Connect with us

Hi, what are you looking for?

News

မြေနီကုန်းခုံးတံတားအောက် ယာဥ်ထိန်းရဲရုံးအနီး ဗုံးပေါက်၊ အမျိုးသမီးတစ်ဦးဒဏ်ရာရ

ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် မြေနီကုန်းခုံးတံတားအောက်ရှိ ယာဥ်ထိန်းရဲရုံးအနီးတွင် ယနေ့(ဇူလိုင် ၁ ရက်) နံနက် ၈နာရီခန့်က ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောသည်။

ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် မြေနီကုန်းခုံးတံတားအောက်ရှိ ယာဥ်ထိန်းရဲရုံးအနီးတွင် ယနေ့(ဇူလိုင် ၁ ရက်) နံနက် ၈နာရီခန့်က ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ ဗုံးပေါက်မှုကြောင့် အမျိုးသမီးတစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ၎င်းက ပြောသည်။”ကျွန်တော်တို့က ဒီဘက်နားက ဘဏ်မှာ ATM တန်းစီရင်း ကြားလိုက်တာ။ အသံအကျယ်ကြီးပဲ။ အမျိုးသမီးတစ်ဦး ဒဏ်ရာရသွားတာ တွေ့ရတယ်။ အခုတော့ ဆေးရုံကား လာခေါ်သွားပါပြီ “ဟု မျက်မြင်တွေ့ရှိသူက ​​ပြောသည်။

လက်ရှိတွင် အကြမ်းဖက်စစ်​ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး မြေနီကုန်းလမ်းဆုံတစ်ဝိုက် စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ရပ်ကွက်နေပြည်သူများက ပြောသည်။

ယခုလပိုင်းအတွင်း ရန်ကုန်မြို့​နေရာအနှံ့အပြားတွင် ဗုံး​ပေါက်ကွဲမှုများ ​နေ့စဥ်ရက်ဆက် ဖြစ်​ပေါ်​နေသည်။ ​ပေါက်ကွဲမှုဖြစ်သည့် ​နေရာအများစုမှာ ရပ်ကွက်အုပ်ချုပ်​ရေးမှူးရုံး၊​ထွေအုပ်ရုံး၊ ရဲကင်း၊ရဲစခန်းနှင့် ဌာနဆိုင်ရာ​များနှင့် နီးစပ်သည့်​နေရာများတွင် ဖြစ်​ပေါ်​နေသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းမြို့က စစ်ကောင်စီရဲ့မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအနီး ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်တိုင်း ၊မြောက်ဒဂုံမြို့နယ်မှာရှိတဲ့ ကြက်ခြေနီရုံးနားမှာအသက်နှစ်လသားအရွယ်အမွှာကလေးနှစ်ဦးကို သြဂုတ်လ ၂ ရက်က လာရောက်စွန့်ပစ်သွားတဲ့ဖြစ်စဉ်ဖြစ်ခဲ့တ​ယ်လို့ လူမှုကူညီရေးလုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ရန်ကုန်မြို့လယ် ၊ကမာရွတ်မြို့နယ်မှာ တစ်ယောက်တည်းလမ်းလျှောက်တဲ့ အမျိုးသမီးတွေကိုအမျိုးသားတဦးကလိုက်နှောက်ယှက်တဲ့ဖြစ်ရပ်ကိုလုံခြုံ​ရေးကင်မရာ( စီစီတီဗီ)က အမိအရ မှတ်တမ်းတင်နိုင်ခဲ့ပါတယ် ။

သတင်း

ရန်ကုန်မြို့မှာ မိုးဆက်တိုက်ရွာသွန်းနေတာကြောင့် မြို့နယ်တော်တော်များများမှာ လမ်းမတွေပေါ်အထိ ရေကြီးရေလျှံမှုတွေဖြစ်နေပြီး လမ်းပိတ်တာတွေကြုံနေရတယ်လို့ မြို့ခံတွေကပြောပါတယ်။