Connect with us

Hi, what are you looking for?

News

စစ်ကောင်စီလော်ဘီမိုးဟိန်း၏ ဝါဒဖြန့်ဟောပြောမှုများ ပညာရေးရုံး၊ဌာနများနှင့်တက္ကသိုလ်၊ကျောင်းများတွင် ပြသကြည့်ရှုရန် ညွှန်ကြား

စစ်ကောင်စီလော်ဘီမိုးဟိန်း၏ မဟုတ်မမှန်လိမ်လည်ဟောပြောဝါဒဖြန့်ပို့ချမှုများကို စစ်ကောင်စီ၏ ဝန်ထမ်း များအပြင် တပ်တွင်းနှင့် တပ်မိသားစုများပါ မကြည့်မနေရ ဖိအားပေးမှုများပြုလုပ်နေကြောင်း သတင်းများ ထွက်ပေါ်နေသည်။

မြဝတီမှအပတ်စဉ်ထုတ်လွှင့်နေသော စစ်ကောင်စီလော်ဘီမိုးဟိန်း၏ “မြန်မာနိုင်ငံအရေး အလေးအနက်တွေးသူ တစ်ဦးရဲ့စကားသံများ”ခေါင်းစဉ်ဖြင့် ရုပ်သံအပိုင်း ၂၉ပိုင်းကို ပညာရေးရုံး၊ဌာနများနှင့် တက္ကသိုလ်၊ကျောင်းများတွင် ပြသကြည့်ရှုရန် စစ်ကောင်စီအဖွဲ့၏ ညွှန်ကြားစာတစ်စောင်ထွက်ပေါ်လာသည်။

မြန်မာအရေးနှင့်ပတ်သက်သည့် သုံးသပ်ချက်အား အများပြည်သူများသိရှိစေရးအတွက် မြဝတီရုပ်မြင်သံကြားမှ “မြန်မာနိုင်ငံအရေး အလေးအနက်တွေးသူ တစ်ဦးရဲ့စကားသံများ”အစီအစဥ်အတိုင်း ၁မှ ၂၉ထိ ထုတ်လွှင့် ပြသခဲ့သည့် အစီအစဥ်မှတ်တမ်း DVB ၅ခွေအား ဝန်ထမ်းများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာနမှ ပေးပို့လာမှုအပေါ် “ရုံး၊ဌာန၊တက္ကသိုလ်၊ကျောင်းများတွင် ပြသကြည့်ရှုစေရန်၊ ဆောင်ရွက်မှုများပြန်လည်တင်ပြစေပါ”ဟု လမ်းညွှန်မှုပြုခဲ့ပါသဖြင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်၊ရန်ကုန်မှ စီမံ/လေ့ကျင့်/သင်ကြားဝန်ထမ်းများအား ပြသဆောင်ရွက်သွားရန် DVD ၅ ခွေနှင့်အတူ အကြောင်းကြားအပ်ပါသည်ဟု ညွှန်ကြားစာတွင်ပါရှိသည်။

စစ်ကောင်စီလော်ဘီမိုးဟိန်း၏ မဟုတ်မမှန်လိမ်လည်ဟောပြောဝါဒဖြန့်ပို့ချမှုများကို စစ်ကောင်စီ၏ ဝန်ထမ်း များအပြင် တပ်တွင်းနှင့် တပ်မိသားစုများပါ မကြည့်မနေရ ဖိအားပေးမှုများပြုလုပ်နေကြောင်း သတင်းများ ထွက်ပေါ်နေသည်။

ထိုနောက် ပညာရေးဝန်များနှင့် တက္ကသိုလ်၊ကျောင်းများပါ ပြသကြည့်ရှုရန် ထပ်မံညွှန်ကြားလာခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

သူရိယနေဝင်းဂျာနယ်တည်ထောင်သူမိုးဟိန်းသည် အာဏာသိမ်းစစ်ကောင်စီနှင့် ပူးပေါင်းပြီး NUG အစိုးရ၊ PDF တပ်ဖွဲ့များနှင့် CDM ဝန်ထမ်းများအပေါ် ပုတ်ခတ်၍ မဟုတ်မမှန်ဟောပြော ဝါဒဖြန့်မှုများ ဆက်တိုက်ပြုလုပ် နေသူဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။