Connect with us

Hi, what are you looking for?

LuduNwayOo

News

တရုတ်နယ်စပ် မူဆယ်လမ်းမှဝင်လာသည့် ကုန်တင်ယာဉ်များကို လက်နက်ကိုင်အဖွဲ့တစ်ခု မီးရှို့

“ဘောက်ဆာနဲ့မသွားတော့ဘဲနဲ့ ပီပါနဲ့ အောက်ဆွဲနဲ့သွားနေတဲ့ သဘောရှိတယ်” ဟု မူဆယ်ဘက်မှ စက်သုံးဆီကို ဘောက်ဆာနှင့်မသယ်ဘဲ ပီပါများဖြင့် သယ်ဆောင်နေမှုကို ဒေသခံက ပြောပြသည်။

တရုတ်နယ်စပ် မူဆယ်မြို့မှ ပြည်ထောင်စုလမ်းမအတိုင်း ဝင်လာသည့် ကုန်တင်ယာဉ်များကို လက်နက် ကိုင်အဖွဲ့တစ်ခုက ယနေ့နှင့်မနေ့က တိုက်ခိုက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း အဆိုပါလမ်းရှိ နမ့်ဖက်ကာ ကျေးရွာ ဒေသခံက People’s Springသို့ ပြောသည်။

တိုက်ခိုက်ခံရသည့် ကုန်တင်ယာဉ်များထဲတွင် စက်သုံးဆီတင်လာသည့် ယာဉ်နှင့် ဘိလပ်မြေတင်လာသည့် ယာဉ် တို့ပါဝင်ကြောင်း ဒေသခံက ပြောသည်။ အဆိုပါလမ်းပိုင်း၌ ကချင်လက်နက်ကိုင်အဖွဲ့(KIA)နှင့် တအာင်းလက်နက်ကိုင်အဖွဲ့(TNLA)တို့အဓိက လှုပ်ရှားကြောင်း ၎င်း ကဆိုသည်။

ယနေ့နံနက်တွင် မူဆယ် – နမ့်ဖက်ကာလမ်းပိုင်း မော်တောင်းနှင့် တာလုံကြားတွင် ကုန်တင်ယာဉ် ၃စီး ကန့်လန့် ပြုလုပ်ကာ တစ်စီးကို မီးရှို့ထားကြောင်း နမ့်ဖက်ကာ ဒေသခံက ပြောသည်။
“အဲဒီနားတော့ တအာင်း(ပလောင်)အဖွဲ့နဲ့ KIAပဲရှိတယ်။ ဒီလိုမတားခင် ဟိုတစ်နေ့က ကားဂိတ်တွေကို လိုက်ပြီး ခရီးမသွားကြဖို့ ကုန်ကားတွေမထွက်ဖို့ အသံဖိုင်ထုတ်ထားတယ်လေ” ဟု ၎င်းကပြောသည်။

လက်နက်ကိုင်အဖွဲ့များအနေဖြင့် စစ်ကောင်စီနှင့် ဆက်စပ်ပတ်သက်သည့် ယာဉ်များကို အဓိက တိုက်ခိုက်သည်ဟု ယူဆရကြောင်း အဆိုပါဒေသခံက ပြောသည်။ KIA အနေဖြင့် ပြီးခဲ့သည့် လပိုင်းအတွင်းက မူဆယ်ဘက်မှလာသည့် လောင်စာဆီတင်ယာဉ် ၇စီးထက်မနည်းကို တိုက်ခိုက်ဖျက်ဆီးထားသည်။

Public Service Announcement

Public Service Announcement

အဆိုပါ ဆီတင်ယာဉ်များသည် စစ်ကောင်စီ အသုံးပြုရန် သယ်လာခြင်းဖြစ်ကြောင်း သတင်းရ၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု KIA သတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောဆိုထားသည်။

ယမန်နေ့ ဇွန်လ ၁၈ရက်က နမ့်ဖက်ကာ – ကွတ်ခိုင်လမ်းပိုင်း ရှုခင်းသာ၌ မီးရှို့ခံထားရသည့် ယာဉ်များအနက် တစ်စီးသည် စက်သုံးဆီပီပါများတင်ထားသည်ဟု ဒေသခံက ပြောသည်။
“ဘောက်ဆာနဲ့မသွားတော့ဘဲနဲ့ ပီပါနဲ့ အောက်ဆွဲနဲ့သွားနေတဲ့ သဘောရှိတယ်” ဟု မူဆယ်ဘက်မှ စက်သုံးဆီကို ဘောက်ဆာနှင့်မသယ်ဘဲ ပီပါများဖြင့် သယ်ဆောင်နေမှုကို ဒေသခံက ပြောပြသည်။

KIA ၊ TNLA လက်နက်ကိုင်အဖွဲ့များနှင့် စစ်ကောင်စီတပ်တို့သည် ယခု ရက်ပိုင်းအတွင်းကွတ်ခိုင်မြို့နယ်အတွင်း၌ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

၂၀၂၃ ဩဂုတ်တွင် မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်အရေအတွက်က ၁,၀၀၀အောက်အထိ ကျဆုံးခဲ့သော်လည်း ၂၀၂၃ ဒီဇင်ဘာမှစ၍ တဖြေးဖြေး ပြန်မြင့်တက်လာခဲ့ရာ မတ်လအတွင်း နေအိမ် ၂,၈၃၁လုံး မီးရှို့ခံခဲ့ရကြောင်း အသိပေးသည်။

သတင်း

ရေမျက်နီရွာအတွင်း စစ်ကောင်စီတပ်အထိုင်ချထားသည့် ရဲစခန်းကို ဒေသခံကာကွယ်ရေးတပ်များက ၂၀၂၃ ဒီဇင်ဘာအတွင်းက တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းအသုံးပြု ကာကွယ်ခဲ့ရသည်။

သတင်း

နေအိမ်မီးလောင်၍ မီးငြှိမ်းသတ်သည့် ပြည်သူတစ်ဦးကိုလည်း စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်သွားကြောင်း ဒေသခံများက ပြောသည်။

သတင်း

ခင်ဦးနယ်အတွင်းရှိ ကျေးရွာ ၁၂ရွာမှ ဒေသခံပြည်သူထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရပြီး အကူအညီများလိုအပ်နေကြောင်း သတင်းရရှိသည်။