Connect with us

Hi, what are you looking for?

News

ဆင်ပေါင်ဝဲ NLD အမတ်ကို ဖမ်းမမိ၍ ဖခင်ဖြစ်သူကို စစ်ကောင်စီလက်နက်ကိုင်များ ပစ်သတ်သွား

“လက်ရှိ လွှတ်တော်ကိုယ်စားလှယ်က တိမ်းရှောင်နေတာ။ တိမ်းရှောင်နေတော့ သူ့ကိုမတွေ့တော့ ဒလန်က လိုက်ပြတော့ ဖအေကို တွေ့တာ။ အဲဒီမှာ ရဲနဲ့ စစ်ကောင်စီ အယောက် ၂၀လောက်က ၁၅ ချက်လောက် ပစ်သတ်သွားတယ်လို့ ပြောတယ်” ဟု ၎င်းက ​ပြောသည်။

မကွေးတိုင်းဒေသကြီး ဆင်ပေါင်ဝဲမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်မျိုး၏ ဖခင်အား စစ်ကောင်စီလက်နက်ကိုင်များက ယနေ့နံနက်တွင် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ဆင်ပေါင်ဝဲမြို့နယ် ဧကရာရ်ရွာနေ ဆင်ပေါင်းဝဲတိုင်းဒေသကြီးအမတ် ဦးရန်အောင်မျိုး အား ဖမ်းဆီးရန် စစ်ကောင်စီလက်နက်ကိုင်များက ယနေ့ ဇူလိုင် ၁၆ရက် နံနက်တွင် လာရောက်ရှာဖွေရာ မတွေ့ရှိ၍ ယာခင်း(နှမ်းစိုက်ခင်း)တွင် လယ်ယာလုပ်ငန်းခွင်ဝင်နေသည့် ဖခင်ဖြစ်သူ အသက် ၆၀ ကျော်အရွယ် ဦးတင်အုန်းအား ပစ်သတ်သွားခြင်းဖြစ်သည်ဟု ဒေသခံက ပြောသည်။

“လက်ရှိ လွှတ်တော်ကိုယ်စားလှယ်က တိမ်းရှောင်နေတာ။ တိမ်းရှောင်နေတော့ သူ့ကိုမတွေ့တော့ ဒလန်က လိုက်ပြတော့ ဖအေကို တွေ့တာ။ အဲဒီမှာ ရဲနဲ့ စစ်ကောင်စီ အယောက် ၂၀လောက်က ၁၅ ချက်လောက် ပစ်သတ်သွားတယ်လို့ ပြောတယ်” ဟု ၎င်းက ​ပြောသည်။

စစ်ကောင်စီလက်နက်ကိုင်များသည် ပြည်သူလူထုအပေါ် ရက်စက်ယုတ်မာမှု မျိုးစုံကျူးလွန်နေကြောင်း မကွေး တိုင်းဒေသကြီးရှိ ပြည်သူ့လွှတ်တော်အမတ်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

“သားမတွေ့လို့ အဖေကို ပစ်သွားတယ်။ ယောက်ျားကိုမတွေ့လို့ မိန်းမကို ဖမ်းတယ်။ သားမတွေ့လို့ အမေတွေ ဦးလေးတွေ အဒေါ်တွေ အကိုတွေ ခေါ်သွားတာတွေ ဒါက ပြောစရာ စကားကို မရှိတော့လောက်အောင် ဖြစ်နေပြီ။ အရက်စက်ဆုံး အကြမ်းကြုတ်ဆုံး အဖွဲ့အစည်းဖြစ်နေပြီ။ မြန်မာပြည်မှာ လူ့အခွင့်အရေးဆုံးရှုံးနေရတယ်” ဟု ၎င်းကဆိုသည်။

ဆင်ပေါင်ဝဲပြည်သူ့လွှတ်တော်အမတ် ဦးနေထက်ဝင်းကလည်း ဦးရန်အောင်မျိုး၏ ဖခင်သတ်ဖြတ်ခံရမှုအပေါ် ဝမ်းနည်းကြောင်း ၎င်း၏ Facebookစာမျက်နှာတွင် ရေးသားခဲ့သည်။

သားဖြစ်သူ ဦးရန်အောင်မျိုးအား မတွေ့၍ ဖခင်ဖြစ်သူအား နှမ်းခင်းထဲတွင် ဥပဒေမဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့ကြခြင်းဖြစ်သည်ဟု ရေးသားထားသည်။

ယခင်ကလည်း ပွင့်ဖြူမြို့နယ် ပြည်သူ့လွှတ်တော်အမတ်ဟောင်း ဦးထွန်းထွန်းအား ဖမ်းမရ၍ ၎င်း၏ ဇနီးဖြစ်သူအား စစ်ကောင်စီလက်နက်ကိုင်များက ဖမ်းဆီးအရေးယူခဲ့သည်။ နိုင်ငံတစ်ဝန်း၌လည်း အလားတူ ဖြစ် ရပ်များစွာ ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျူးလွန်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC) ကိုယ်စားလှယ်တို့ တွေ့ဆုံခဲ့ကြောင်း သတင်းတွေအပေါ် အလေးထား စောင့်ကြည့်သုံးသပ်နေပြီး ICRC ရဲ့ လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ ကြိုးပမ်းမှုကို အသိအမှတ်ပြုတယ်လို့ NLD ဗဟိုအလုပ်ကော်မတီက ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာသံဃာတွေကိုဆွမ်းလောင်းပြီး မွေးနေ့ဆုတောင်းပေးခဲ့တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီရဲ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းဒေါက်တာစောနိုင်ကိုအာဏာသိမ်းစစ်တပ်ကဖမ်းဆီးပြီးနောက် ထောင်ဒဏ်သုံးနှစ်ချလိုက်တယ်လို့ ပါတီနဲ့နီးစပ်သူအချို့ဆီကသိရပါတယ်။