Connect with us

Hi, what are you looking for?

News

KIAဝင်ရောက်သည်ကို အသိမပေး၍ဟုဆိုကာ ဖားကန့်ဒေသရှိကျေးရွာများအား စစ်ကောင်စီခြိမ်းခြောက်

ဇူလိုင် ၁၄ရက်က ဖားကန့်- ကာမိုင်းလမ်းတွင် KIAနှင့် တိုက်ပွဲဖြစ်ပွား၍ စစ်ကောင်စီ တပ်အထိနာခဲ့ပြီးနောက် အဆိုပါ လမ်းရှိ နမ့်ယားအခြေစိုက်တပ်က ဇူလိုင် ၁၇ရက်တွင်အနီးဝန်းကျင်မှ ကျေးရွာလူကြီးများကို ခေါ်ယူကာ ခြိမ်းခြောက်ပြောဆိုခဲ့ခြင်းဖြစ်သည်။

ကချင်လက်နက်ကိုင်အဖွဲ့(KIA) ဝင်ရောက်သည်ကို အသိမပေး၍ဟုဆိုကာ ကချင်ပြည်နယ်ဖားကန့်မြို့နယ်ရှိ ကျေးရွာအချို့မှ ရွာလူကြီးများအား စစ်ကောင်စီတပ်က ခေါ်ယူတွေ့ဆုံပြီးခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ဇူလိုင် ၁၄ရက်က ဖားကန့်- ကာမိုင်းလမ်းတွင် KIAနှင့် တိုက်ပွဲဖြစ်ပွား၍ စစ်ကောင်စီ တပ်အထိနာခဲ့ပြီးနောက် အဆိုပါ လမ်းရှိ နမ့်ယားအခြေစိုက်တပ်က ဇူလိုင် ၁၇ရက်တွင်အနီးဝန်းကျင်မှ ကျေးရွာလူကြီးများကို ခေါ်ယူကာ ခြိမ်းခြောက်ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ရွာလူကြီးတွေခေါ်ပြီးမှအစည်းအဝေး သဘောမျိုးနဲ့ပြောလိုက်တာ။သူတို့ ပြောတာက KIA လာတဲ့အချိန်မှာ သူတို့ကို သတင်းမပို့ဘူးပေါ့။ နောက်နောင်ကျရင် သူတို့ဆီမှာ တိုက်ပွဲပြန်ဖြစ်ရင် ရွာကိုမီးရှို့မယ်ဆိုတာရယ် အဲဒါခေါ်ပြောတာပါ။ ခြိမ်းခြောက်တဲ့သဘောဆိုပေမယ့် သူတို့ တကယ်လည်း လုပ်လည်း လုပ်ပါတယ်။အရင်ကလည်းလုပ်နေကြ။ ရွာကို မီးရှို့တာက သူတို့လုပ်နေတာပေါ့။ အခုက လက်နက်ကြီးနဲ့ပစ်မယ်ဆိုတာရော မီးရှို့မယ်ဆိုတာရော ပြောတာ။ ပြောမယ်ဆိုရင် ရတဲ့နည်းနဲ့အကြမ်းဖက်မှာတော့ သေချာတာပေါ့” ဟု ဒေသခံက ပြောသည်။

အဆိုပါ ဒေသသည် စစ်ကောင်စီတပ်နှင့် KIA တပ်များသာမက ပြည်သူ့စစ်တပ်ဖွဲ့လည်းရှိကြောင်း ဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

“ရွာသားတွေက စိုးရိမ်ကြောင့်ကြမှုရှိတယ်။ အဲဒီပတ်ဝန်းကျင်က နှစ်ဖက်လက်နက်ကိုင်တွေသွားလာနေတဲ့ဒေသ” ဟု ၎င်း ကဆိုသည်။

ဇူလိုင် ၁၄ရက်က ဖားကန့် – ကာမိုင်းလမ်းပိုင်း တံတားညီနောင်အနီး တိုက်ပွဲပြင်းထန်ခဲ့ရာ နမ့်ယားတပ်စခန်းက လက်နက်ကြီးပစ်ကူပေးခဲ့ကြောင်း၊ ယင်းအနက် လက်နက်ကြီးကျည်အချို့မှာ ဆိုင်းဖရာရွာသို့ကျရောက်ခဲ့၍ ဒေသခံ၆ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကချင်ဒေသခံတစ်ဦးက ပြောသည်။

အာဏာသိမ်းစစ်ကောင်စီတပ်သည် ကချင်ဒေသတွင်သာမက ကရင်နှင့် အခြားဒေသများရှိ တိုင်းရင်းသားလက်နက်ကိုင်တပ်များ၊ ပြည်သူ့ကာကွယ်ရေးတပ်များ နှင့် တိုက်ပွဲများဖြစ်ပွားပါက အရပ်သားပြည်သူများကိုပါ ပစ်မှတ်ထား တိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ ဒေသက စစ်တပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်စွဲထားတဲ့ရဟတ်ယာဉ်ကွင်းပါ တပ်စခန်းဟာ စစ်ရေးအရ အရေးပါတာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဟာ ၃ကြိမ်တိုင်ထိုးစစ်ဆင်ခဲ့ရကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။

Facebook