Connect with us

Hi, what are you looking for?

LuduNwayOo

News

သာကေတမှာ မီးတုတ်​တွေကိုင်ဆန္ဒပြတဲ့ စစ်အာဏာရှင် ဖြုတ်ချရေးသပိတ်

ရန်ကုန်မြို့တွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုများကို အကြမ်းဖက်နှိမ်နင်းမှုများ ရှိနေသော်လည်း လူငယ်များက နေ့စဉ်ရက်ဆက် ပုံစံမျိုးစုံဖြင့် ဆန္ဒပြမှုများ ပြုလုပ်လျက်ရှိသည်။

ရန်ကုန်မြို့ ​​သာကေတမြို့နယ် (၁) စျေးကွေ့အနီးတွင် စစ်အာဏာရှင် ဖြုတ်ချရေးအဖြစ် လူငယ်များနှင့် ပြည်သူများက ယနေ့(ဇူလိုင် ၁၃ရက်) နံနက်ပိုင်း၌ မီးတုတ်များကိုင်ဆောင်၍ သပိတ်မှောက်ဆန္ဒပြခဲ့ကြသည်။

ယင်းသပိတ်တွင် မြို့နယ်အသီးသီးမှ လူငယ်များနှင့် ပြည်သူ ၁၀၀ ကျော် ပူးပေါင်းပါဝင်ခဲ့ကာ ဒီမ်ိုကရေစီ ရရှိစေရေးကြွေးကြော်၍ ချီတက် ဆန္ဒပြခဲ့ကြသည်။မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်ကောင်စီက မတရားသဖြင့် အာဏာသိမ်းပိုက်ထားသည်မှာ ယနေ့ ၁၆၃ ရက် ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။

ရန်ကုန်မြို့တွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုများကို အကြမ်းဖက်နှိမ်နင်းမှုများ ရှိနေသော်လည်း လူငယ်များက နေ့စဉ်ရက်ဆက် ပုံစံမျိုးစုံဖြင့် ဆန္ဒပြမှုများ ပြုလုပ်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီဝင်များက သာကေတမြို့နယ် ယမုံနာလမ်းမကြီး၊ ရှုခင်းသာမြို့ပတ်လမ်းနှင့် ဗန္ဓုလတံတားတို့တွင် အိမ်စီးကားများနှင့် အဌားယာဥ် (Taxi) များကို စစ်ဆေးမှုပြုလုပ်ခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်အံတုခဲ့သည်ကိုအကြောင်းပြုပြီး ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးအား ၁၉၇၆ ဇွန်လ ၂၆ရက်တွင် စစ်အာဏာရှင်အုပ်စုက ရက်စက်စွာ ကြိုးပေးသတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

သတင်း

မေလ ၄ ရက် ညနေ ၅ နာရီခွဲခန့်တွင် သာကေတမြို့နယ် (၆)ရပ်ကွက် အောင်သုခ ၂၃ လမ်းရှိ နေအိမ်မီးလောင်ခဲ့ခြင်းဖြစ်ပြီး မီးသတ်မှ Level 2 အဆင့် မီးငြှိမ်းသတ်ယာဉ်များစေလွှတ်မီးငြှိမ်းသတ်ခဲ့ရသည်။

သတင်း

သေဆုံးသည့် နယ်ထိန်းစောလေးဖောမှာ သာကေတမြို့နယ်တွင် ပြည်သူများအပေါ် အနိုင်ကျင့်ပြုမှု၍ နာမည်ဆိုးဖြင့်သတင်းထွက်နေသူဟု ဒေသခံများက ပြောသည်။