Connect with us

Hi, what are you looking for?

LuduNwayOo

News

တောင်ဒဂုံတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လမ်း​မပေါ် စာ​ရေး၍ ဆန္ဒပြ

ရန်ကုန်မြို့တွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုများကို အကြမ်းဖက်နှိမ်နင်းမှုများ ရှိနေသော်လည်း လူငယ်များက နေ့စဉ်ရက်ဆက် ပုံစံမျိုးစုံဖြင့် ဆန္ဒပြမှုများ ပြုလုပ်လျက်ရှိသည်။

ရန်ကုန်မြို့ တောင်ဒဂုံမြို့နယ်တွင် ယနေ့ (ဇူလိုင် ၅ ရက်) နံနက်ပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေးအဖြစ် လမ်း​မပေါ်၌ စာ​ရေး၍ လူငယ်များက ဆန္ဒပြခဲ့ကြသည်။

လူငယ်များသည် “တော်လှန်သွေးမကုန် တောင်ဒဂုံ” ၊ “စစ်ကျွန်မခံ တို့တွန်းလှန်”၊ “ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်” စသည့် စာတန်းများကို လမ်းမပေါ်၌ ဆေးနီဖြင့် ရေးသား၍ ဆန္ဒပြခဲ့ကြသည်။