Connect with us

Hi, what are you looking for?

News

ရာထူးတိုးလို့တပ်​ပြောင်းချိန် တပ်ရင်းမှူးနဲ့ စစ်​ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး ဆွဲမိုင်းထိ​သေဆုံး

ဖာပွန်ကနေပြောင်းရွှေ့ဖို့ အမိန့်ကျလာတဲ့ ဖာပွန်မြို့အခြေစိုက် စစ်ကောင်စီ (၄၃၄) တပ်ရင်း ဒုတပ်ရင်းမှူး မိုင်းထိ သေဆုံးသွားခဲ့တယ်လို့ ဒေသခံတစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။

ဒုတပ်ရင်းမှုးက​နေ တပ်ရင်းမှူးရာထူးနဲ့ ​ပြောင်း​ရွှေ့မိန့်ကျလာတာလည်းဖြစ်ပါတယ်။

ဖာပွန်မြို့မှာ အခြေစိုက်တဲ့ စစ်ကောင်စီ တပ် (၄၃၄) တပ်ရင်း ဒုရင်းမှူးဖြစ်သူ စိုးဇင်ထွန်းလိုက်ပါလာတဲ့ စစ်ကောင်စီယာဉ်တန်းတွေဟာ ပြီးခဲ့တဲ့ ဇွန် ၅ ရက်က ဖာပွန်ကနေ ပြန်အဆင်း ကူးဆိပ်နဲ့ မထောကျေးရွာကြားမှာ ဆွဲမိုင်းထိပြီး သေဆုံးသွားခဲ့တာပါ။

ဆိုရှယ်မီဒီယာမှာ တပ်ရင်းမှုးနဲ့စစ်​ကောင်စီတပ်​တွေ ၃၀ ​လောက်​သေတယ်လို့ သတင်းမှား​တွေပျံ့​နေတာလည်း ဖြစ်ပါတယ်။

ဒုတပ်ရင်းမှူးဖြစ်သူ စိုးဇင်ထွန်းနဲ့ ကားပေါ်မှာလိုက်ပါစီးနင်းလာတဲ့ စစ်သည် ၃ ဦးပါ သေဆုံးသွားခဲ့ပြီး ယာဉ်နှစ်စီးပျက်စီးသွားခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

” တပ်ရင်းမှူးရာထူးတိုးလို့ ပြောင်းရွှေ့မိန့်ကျလာတာ။ ဖာပွန်ကနေ ပြောင်းရမှာပေါ့။ အဲ့ဒီနေ့က ဖာပွန်ကနေ ယာဉ်တန်းငါးစီးနဲ့ ဆင်းလာတာ သူစီးနေတဲ့ နောက်ဆုံးကား ၅ စီးမြောက်မှာ ထိသွားတာ။ ၄၃၄ ဒုရင်းမှူးနဲ့ ကားပေါ်က စစ်သည် ၃ ဦး ကျသွားတယ်။ ကျန်တဲ့ ကားတစ်စီးကတော့ အရှိန်နဲ့ မှောက်သွားတယ်။ ကားထဲက စစ်သားတွေလည်း ဒဏ်ရာရသွားတာပေါ့” လို့ အဲဒီ​ဒေသခံက ​ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်ပါစီးနင်းလာတဲ့ ယာဉ်တန်းတွေထဲမှာ မော်လမြိုင်ကနေ ဖာပွန်ကိုတက်လာတဲ့ ခေတ္တဗျူဟာမှူးနဲ့ (၃၄၀) တပ်ရင်းက ဒုရင်းမှူးဖြစ်သူတွေ ပါရှိပြီး (၃၄၀) ဒုတပ်ရင်းမှူးကားပါ တိမ်းမှောက်သွားခဲ့ကာ ဒဏ်ရာအနည်းငယ်ရရှိသွားခဲ့တယ်လို့ အဲ့ဒီဒေသခံဖြစ်သူက ပြောပါတယ်။

စစ်ကောင်စီ ယာဉ်တန်းတွေဟာ မိုင်းဆွဲတိုက်ခိုက်ခံရပြီးတဲ့နောက် KNLA တပ်မဟာ ၅ နဲ့ ပစ်ခတ်မှုတွေ ရှိခဲ့သေးတယ်လို့ သိရပါသေးတယ်။

နယ်မြေခံ KNLA တပ်ဖွဲ့ဝင်တွေရဲ့ ပြောကြားချက်အရ စစ်ကောင်စီယာဉ်တန်း မိုင်းထိရာမှာ ၁၀ ဦးကျော် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှုတွေ များပြားခဲ့တယ်လို့ သိရပါတယ်။

ကရင်ပြည်နယ် ဖာပွန် – ကတိုင်တိလမ်းမပေါ်မှာ KNLA တပ်မဟာ ၅ နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကြား နေ့စဉ်လိုလို တိုက်ပွဲတွေက ဖြစ်ပွားနေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဗန်းမော်မြို့၊ ညောင်ပင်ရပ်ကွက်မှ စစ်ဘေးရှောင်များခ်ိုလှုံနေသည့်တောင်လေးလုံဘုန်းကြီးကျောင်းကို စစ်ကောင်စီကပြီးခဲ့သည့် မေလ ၈ရက်တွင်ဗုံးဖြင့်ကြဲချခဲ့သည့်ရုပ်သံမှတ်တမ်းယနေ့ထွက်ပေါ်လာသည်။

ဘာသာပြန်ဆောင်းပါး

အာဏာသိမ်း စစ်ကောင်စီကြောင့် နိုင်ငံရဲ့ ကျန်းမာရေး စောင့်ရှောက်မှုစနစ် ယိမ်းယိုင် ပြိုကျနေခဲ့ရခြင်းက ငလျင်ဘေးသင့်ချိန်မှာ မြန်မာနိုင်ငံအတွက် သေကြေပျက်စီးမှုတွေကို ပိုမို ဆိုးရွားသွားစေခဲ့ကြောင်း လူ့အခွင့်အရေး အဖွဲ့အစည်းတွေ၊ ကျန်းမာရေး ပညာရှင်တွေနဲ့ နိုင်ငံတကာ လေ့လာ စောင့်ကြည့်သူတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တိုက်ပွဲများအတွင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ် အထိနာသည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

သတင်း

ဗန်းမော်မြို့သိမ်းတိုက်ပွဲပြင်းထန်နေစဉ်ဒေသခံပြည်သူ၄၀၀ကျော်ခိုလှုံနေသည့်ဘုန်းကြီးကျောင်းကို စစ်ကောင်စီကယနေ့ (မေလ ၈ရက်)လေကြောင်းမှ ဗုံးကြဲသောကြောင့် စစ်ရှောင် ၁၅ဦးထက်မနည်းသေဆုံးပြီး ၃၀ကျော် ဒဏ်ရာရရှိခဲ့​ကြောင်း ဗန်း​မော်မြို့တိုက်ပွဲသတင်းများ​ဖော်ပြ​ပေး​နေ​သော Banmaw Scout Team နှင့်​ဒေသခံအချို့က​ပြောသည်။

Facebook