Connect with us

Hi, what are you looking for?

News

ရန်ကုန် လမ်းမတော်(၁၀)လမ်းတွင် ဗုံးပေါက်ကွဲမှုဖြစ်

ရန်ကုန်မြို့လမ်းမတော်မြို့နယ်ရှိ (၁၀)လမ်းတွင် ယနေ့ (ဇွန်လ ၁၄ရက်) ညနေ ၃ နာရီကျော်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း အဆိုပါမြို့နယ်နေပြည်သူတစ်ဦးက ပြောသည်။

ဓါတ်ပုံ - CJ

” လမ်းမတော် (၁၀)လမ်းထဲမှာ ဗုံးပေါက်ပြီး မီးခိုးလုံး အများကြီးထွက်နေတယ်။ အသံကတော့ တော်တော်ကျယ်တယ်။ လူထိခိုက်မှု ရှိ၊ မရှိ အသေးစိတ် မသိရသေးပါဘူး” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး အနော်ရထာလမ်းမ (ကျုံးကြီးလမ်း) နှင့် မဟာဗန္ဓုလမ်းမကြား (၁၀)လမ်း အလယ်ဘလောက် လမ်းကို ပိတ်ဆို့၍ ပြည်သူများကို စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ရပ်ကွက်နေပြည်သူအချို့က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

၂၀၂၁ ဧပြီ ၁၈ရက်ကလည်း ယုန်လေး၏ကား စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းအလယ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သေးသည်။

သတင်း

ဘုတလင်မြို့နယ်တွင်​ စစ်​ကြောင်းထိုး၍ ​ဒေသခံပြည်သူများ အားအကြမ်းဖက်နေသည့်စစ်ကောင်စီတပ်စစ်ကြောင်းကို မုံရွာမြို့ရှိ အ​နောက်​မြောက်တိုင်းစစ်ဌာနချုပ်( နမခ) မှ လူအင်အား၊လက်နက်နှင့် ရိက္ခာများ ထပ်ဖြည့်တင်းပေးနေ​ကြောင်းစုံစမ်းသိရသည်။

သတင်း

ဘုတလင်မြို့နယ်တွင် စစ်ကြောင်းထိုးနေသည့်စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကတိုက်ခိုက်ရာ တစ်ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများပြားကြောင်း သတင်းရရှိသည်။

သတင်း

သန်းခေါင်စာရင်းကောက်ယူနေ၍ လုံခြုံရေးတိုးမြှင့်ထားချိန် စစ်ကိုင်းမြို့မစျေးအတွင်း ဗုံးသုံးလုံးပေါက်ကွဲမှုဖြစ်ခဲ့ကြောင်း အဆိုပါမြို့ခံများက ပြောသည်။