အုပ်ချုပ်ရေးမှူးနဲ့ညီဖြစ်သူတို့ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးမှူးအသစ်တွေရွေးချယ်ပြီးနောက် စစ်မှုထမ်းကြေး‌ ငွေ ကောက်ခံမှု တိုင်ကြားခံရလို့ဆိုပြီး မဲနှိုက်မှုတွေပြန်လုပ်ကာ မဲပေါက်သူက ကျပ်သိန်းရာနဲ့ချီပို ပေးနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်မှာ စစ်တပ်ကို သတင်းအမှားတွေပေးကာ ကျေးရွာတွေကို လက်နက်ကြီး တွေနဲ့ပစ်ခိုင်းခဲ့တဲ့ စစ်ကောင်စီခန့် အုပ်ချုပ်‌ရေးမှူး ၂ဦး သေနတ်နဲ့ပစ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။

အတွေးအမြင်

လည်ပင်းမှာ ပန်းကုံးတွေ အများကြီးအစွပ်ခံထားရတဲ့ အမျိုးသားတစ်ယောက်ဟာ မိုက်ကိုကိုင်ရင်းမျက်ရည်တွေဝဲနေခဲ့တယ်။သူ့ရှေ့က လူတွေကိုကြည့်ရင်း သူ့အသံတွေဟာ တုန်ရင်နေခဲ့တယ်။