Connect with us

Hi, what are you looking for?

News

ကွတ်ခိုင်မြို့နယ်တွင် KIAနှင့် အာဏာသိမ်းစစ်တပ် တိုက်ပွဲဖြစ်

KIA တပ်မဟာ(၄) တပ်ရင်း(၈) နယ်မြေ မန်လုံနှင့် ကောင်းလိမ်ရွာ ကြားတွင် ဇူလိုင်လ(၄)ရက် နေ့မနက် ၈နာရီ ခန့်မှ စ၍ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ အာဏာသိမ်းစစ်တပ် တပ်မ(၉၉) အဖွဲ့မှ နမ့်ဖလွန်မှ ရှုခင်းသာ မန်လုံတောင်ဘက် သို့ ထိုးစစ်ဆင်လှုပ်ရှားလာ၍ KIA က ခုခံတိုက် ခိုက်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ပုံအ​ဟောင်းသာဖြစ်ပါသည်

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ကောင်းလိမ်ရွာအနီးတွင် ကချင်လက်နက်ကိုင်အဖွဲ့(KIA)နှင့် အာဏာ သိမ်းစစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KIA သတင်းနှင့်ပြန်ကြားရေးဌာန Kachinnet Burmese က ယနေ့ ညပိုင်းတွင် သတင်းထုတ်ပြန်သည်။

KIA တပ်မဟာ(၄) တပ်ရင်း(၈) နယ်မြေ မန်လုံနှင့် ကောင်းလိမ်ရွာ ကြားတွင် ဇူလိုင်လ(၄)ရက် နေ့မနက် ၈နာရီ ခန့်မှ စ၍ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ အာဏာသိမ်းစစ်တပ် တပ်မ(၉၉) အဖွဲ့မှ နမ့်ဖလွန်မှ ရှုခင်းသာ မန်လုံတောင်ဘက် သို့ ထိုးစစ်ဆင်လှုပ်ရှားလာ၍ KIA က ခုခံတိုက် ခိုက်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

တိုက်ပွဲဖြစ်နေသည့် အချိန်တွင် ကွတ်ခိုင် ဗျူဟာကုန်းဘက်မှ တိုက်ပွဲ ဖြစ်ရာဘက်သို့ လက်နက်ကြီး ပစ်ကူများ ပေးခဲ့ကြောင်း ဖော်ပြထားသော်လည်း တိုက်ပွဲကြောင့် နှစ်ဖက်ထိခိုက်ကျဆုံးမှု အခြေ အနေများကိုမူ ဖော်ပြမထားပေ။

“ကောင်းလိမ်ဆိုတာ ရှုခင်းသာ ဟိုးကြားထဲက ရွာတွေဖြစ်လိမ့်မယ်။ တိုက်ပွဲဖြစ်တယ်ဆိုတာတော့ ကွတ်ခိုင်ကအဖွဲ့တွေက ပြောတာပဲ။ ကားတွေလည်း ပုံမှန်တော့သွားနေတာပဲ။ ပြည်ထောင်စုလမ်းမကြီးနဲ့ဝေးလို့ပဲဖြစ်မယ်” ဟု နမ့်ဖက်ကာ ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်တပ်အာဏာသိမ်းပြီးနောက် KIA အနေဖြင့် ကချင်ပြည် နယ်တွင်သာမက ရှမ်းမြောက်နှင့် စစ်ကိုင်းတိုင်းရှိ ဒေသအချို့၌ပါ အာဏာသိမ်းစစ်ကောင်စီတပ်ကို ထိုးစစ်ဆင်တိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်နေသည်။

ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီးရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များနှင့် KIA တပ်ဖွဲ့ဝင်များ ပူးပေါင်းပြီးလည်း စစ်ကောင်စီတပ်များကို တိုက်ခိုက်ခဲ့ကြောင်း ထီးချိုင့်နှင့် ကသာ မြို့နယ်တို့မှ PDF က သတင်းထုတ်ပြန်ထားသည်။ (မှတ်ချက်- ပုံအ​ဟောင်းများသာဖြစ်ပါသည်)

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ မြဇီးတောရွာကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးရာ ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၂၀ ကျော်အပြင် အိမ်သုံးနဲ့ လယ်ယာသုံးစက်ပစ္စည်းတွေ မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

လက်ရှိရရှိထားတဲ့ ငြိမ်းချမ်းရေးရလဒ်တွေ တည်ငြိမ်မှုရှိစေဖို့ ဆက်လက်ထိန်းသိမ်းထားပြီး နယ်မြေ တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေမယ့် အခြားလက်နက်ကိုင်အဖွဲများနဲ့ ပူးပေါင်းပါဝင်ပါတ်သက်မှု မရှိစေရေး ထိန်းသိမ်းဆောင်ရွက်သွားဖို့ စစ်ကောင်စီ ဘက်က ဆွေးနွေးလာကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)က ဒီကနေ့ ဇွန်လ ၁၇ရက်ညမှာ သတင်းထုတ်ပြန်ပါတယ်။

ဆောင်းပါး

ထိုင်းနိုင်ငံမှာ မိသားစုအတွက် နှစ်ပေါင်းများစွာ ပင်ပန်းဆင်းရဲခံ၊အလုပ်ကြိုးစားပြီးနောက် နေရပ်ဌာနီက မိဘနှစ်ပါးဆီ ပြန်လာခဲ့တဲ့ ကိုအောင်ငြိမ်းချမ်းတစ်ယောက် ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးကားကွင်းထဲ ခြေချမိချိန်မှာတော့ သူ့ဘဝရဲ့ အမှောင်မိုက်ဆုံး နေ့ရက်တွေ စတင်ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်အရာရှိတွေ တိုက်ခိုက်ခံရတဲ့ တောင်တွင်းကြီးမြို့နယ်က ရန်ကုန်-ပြည်လမ်းပိုင်းကို စစ်တပ်က စစ်ကြောင်းထိုးလာတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။