ရန်ကုန်မြို့ ပုစွန်တောင်မြို့နယ်တွင် စစ်အာဏာရှင် ဖြုတ်ချရေးအတွက် ယနေ့ (ဇူလိုင် ၁၄ ရက်) နံနက်ပိုင်း၌ အမျိုးသမီးများက မီးတုတ်များကိုင်၍ ဆန္ဒပြ သပိတ်မှောက်ခဲ့ကြသည်။
ယင်းသပိတ်တွင် မြို့နယ်အသီးသီးမှ အမျိုးသမီးများ ၁၀၀ ကျော် ပူးပေါင်းပါဝင်ခဲ့ကာ ဒီမ်ိုကရေစီ ရရှိစေရေး ကြွေးကြော်၍ ချီတက် ဆန္ဒပြခဲ့ကြသည်။
မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်ကောင်စီက မတရားသဖြင့် အာဏာသိမ်းပိုက်ထားသည်မှာ ယနေ့ ၁၆၄ ရက် ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။
ရန်ကုန်မြို့တွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုများကို အကြမ်းဖက်နှိမ်နင်းမှုများ ရှိနေသော်လည်း လူငယ်များက နေ့စဉ်ရက်ဆက် ပုံစံမျိုးစုံဖြင့် ဆန္ဒပြမှုများ ပြုလုပ်လျက်ရှိသည်။