Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်​ကောင်စီတပ်က ကရင်ရွာထဲလက်နက်ကြီးနဲ့ပစ်

ဒီကနေ့ မွန်းလွဲပိုင်း ၁ နာရီခွဲကျော်အချိန်က လေးကေကျေးရွာ စာသင်ကျောင်းအနီးမှာ တပ်စွဲထားတဲ့ နယ်ခြားစောင့်တပ် စစ်ကွပ်ကဲရေးအဖွဲ့ ၉၉၉ စခန်းကနေ ကျေးရွာထဲကို လက်နက်ကြီးနဲ့ ၁၅ မိနစ်ခန့် ပစ်ခတ်သွားခဲ့တယ်လို့ ကေအဲန်ယူသူးလေသတင်းစဉ်ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ကေအဲန်ယူ သထုံခရိုင် ဘီးလင်းမြို့နယ် လေးကေရွာထဲကို ဒီကနေ့ မွန်းလွဲပိုင်းက အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF)က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ သူးလေသတင်းစဉ်မှာ ဖော်ပြထားပါတယ်။

ဒီကနေ့ မွန်းလွဲပိုင်း ၁ နာရီခွဲကျော်အချိန်က လေးကေကျေးရွာ စာသင်ကျောင်းအနီးမှာ တပ်စွဲထားတဲ့ နယ်ခြားစောင့်တပ် စစ်ကွပ်ကဲရေးအဖွဲ့ ၉၉၉ စခန်းကနေ ကျေးရွာထဲကို လက်နက်ကြီးနဲ့ ၁၅ မိနစ်ခန့် ပစ်ခတ်သွားခဲ့တယ်လို့ ကေအဲန်ယူသူးလေသတင်းစဉ်ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

လက်နက်ကြီးနဲ့ ပစ်ခတ်မှုဖြစ်စဉ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုတွေကို ဆက်လက်စုံစမ်းနေတုန်းပဲလို့ အဲ့ဒီဖော်ပြချက်မှာ ပါရှိပါတယ်။

ကရင်နယ်ခြားစောင့်တပ်ဘက်က ပြောပြချက်အရ လေးကေရွာထဲမှာ တပ်စွဲထားတဲ့ နယ်ခြားစောင့်တပ် တပ်နယ် ၃ စခန်းကို KNLA တပ်မဟာ ၁ ဘက်က လာရောက်ပစ်ခတ်ခဲ့တာကြောင့် မိမိတို့ BGF ဘက်က ပြန်လည်ပစ်ခတ်ခဲ့ရတာလို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အဲ့ဒီပစ်ခတ်ဖြစ်စဉ်ကြောင့် နယ်ခြားစောင့်တပ်ဘက်က တစ်ဦး ထိခိုက်သွားခဲ့တယ်လို့ နယ်ခြားစောင့်တပ်ထံကနေ သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ကေအဲန်ယူ သထုံခရိုင် ဘားအံမြို့နယ်ထဲမှာ KNLA တပ်မဟာ ၁ နဲ့ အာဏာသိမ်းစစ်အုပ်စုတို့ကြား ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်က ပစ်ခတ်လို့ လူနေအိမ်တွေလည်း ပျက်စီးဆုံးရှုံးသွားခဲ့တာလည်း ရှိနေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

သင်္ကြန်အတက်နေ့ ချင်းတွင်းမြစ်ကမ်းဘေးအပူက အလျံတငြီးငြီးနဲ့ တောက်လောင်နေတယ်။ သဲတွေဟာ မီးကြီးခဲတွေ နုတ်နုတ်စင်းထားသလိုမျိုး ထိလိုက်တာနဲ့ မခံမရပ်နိုင်အောင် ပူလောင်လွန်းလှတယ်။

သတင်း

စစ်ကောင်စီသည် မတ်လ ၂၇ရက်တွင် ညောင်ရွှေမြို့နယ် ထီခိုးကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် အကြိမ် ၂၀ ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ပြည်သူအချို့ ပိတ်မိနေကြောင်း အသိပေးသည်။

သတင်း

ဖေဖော်ဝါရီ ၂၄ရက်တွင်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက် ခြင်းကြောင့် ဟိုပုံးမြို့နယ် လွယ်ဝိုးတုတ်ကျေးရွာရှိ ပြည်သူနေအိမ် ရှစ်လုံး မီးလောင်ပျက်စီးခဲ့ဟု ဖော်ပြသည်။

သတင်း

ဆက်လက်၍ ၎င်းက “ရိုဟင်ဂျာဒုက္ခသည်တွေကို နေရပ်ပြန်ပို့ဖို့ ကျွန်​တော်တို့ လုပ်နေတဲ့ အချိန်မှာ ဒီလိုမျိုး အဖြစ်အပျက်တွေက ကြိုဆိုစရာမရှိသလို နဲ့ လက်ခံနိုင်စရာလည်း မရှိပါဘူး။”ဟုသတင်းစာရှင်းလင်းပွဲတွင်​ပြောသည်။