“ရဲစခန်း ကို RPGနဲ့ အပစ်ခံရတာ။ ခပ်လှမ်းလှမ်းကနေ လာပစ်တဲ့သဘော။ ထိခိုက်မှုတော့မရှိဘူးလို့ ပြောတယ်” ဟု ကရင်ဒေသခံတစ်ဦးက ပြောသည်။
ရဲစခန်းကို တိုက်ခိုက်ခြင်းအပြင် ယင်းဒေသရှိ စစ်မြေပြင်အင်ဂျင်နီယာတပ်(GE) တပ်၏ လုပ်ငန်းခွင်ရှိတဲများကိုလည်း မီးရှို့ဖျက်ဆီးခံရကြောင်း ၎င်းက ပြောပြသည်။
မည်သည့်လက်နက်ကိုင်အဖွဲ့က ပစ်ခတ်သည်ဆိုသည်ကို အတည်ပြုနိုင်ခြင်းမရှိသော်လည်း ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO) က ပစ်ခတ်သည်ဟု ဒေသခံများက ပြောဆိုကြသည်။ ထို့ပြင် ခွဲထွက် DKBAက ပစ်ခတ်သည်ဟု ပြောဆိုမှုအချို့လည်းရှိသည်။
ခွဲထွက် DKBA အနေဖြင့် မေလ ၃၁ရက်က ဝေါလေရဲစခန်းမှူးအပါအဝင် ရဲတပ်ဖွဲ့ဝင် ၃ဦးနှင့် မီးသတ်တပ်ဖွဲ့ဝင် တစ်ဦးကို ဖမ်းဆီးသွားရာ ယမန်နေ့က ပြန်လွှတ်ပေးလိုက်ပြီးဖြစ်ကြောင်း ခွဲထွက် DKBA ခေါင်းဆောင် ဗိုလ်မှူးစောကျော်သက်က ပြောသည်။

Public Service Announcement
ဇွန်လ ၁ရက်ကလည်း ခွဲထွက် DKBA အပါအဝင် လက်နက်ကိုင်ပူးပေါင်းအဖွဲ့နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့ မြ၀တီမြို့နယ် ဖလူးကျေးရွာ၌ တိုက်ပွဲဖြစ်ပွားခဲ့သည်။


















































