Connect with us

Hi, what are you looking for?

News

ဒီး​မော့ဆိုပြည်သူများကို စစ်​ကောင်စီက ရဟတ်ယာဥ်၊ သံချပ်ကာတို့ဖြင့် တိုက်ခိုက်​နေ

ကယားပြည်နယ် ဒီးမော့ဆိုမြို့၌ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်(PDF)နှင့် အာဏာသိမ်း စစ်ကောင်စီတပ်တို့ ယနေ့တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီက သံချပ်ကာယာဉ်နှင့် ရဟတ်ယာဉ် အသုံးပြုမှု အပါအဝင် အင်အားအများအပြား စစ်ကူပို့ဆောင်တိုက်ခိုက်ခဲ့ကြောင်း PDF က ပြောသည်။

ဒီးမော့ဆိုမြို့၌ သုံးရက်မြောက် တိုက်ပွဲသည် ယနေ့မွန်းလွဲပိုင်း၌ ဖြစ်ပွားခဲ့ရာ ၄နာရီကျော်ကြာ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(KPDF)က ထုတ်ပြန်သည်။

စစ်ကောင်စီမှ ငွေတောင်ဆည်တစ်လျှောက် အင်အားဖြန့်ကျက်ပြီး စက်သေနတ်များ ၊ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း ယနေ့ တိုက်ပွဲ၌ စစ်ကောင်စီက လက်နက်ကြီး အချက်ရေ ၂၀၀ ခန့် ပစ်ဖောက်ခြိမ်းခြောက်ခဲ့ကြောင်း KPDF ထုတ်ပြန်ချက်၌ ပါရှိသည်။

ထို့ပြင် ၆မိုင်၊ ငွေတောင်၊ ဒေါငံခါးနှင့် ဒီးမော့ဆို ကောင်းကင်ယံတွင် အကြမ်းဖက် စစ်ကောင်စီမှ လေကြောင်းတပ်ကူတစ်စီး မိနစ်အတော်ကြာ ပျံဝဲခဲ့ကြောင်း တိုက်ခိုက်ရေး ရဟတ်ယာဉ်တစ်စီး၏ ဓာတ်ပုံ နှင့်အတူ KPDFက ထုတ်ပြန်ခဲ့သည်။မြေပြင်ရောက်ရှိနေသည့် PDF တပ်ဖွဲ့ဝင်တစ်ဦးကလည်း ဒီးမော့ဆိုမြို့ပေါ်သို့ စစ်ကောင်စီ၏ တိုက်ခိုက်ရေးရဟတ်ယာဉ် လှည့်ပတ်ပစ်ခတ်နေသည့် ရုပ်သံဖိုင်ကို ဖော်ပြခဲ့သည်။

ဒီးမော့ဆိုမြို့မရဲစခန်းကို PDF က သိမ်းယူနေစဉ် စစ်ကောင်စီက သံချက်ကာယာဉ်များနှင့် စစ်ကူများ ရောက်လာ၍ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP/KA) နှင့် PDF တို့ ယနေ့ ညနေ ၅နာရီခွဲတွင် ဆုတ်ခွာခဲ့ကြောင်း PDF တပ်ဖွဲ့ဝင် တစ်ဦးက ၎င်း၏ Facebook စာမျက်နှာ၌ ရေးသားခဲ့သည်။

Public Service Announcement

Public Service Announcement

“စစ်ကောင်စီဘက် အထိခိုက် ကျဆုံးများနိုင်ပြီး စခန်းထဲ မီးတွေ လောင်နေတယ်။ ဒီးမော့ဆိုဝန်းကျင်က ရွာတွေမှာလည်း နေရာတော်တော်များများ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က ကျဆုံးမှုတွေ အတော်များနေပါတယ်။ စစ်ကောင်စီက လက်နက်ကြီးတွေကို လူနေရပ်ကွက်ထဲ ရမ်းသမ်းပစ်ထည့် နေပါတယ်။ လက်နက်ကြီးကြောင့် အရပ်သား ၂ဦး ထိခိုက်ဒဏ်ရာရ၊ ဗုံးဒဏ်ကြောင့် ရပ်ကွက်နေ အရပ်သားများ အရေးပေါ် ရွှေ့ပြောင်းတိမ်းရှောင်နေရ၍ အကူအညီလိုအပ်” ဟု ၎င်းက ဆိုသည်။

KNPPနှင့် အာဏာသိမ်းစစ်ကောင်စီတို့ မေလ ၂၀ရက်တွင် ဘောလခဲမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားပြီးနောက် ဒီးမော့ဆိုမြို့နယ်တွင် မေလ ၂၁ရက်မှစ၍ သုံးရက်ဆက်တိုက် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

ထို့ပြင် ယနေ့ မေလ ၂၃ရက်တွင် ကယားပြည်နယ်နှင့် နယ်မြေချင်းထိစပ်နေသည့် ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ ရဲစခန်းကို PDFက ယနေ့မနက်ပိုင်းတွင် ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၄ဦးထက်မနည်းသေဆုံးခဲ့သည်။

ထို့ပြင် ရဲ ၄ဦး ဖမ်းဆီးရမိခဲ့ပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့ဟု PDFက ဆိုသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှားစစ်တပ်ရဲ့ Mi-8 ရဟတ်ယာဉ် တစ်စီးဟာ အဝေးပြေး လမ်းပေါ်မှာ အရေးပေါ် ဆင်းသက်ရင်း လမ်းဘေးကို ထိုးဆင်းသွားတာကြောင့် ထိခိုက်ပျက်စီးခဲ့ပါတယ်။

နိုင်ငံတကာ

လဆန်းပိုင်းတုန်းက အမေရိကန် သမ္မတ စီးတော် ရဟတ်ယာဉ်ဖြစ်တဲ့ Marine Oneက ခရီးသည်တင် ဂျက်လေယာဉ် တစ်စီးနဲ့ နီးနီးကပ်ကပ် ပျံသန်းမိခဲ့တဲ့ ဖြစ်စဉ်ဟာ ဆက်သွယ်ရေးဆိုင်ရာ လစ်ဟာမှု တစ်ခုကြောင့်လို့ စုံစမ်းရေး အရာရှိတွေက ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်