Connect with us

Hi, what are you looking for?

News

တိုက်ပွဲများနေရာအနှံ့ဖြစ်လာနိုင်ကြောင်း KIA တာဝန်ရှိသူက ပြည်သူများအား အသိပေး

စစ်အာဏာရှင်ဖြုတ်ချရေးတိုက်ပွဲများ နေရာအနှံ့၌ ဖြစ်ပေါ်လာနိုင်ကြောင်း ကချင်လက်နက်ကိုင်အဖွဲ့(KIA) သတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက People’s Springသို့ ပြောသည်။

ယမန်နေ့က မြစ်ကြီးနားနှင့် ၀ိုင်းမော်မြို့တို့ကို ဆက်သွယ်ထားသည့် ဗလမင်ထင်တံတားအနီးရှိ စုပေါင်းဂိတ်ကို KIA က ဝင်ရောက်တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်ပြီး မေးမြန်းစဉ် ဗိုလ်မှူးကြီးနော်ဘူက ရှေ့ဆက် တိုက်ပွဲများပိုမိုဖြစ်လာနိုင်သည့် အခြေအနေကို ပြောကြားခဲ့သည်။

အဆိုပါ စုပေါင်းဂိတ်ကို တိုက်ခိုက်ခြင်းမှာ မြို့သိမ်းတိုက်ပွဲ ဆင်နွှဲခြင်းမျိုးမဟုတ်ဘဲ အောက်ခြေတပ်မှူး၏ အစီအစဉ်ဖြင့် ဆောင်ရွက်ခြင်းဖြစ်မည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“မြန်မာနိုင်ငံမှာ စစ်အာဏာရှင်ဖြုတ်ချရေးကို ပြည်သူလူထုလည်း ကြိုးပမ်းနေတဲ့ အချိန်ကာလ ဖြစ်တဲ့အတွက် နေရာတကာမှာ အချိန်မရွေး တိုက်ပွဲတွေက KIA နဲ့တင်မဟုတ်ဘူး အခြားအဖွဲ့အစည်းတွေနဲ့လည်း ဖြစ်နိုင်တာပေါ့” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

KIA အနေဖြင့် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မတ်လမှစ၍ စစ်ကောင်စီတပ်စခန်းများကို မကြာခဏ ထိုးစစ်ဆင် တိုက်ခိုက်နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည်။

Public Service Announcement

Public Service Announcement

ကချင်ပြည်နယ်တွင်သာမက စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ဒေသအချို့တွင်လည်း စစ်ကောင်စီတပ်များကို KIA က တိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

အိမ်ထောင်စုလေးစု စုပေါင်း နေ ရတဲ့ ၁၅ ပေ ပတ်လည်အခန်းလေးထဲ ငိုသံတချို့ကျယ်ကျယ်လောင်လောင်ထွက်‌လို့နေပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။