Connect with us

Hi, what are you looking for?

News

စစ်ကောင်စီအဖွဲ့ဝင်တွေရဲ့ ဇနီးနဲ့သားသမီးတွေကို အမေရိကန် ပိတ်ဆို့အရေးယူ

အာဏာသိမ်းစစ်ကောင်စီအဖွဲ့ဝင် ၇ ဦးနဲ့ စစ်ကောင်စီမိသားစုဝင် ၁၅ ဦးတို့ရဲ့ အမေရိကန် နိုင်ငံအတွင်းမှာရှိတဲ့ ပိုင်ဆိုင်မှုတွေ ကို သိမ်းဆည်းလိုက်တယ်လို့ အမေရိကန်အစိုးရက မနေ့က ကြေညာလိုက်ပါတယ်။

အရေးယူခံရသူတွေရဲ့စာရင်းကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီအဖွဲ့ဝင်
(၁) စောဒယ်နီရယ်၊ (ကောင်စီအဖွဲ့ဝင်)
(၂) ဗညားအောင်မိုး၊ (ကောင်စီအဖွဲ့ဝင်)
(၃) ဒေါ်အေးနုစိန်၊ (ကောင်စီအဖွဲ့ဝင်)
(၄) ဦးချစ်နိုင် (စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီး)
(၅) ဦး‌အောင်နိုင်ဦး (စစ်ကောင်စီ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဝန်ကြီး)
(၆) ဦးမြင့်ကြိုင် (စစ်ကောင်စီ အလုပ်သမားရေးဝန်ကြီး)
(၇) ဒေါ်သက်သက်ခိုင် (စစ်ကောင်စီ လူကယ်ပြန် ဝန်ကြီး) တို့ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ မိသားစုဝင်တွေကတော့
(၁) ဒေါ်ကြူကြူလှ (ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဇနီး)
(၂) ‌ဒေါ်သန်းသန်းနွယ် (ဒုတိယဗိုလ်ချုပ်မှုးကြီး စိုးဝင်း ဇနီး)
(၃) ‌ဒေါ်သက်သက်အောင် (ဗိုလ်ချုပ်ကြီးမြထွန်းဦးဇနီး)
(၄) ဒေါ်သန်းသန်းအေး (ဗိုလ်ချုပ်ကြီးတင်အောင်စန်း ဇနီး)
(၅) ဒေါ်အောင်မာမြင့် (ဗိုလ်ချုပ်ကြီးမောင်မောင်ကျော် ဇနီး)
(၆) ဒေါ်ခိုင်ပပချစ် (ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း ဇနီး)
(၇) မိုးထက်ထက်ထွန်း (ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း သမီး)
(၈) ခိုင် မိုးမြင့် (ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း သမီး)
(၉) ရတနာမိုးမြင့် (ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း သမီး)
(၁၀) ဒေါ်နီလာ (ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး ဇနီး)
(၁၁) သိမ့် သင်ဇာ (ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး သမီး)
(၁၂) ဒေါ်ဥမ္မာမြင့် (ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး ဇနီး)
(၁၃) ရွှေရည်ဖူးအောင် (ဒုတိယဗိုလ်ချုပ်‌ကြီး အောင်လင်းဒွေး သမီး)
(၁၄) လှိုင်ဘွားအောင် (ဒုတိယဗိုလ်ချုပ်‌ကြီး အောင်လင်းဒွေး သား)
(၁၅) ဖြိုးအာကာအောင် (ဒုတိယဗိုလ်ချုပ်‌ကြီး အောင်လင်းဒွေး သား)

ဒါ့အပြင် မြန်မာနိုင်ငံမှာ ကြေးနီထုတ်လုပ်ရေးနဲ့ ဆက်သွယ်ရေးဂြိုလ်တုစနစ်လုပ်‌ဆောင်နေတဲ့ နိုင်ငံခြားကုမ္ပဏီ (၃) ခုကိုလဲ အမည်ဆိုးစာရင်း (black list) ထဲ ထည့်သွင်းလိုက်ပါတယ်။

Public Service Announcement

Public Service Announcement

(၁) Myanmar Wanbao Mining Copper Ltd.
(၂) Myanmar Yang Tse Copper Ltd.
(၃) King Royal Technologies CO. Ltd.တို့ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နှစ်ပေါင်း ၇၀ လောက် အသုံးပြုခဲ့ပြီးဖြစ်တဲ့ B-52 Stratofortress ဗုံးကြဲလေယာဉ်ကြီးတွေကို အနည်းဆုံး ၂၀၅၀ ပြည့်လွန် နှစ်တွေထိ ဆက်လက် သုံးစွဲနေနိုင်မယ့် မွမ်းမံ အဆင့်မြှင့်တင်ရေး အစီအမံကို အမေရိကန် လေတပ်က စတင် အကောင်အထည် ဖော်နေပါတယ်။

နိုင်ငံတကာ

အိမ်ဖြူတော်နားမှာ ဆောက်လုပ်မယ့် အောင်ပွဲ အထိမ်းအမှတ် မုခ်ဦးကြီးဟာ စစ်အခြေစိုက် စခန်းတစ်ခု အဖြစ်ပါ အသုံးချနိုင်ဖို့ ရည်ရွယ်ပြီး မူလစီမံကိန်းကို နှစ်ဆချဲ့ထွင်လာနိုင်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဒိန်းမတ်ပိုင် ဂရင်းလန်ကျွန်းရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ ဒိန်းမတ် အစိုးရတို့ကြား ညှိနှိုင်း သဘောတူညီမှု ရရှိခဲ့ပြီလို့ အသီးသီး ကြေညာခဲ့ပါတယ်။