Connect with us

Hi, what are you looking for?

News

ကယားပြည်နယ်တစ်​ကျော့ပြန်တိုက်ပွဲတွင် စစ်​ကောင်စီတပ် ၁၄ဦး​သေ

စစ်​ကောင်စီတပ်မှ ​သေဆုံးမှုများသည့်အပြင် လက်နက်၊ခဲယမ်းများလည်းကျန်ခဲ့​ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ကယားပြည်နယ်တွင် အာဏာသိမ်းစစ်​ကောင်စီတပ်နှင့် ကရင်နီတပ်မ​တော် (KA/ KNPP)တို့ ဇူလိုင် ၁၂ ရက်က တိုက်ပွဲငါးကြိမ်ဖြစ်ပွားရာ စစ်​ကောင်စီတပ်ဖွဲ့ဝင် ၁၄ ဦး​သေဆုံးခဲ့​ကြောင်း ကရင်နီသတင်းအချက်အလက်စင်တာက ထုတ်ပြန်သည်။

KNPP တပ်ရင်း(၃)စစ်​ရေးလှုပ်ရှားရာ​ဒေသတွင်စစ်​ကောင်းစီ၏တပ်မ (၆၆)၊ခလရ (၅၃၀)တပ်၊ စစ်​ကောင် စီလက်​အောက်ခံ ပြည်သူ့စစ်ပူး​ပေါင်းအဖွဲ့တို့က နယ်​မြေကျူး​ကျော်လာသဖြင့် ကရင်နီတပ်မတော် KA/KNPP ဇူလိုင် ၁၂ ရက်တွင် တိုက်ပွဲငါးကြိမ်ဖြစ်ပွားခဲ့ရာ လွိုင်​ကော်မြို့နယ်တီးလုံကွန်နား​ကျေးရွာအနီးတွင် စစ်​ကောင် စီတပ်ဖွဲ့ ဝင် ၁၄ ဦး​သေဆုံးခဲ့ပြီး ​သေဆုံးမှုများသဖြင့် စစ်​ကောင်စီတပ်များ ဆုတ်ခွာသွားခဲ့​သည်။

စစ်​ကောင်စီတပ်မှ ​သေဆုံးမှုများသည့်အပြင် လက်နက်၊ခဲယမ်းများလည်းကျန်ခဲ့​ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ကယားပြည်နယ်တွင် ​မေ နှင့်ဇွန်လတွင်အာဏာသိမ်းစစ်​ကောင်စီတပ်နှင့် ​ဒေသခံ PDF အဖွဲ့များ ၊KNPP တို့နှင့် ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ​ဇွန်လဒုတိယပတ်မှရပ်နားခဲ့ရာမှ ယခုတစ်​ကျော့ပြန် ဖြစ်ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးထောင်ကျော်သေဆုံးပြီး တော်လှန်ရေးရဲဘော် ၁၀၀ခန့်ကျဆုံးဟု အသိပေး

သတင်း

ရှမ်း - ကရင်နီပြည်နယ်အစပ်ရှိ မိုးဗြဲမြို့၌ တိုက်ပွဲပြင်းထန်နေပြီး မြို့ပြန်ရရေး စစ်ကောင်စီက ထိုးစစ်အရှိန်မြှင့်နေကြောင်း အဆိုပါ စစ်မြေပြင်ရှိ ရဲဘော်အချို့က လူထုနွေဦးသို့ ပြောသည်။

သတင်း

စစ်တပ်က အင်အားဖြည့်တင်း​နေပြီး မကြာခင်အလုံးအရင်းနဲ့ စစ်​ကြောင်းထိုးလာနိုင်တယ်လို့ မန္တ​လေး PDF ​ပြော