Connect with us

Hi, what are you looking for?

News

စစ်ကောင်စီတပ်စွဲရာနှင့် အခွန်ကောက်ခံရာနေရာများကို ပစ်မှတ်ထားတိုက်ခိုက်မည်ဟု KNDF လွိုင်ကော်ဇုန် ထုတ်ပြန်

ယမန်နေ့ ဇူလိုင် ၁၂ရက် ညပိုင်းကလည်း ခရိုင်ရဲရုံးနှင့် EPC ရုံး ဗုံးဖောက်ခွဲမှု ပြုလုပ်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ဦးဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ ဆက်လက် တိုက်ခိုက်သွားမည်ဟုလည်း ဖော်ပြခဲ့သည်။

စစ်ကောင်စီတပ်ဖွဲ့၏ တပ်စွဲရာနေရာများ၊ ပြည်သူလူထုများအပေါ် အတင်းအကြပ် အခွန်အခများကောက်ခံခြင်း ပြုလုပ်နေသောဌာနများကို ပစ်မှတ်ထား၍ တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF) လွိုင်ကော်ဇုန်မှ ယနေ့ ထုတ်ပြန်သည်။

ယမန်နေ့ ဇူလိုင် ၁၂ရက် ညပိုင်းကလည်း ခရိုင်ရဲရုံးနှင့် EPC ရုံး ဗုံးဖောက်ခွဲမှု ပြုလုပ်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ဦးဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ ဆက်လက် တိုက်ခိုက်သွားမည်ဟုလည်း ဖော်ပြခဲ့သည်။

ယင်းထုတ်ပြန်မှုနှင့်ပတ်သက်၍ သီးခြားအတည် ပြုနိုင်ရေး ကြိုးပမ်းခဲ့သော်လည်း အဆက်အသွယ်မရပေ။ပြည်သူလူထုများအနေဖြင့် ပေါက်ကွဲသည့်နေရာအတိ အကျအား လူမှုကွန်ရက်တွင် ရေးသားဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံကြောင်းလည်း KNDF လွိုင်ကော်ဇုန်က ထုတ်ပြန်သည်။

KNDFကို လက်နက်ကိုင် အကြမ်းဖက်စစ်ကောင်စီ၏ အနိုင်ကျင့်သတ်ဖြတ်မှုကို ကာကွယ်ရန် ဧပြီ နောက်ဆုံးပတ်က ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး KNDF အနေဖြင့် ပြည်သူလူထုအား ထိခိုက်နစ်နာစေသော အပြုအမူ လုပ်ဆောင်ချက်များ မည်သည့်အခါမှ ပြုလုပ်သွားမည်မဟုတ်ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့တိုက်ပွဲအတွင်း စစ်ကောင်စီက စစ်မှုထမ်းတပ်သားသစ်များစေလွှတ်နေဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)ဗျူဟာ တာဝန်ရှိသူက ပြောသည်။

သတင်း

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်သော မြို့နယ်များကို စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းကိုအသုံးပြုကာ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဇန်နဝါရီလအတွင်း ပြည်သူ၁၃ ဦးသေဆုံးခဲ့ပြီး ၂၆ဦးဒဏ်ရာရရှိခဲ့ဟု TNLAက သတင်းထုတ်ပြန်သည်။

သတင်း

ကရင်နီပြည်နယ်၊ဘောလခဲမြို့​ပေါ်မှာ အချိန်မ​ရွေးတိုက်ပွဲ​တွေဖြစ်လာတဲ့နိုင်ပြီး ဒေသခံပြည်သူ​တွေအ​နေနဲ့ ၁၀ ရက်အတွင်း​ရွေ့​ပြောင်းကြဖို့ ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက သတိ​ပေးလိုက်ပါတယ်။

သတင်း

၃ ရက်အတွင်းစစ်​ရှောင်ပြည်သူ ၉ ဦး​သေဆုံး