Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီတပ်က ကရင်ရွာထဲလက်နက်ကြီးနဲ့ပစ်

ဒီကနေ့ မွန်းလွဲပိုင်း ၁ နာရီခွဲကျော်အချိန်က လေးကေကျေးရွာ စာသင်ကျောင်းအနီးမှာ တပ်စွဲထားတဲ့ နယ်ခြားစောင့်တပ် စစ်ကွပ်ကဲရေးအဖွဲ့ ၉၉၉ စခန်းကနေ ကျေးရွာထဲကို လက်နက်ကြီးနဲ့ ၁၅ မိနစ်ခန့် ပစ်ခတ်သွားခဲ့တယ်လို့ ကေအဲန်ယူသူးလေသတင်းစဉ်ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ကေအဲန်ယူ သထုံခရိုင် ဘီးလင်းမြို့နယ် လေးကေရွာထဲကို ဒီကနေ့ မွန်းလွဲပိုင်းက အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF)က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ သူးလေသတင်းစဉ်မှာ ဖော်ပြထားပါတယ်။

ဒီကနေ့ မွန်းလွဲပိုင်း ၁ နာရီခွဲကျော်အချိန်က လေးကေကျေးရွာ စာသင်ကျောင်းအနီးမှာ တပ်စွဲထားတဲ့ နယ်ခြားစောင့်တပ် စစ်ကွပ်ကဲရေးအဖွဲ့ ၉၉၉ စခန်းကနေ ကျေးရွာထဲကို လက်နက်ကြီးနဲ့ ၁၅ မိနစ်ခန့် ပစ်ခတ်သွားခဲ့တယ်လို့ ကေအဲန်ယူသူးလေသတင်းစဉ်ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

လက်နက်ကြီးနဲ့ ပစ်ခတ်မှုဖြစ်စဉ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုတွေကို ဆက်လက်စုံစမ်းနေတုန်းပဲလို့ အဲ့ဒီဖော်ပြချက်မှာ ပါရှိပါတယ်။

ကရင်နယ်ခြားစောင့်တပ်ဘက်က ပြောပြချက်အရ လေးကေရွာထဲမှာ တပ်စွဲထားတဲ့ နယ်ခြားစောင့်တပ် တပ်နယ် ၃ စခန်းကို KNLA တပ်မဟာ ၁ ဘက်က လာရောက်ပစ်ခတ်ခဲ့တာကြောင့် မိမိတို့ BGF ဘက်က ပြန်လည်ပစ်ခတ်ခဲ့ရတာလို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အဲ့ဒီပစ်ခတ်ဖြစ်စဉ်ကြောင့် နယ်ခြားစောင့်တပ်ဘက်က တစ်ဦး ထိခိုက်သွားခဲ့တယ်လို့ နယ်ခြားစောင့်တပ်ထံကနေ သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ကေအဲန်ယူ သထုံခရိုင် ဘားအံမြို့နယ်ထဲမှာ KNLA တပ်မဟာ ၁ နဲ့ အာဏာသိမ်းစစ်အုပ်စုတို့ကြား ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်က ပစ်ခတ်လို့ လူနေအိမ်တွေလည်း ပျက်စီးဆုံးရှုံးသွားခဲ့တာလည်း ရှိနေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်းစစ်သင်္ဘောတွေစုန်လာပြီး မြစ်ကမ်း​ဘေးတ​လျှောက်လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မြစ်ကမ်းဘေး ကျေးရွာက ပြည်သူတွေ ဂရုပြု နေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ လက်နက်ကြီး ပစ်အားကို လက်တွေ့ စမ်းသပ်တဲ့ လေ့ကျင့်ပစ်ခတ်မှုတစ်ခု လုပ်ဆောင်ခဲ့ကြောင်း မြောက်ကိုရီးယားက ထုတ်ပြန်ပါတယ်။