Connect with us

Hi, what are you looking for?

News

စစ်ကောင်စီတပ်စွဲရာနှင့် အခွန်ကောက်ခံရာနေရာများကို ပစ်မှတ်ထားတိုက်ခိုက်မည်ဟု KNDF လွိုင်ကော်ဇုန် ထုတ်ပြန်

ယမန်နေ့ ဇူလိုင် ၁၂ရက် ညပိုင်းကလည်း ခရိုင်ရဲရုံးနှင့် EPC ရုံး ဗုံးဖောက်ခွဲမှု ပြုလုပ်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ဦးဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ ဆက်လက် တိုက်ခိုက်သွားမည်ဟုလည်း ဖော်ပြခဲ့သည်။

စစ်ကောင်စီတပ်ဖွဲ့၏ တပ်စွဲရာနေရာများ၊ ပြည်သူလူထုများအပေါ် အတင်းအကြပ် အခွန်အခများကောက်ခံခြင်း ပြုလုပ်နေသောဌာနများကို ပစ်မှတ်ထား၍ တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF) လွိုင်ကော်ဇုန်မှ ယနေ့ ထုတ်ပြန်သည်။

ယမန်နေ့ ဇူလိုင် ၁၂ရက် ညပိုင်းကလည်း ခရိုင်ရဲရုံးနှင့် EPC ရုံး ဗုံးဖောက်ခွဲမှု ပြုလုပ်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ဦးဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ ဆက်လက် တိုက်ခိုက်သွားမည်ဟုလည်း ဖော်ပြခဲ့သည်။

ယင်းထုတ်ပြန်မှုနှင့်ပတ်သက်၍ သီးခြားအတည် ပြုနိုင်ရေး ကြိုးပမ်းခဲ့သော်လည်း အဆက်အသွယ်မရပေ။ပြည်သူလူထုများအနေဖြင့် ပေါက်ကွဲသည့်နေရာအတိ အကျအား လူမှုကွန်ရက်တွင် ရေးသားဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံကြောင်းလည်း KNDF လွိုင်ကော်ဇုန်က ထုတ်ပြန်သည်။

KNDFကို လက်နက်ကိုင် အကြမ်းဖက်စစ်ကောင်စီ၏ အနိုင်ကျင့်သတ်ဖြတ်မှုကို ကာကွယ်ရန် ဧပြီ နောက်ဆုံးပတ်က ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး KNDF အနေဖြင့် ပြည်သူလူထုအား ထိခိုက်နစ်နာစေသော အပြုအမူ လုပ်ဆောင်ချက်များ မည်သည့်အခါမှ ပြုလုပ်သွားမည်မဟုတ်ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ ဒရုန်းတိုက်ခိုက်ခံရတာကြောင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) ရဲဘော် ၅ဦး ကျဆုံးခဲ့တယ်လို့ ‌ဒေသခံသတင်းရင်းမြစ်တချို့က ‌ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်း နောင်ပုလုကျေးရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ဦးအပါအ၀င် ၄ဦးသေဆုံးပြီး ၈ဦး ဒဏ်ရာရတယ်လို့ စုံစမ်းသိရပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အရှေ့ဘက်ခြမ်းက စခန်းကုန်းတွေ မကျရေး စစ်‌တပ်က လေကြောင်းက နေ အပြင်းအထန်ခုခံနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ကရင်နီပြည်မှာ ညီညွတ်တဲ့အစိုးရနဲ့အတူ ပြည်နယ်တပ်တစ်ခုတည်းဖြစ်ပေါ်လာဖို့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDFက ဒီကနေ့ စက်တင်ဘာ ၁ရက်မှာ ထုတ်ပြန်ပါတယ်။