Connect with us

Hi, what are you looking for?

News

ကယားပြည်နယ်တစ်​ကျော့ပြန်တိုက်ပွဲတွင် စစ်​ကောင်စီတပ် ၁၄ဦး​သေ

စစ်​ကောင်စီတပ်မှ ​သေဆုံးမှုများသည့်အပြင် လက်နက်၊ခဲယမ်းများလည်းကျန်ခဲ့​ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ကယားပြည်နယ်တွင် အာဏာသိမ်းစစ်​ကောင်စီတပ်နှင့် ကရင်နီတပ်မ​တော် (KA/ KNPP)တို့ ဇူလိုင် ၁၂ ရက်က တိုက်ပွဲငါးကြိမ်ဖြစ်ပွားရာ စစ်​ကောင်စီတပ်ဖွဲ့ဝင် ၁၄ ဦး​သေဆုံးခဲ့​ကြောင်း ကရင်နီသတင်းအချက်အလက်စင်တာက ထုတ်ပြန်သည်။

KNPP တပ်ရင်း(၃)စစ်​ရေးလှုပ်ရှားရာ​ဒေသတွင်စစ်​ကောင်းစီ၏တပ်မ (၆၆)၊ခလရ (၅၃၀)တပ်၊ စစ်​ကောင် စီလက်​အောက်ခံ ပြည်သူ့စစ်ပူး​ပေါင်းအဖွဲ့တို့က နယ်​မြေကျူး​ကျော်လာသဖြင့် ကရင်နီတပ်မတော် KA/KNPP ဇူလိုင် ၁၂ ရက်တွင် တိုက်ပွဲငါးကြိမ်ဖြစ်ပွားခဲ့ရာ လွိုင်​ကော်မြို့နယ်တီးလုံကွန်နား​ကျေးရွာအနီးတွင် စစ်​ကောင် စီတပ်ဖွဲ့ ဝင် ၁၄ ဦး​သေဆုံးခဲ့ပြီး ​သေဆုံးမှုများသဖြင့် စစ်​ကောင်စီတပ်များ ဆုတ်ခွာသွားခဲ့​သည်။

စစ်​ကောင်စီတပ်မှ ​သေဆုံးမှုများသည့်အပြင် လက်နက်၊ခဲယမ်းများလည်းကျန်ခဲ့​ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ကယားပြည်နယ်တွင် ​မေ နှင့်ဇွန်လတွင်အာဏာသိမ်းစစ်​ကောင်စီတပ်နှင့် ​ဒေသခံ PDF အဖွဲ့များ ၊KNPP တို့နှင့် ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ​ဇွန်လဒုတိယပတ်မှရပ်နားခဲ့ရာမှ ယခုတစ်​ကျော့ပြန် ဖြစ်ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ဘေးကာကွယ်ဖို့ တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံ ကြဖို့ KNU ထပ်မံတိုက်တွန်း

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော

သတင်း

ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့တပ်မတော်(CPA)ထိန်းချုပ်နယ်မြေတွေ ဖြစ်တဲ့ ချင်းတောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တိုက်ပွဲတွေမှာ စစ်တပ်က သေဆုံးထိခိုက်များပြားခဲ့ပြီး စစ်တပ်ရဲ့ လက်နက်ခဲယမ်းများစွာ သိမ်းရခဲ့ကြောင်း CPU/CPAက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးတိုက်ပွဲအတွင်း စစ်တပ်အထိနာတာကြောင့် လေကြောင်း တိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။