Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်​ကောင်စီက ကျန်းမာရေးဝန်ထမ်းများအားပစ်မှတ်ထားဖမ်းဆီးခြင်း၊ ပြည်သူများ ကိုဗစ်ကုသခွင့်အား နှောက်ယှက်ခြင်းများ ဆက်တိုက်ပြုလုပ်

ကိုဗစ်တတိယလှိုင်းတွင် ​နေစဥ်ပြည်သူ အများအပြား​သေဆုံး​နေ​သော်လည်းအာဏာသိမ်းစစ်ကောင်စီတပ်က ကျန်းမာရေးဝန်ထမ်းများအား ပစ်မှတ်ထား တိုက်ခိုက်ခြင်း ၊ ဒေသအချို့တွင်လည်း ပြည်သူလူထု၏ အောက်ဆီဂျင်အိုးကို အကြောင်းမဲ့သိမ်းယူခြင်း ပြုလုပ်​နေသည်။

(စစ်အာဏာရှင်ဆန့်ကျင်တဲ့ ကျန်းမာရေးဝန်ထမ်းများကို စစ်ကောင်စီက ဖိနှိပ်ခဲ့သည်)

ယနေ့ (ဇူလိုင် ၁၉ရက်)တွင် ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ်ရှိ COVID-19 ကာကွယ်ရေးနှင့် ပြည်သူ့ အကျိုးပြုအဖွဲ့ဝင် ဆရာဝင် ၅ဦးကို လူနာအ​ယောင်​ဆောင်ဖမ်းဆီးပြီး ၊ အောက်ဆီဂျင် အိုးများ အပါအဝင် ကပ်ရောဂါ ကာကွယ်ရေး အသုံးပြုပစ္စည်းများ သိမ်းယူခဲ့သည်။

ဇူလိုင် ၁၆ရက်ကလည်း မန္တလေးမြို့တွင် ခွဲစိတ်ဆရာဝန် တစ်ဦးကို စစ်ကောင်စီ တပ်များက ရိုက်နှက်ဖမ်းဆီးသွားကြောင်း ဒေသတွင်း သတင်းဌာနအချို့က ဖော်ပြထားသည်။

နွေဦးတော်လှန်ရေးကာလတွင် စစ်ကောင်စီ၏ အကြမ်းဖက်နှိမ်နင်းမှုများကြောင့် ထိခိုက်ဒဏ်ရာရ ပြည်သူများအား စဉ်ဆက်မပြတ် ကုသပေးခဲ့သည့် ခွဲစိတ်ဆရာဝင် ဒေါက်တာသက်ဌေးသည် ဆေးရုံတစ်ခုမှ လူနာတစ်ဦးအား သွားရောက်ကြည့်ရှု ကုသမှုပေးပြီး နေအိမ်သို့ အပြန်၌ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း The Nation Voice က ဖော်ပြခဲ့သည်။

ထိုကဲ့သို့ စစ်ကောင်စီက ကျန်းမာရေးဝန်ထမ်းများကို ပစ်မှတ်ထားတိုက်ခိုက်မှုမှာ စုစုပေါင်း ၂၅၀ ကျော် ရှိပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ယခု ရက်ပိုင်းတွင် ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဇူလိုင် ၁၉ရက်တွင်ပင် ပဲခူးမြို့ရှိ ကိုဗစ်လူနာအတွက် အောက်ဆီဂျင်ရှာဖွေပြီးနေအိမ်သို့ ပြန်လာသူ တစ်ဦးထံမှ အောက်ဆီဂျင်အိုးကို စစ်ကောင်စီတပ်မှ သိမ်းယူခဲ့ကြောင်း မြို့ခံတစ်ဦးက ပြောသည်။

ယနေ့ နေ့လည်ပိုင်းတွင် ပဲခူးမြို့လိပ်ပြာကန်အနီး၌ အဆိုပါ ဖြစ်စဉ်ဖြစ်ပွားခဲ့သည်ဟု ၎င်းက ဆိုသည်။“ကားပေါ်မှာ စစ်ဆေးမေးမြန်းရင်း နောက်ခန်းမှာ အောက်ဆီဂျင်အိုးပါတာတွေ့တော့ လူများတဲ့နေရာဖြစ်နေလို့ ချက်ခြင်းမယူဘူး။ ကားနောက်ကအသာလေးလိုက်သွားပြီး လူရှင်းတဲ့နေရာရောက်မှ လုပ်တာ” ဟု ဟု ပဲခူးမြို့ခံတစ်ဦးက ပြောသည်။

လက်ရှိတွင် လူနာအတွက် အောက်ဆီဂျင်အစားထိုးရှာဖွေပြီး လူနာကိုကြိုးစား အသက်ကယ်နေရကြောင်း ပဲခူးမြို့ခံက ပြောသည်။

ထိုအပြင် မုံရွာမြို့၌ အောက်ဆီဂျင်အဓိကထုတ်လုပ်နေသည့် စက်ရုံတစ်ခုမှ ခွဲတမ်းတစ်ဝက်ပေးရန်လည်း စစ်ကောင်စီလက်အောက်ခံ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၏ ညွှန်ကြားချက်ဖြင့် တောင်းခံလာကြောင်း မုံရွာမြို့ခံအချို့က ပြောသည်။

တစ်နေ့လျင်အောက်ဆီဂျင် ၄၀ လီတာဆန့်အိုးပေါင်း ၂၀၀ကျော် ထုတ်လုပ်နိုင်သည့် မိဘဂုဏ်အောက်ဆီဂျင် စက်ရုံအနေဖြင့် ဇူလိုင် ၁၉ရက်နေ့အထိ ပြည်သူလူထုများ၏ အောက်ဆီဂျင် လိုအပ်ချက်ကို ပုံမှန် ထုတ်လုပ်ပေးနိုင်သော်လည်း စစ်ကောင်စီက ခွဲတမ်းတောင်းခံလာခြင်းကြောင့် ပြည်သူများ အခက်ကြုံလာနိုင်ခြင်းအပေါ် မြို့ခံများက စိုးရိမ်လျက်ရှိသည်ဟုဆိုသည်။

စစ်ကောင်စီအနေဖြင့် ပြည်သူလူထုများ အောက်ဆီဂျင်ရရှိရေး ကြိုးပမ်းမှုများကို နှောက်ယှက်ပိတ်ပင်ခြင်း၊ အောက်ဆီဂျင်စက်ရုံများအား ထိန်းချုပ်ပြီး ကန့်သတ်ပိတ်ပင်ခြင်းများ ပြုလုပ်နေကြောင်းကို ပြည်သူများက လူမှုကွန်ရက်တွင် ဖော်ပြခဲ့ကြသည်။

စစ်ကောင်စီသည် ကိုဗစ်ရောဂါ ကူးစက်သများကို ကုသရန် ငြင်းဆန်မှုများရှိနေသည့်အပြင် အောက်ဆီဂျင် ထုတ်လုပ်မှုများနှင့် အောက်ဆီဂျင် ထုတ်လုပ်သည့် စက်ပစ္စည်းများကို လူမဆန်စွာ ပိတ်ပင်တားဆီး သိမ်းပိုက် ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း NUG က ထုတ်ပြန်ထားသည်။

ထို့ပြင် စစ်ကောင်စီသည် ကျန်းမာရေးစနစ် နှင့် ကျန်းမာရေးလုပ်သားများအပေါ် ပစ်မှတ်ထား နှိမ်နင်းနေပြီး COVID-19 အား စစ်လက်နက်တစ်ခုအဖြစ် ရည်ရွယ်ချက်ရှိရှိ အသုံးချနေကြောင်း ပို၍ ပေါ်လွင်လာနေသည်ဟု NUGက ဆ​ထောက်ပြထားသည်။

တစ်ဖက်တွင် စစ်​ကောင်စီက ကိုဗစ်တတိယလှိုင်းပိုမိုဆိုးရွားလာခြင်းမှာ အကြမ်းမဖက်ဘဲအာဏာဖိဆန်မှု ပြုလုပ်​နေ​သော ကျန်းမာ​ရေးဝန်ထမ်းများအ​ပေါ် အပြစ်ပုံချရန် ကြိုးစား​နေသည်။

ကျန်း​မာ​ရေးဝန်ထမ်းများ ၊​စေတနာ့ဝန်ထမ်းများကို ဖမ်းဆီး၊သတ်ဖြတ်၊နှိပ်စက် ပြီး ကိုဗစ်အ​ခြေအ​နေဆိုးလာချိန်တွင်ပြန်ကူညီကြရန် စစ်​ကောင်စီဝါဒဖြန့်မီဒီယာများမှ ဖိတ်​ခေါ်ဟန်ပြုပြီး ၊​မြေပြင်တွင် ကိုဗစ်လူနာများအားကုသ​ပေး​နေ​သောဆရာဝန်များကို လိုက်လံဖမ်းဆီး​နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

အဆိုပါစစ်ကြောင်းမှာ ဆိပ်ဖြူမြို့နယ်၊ အမှတ်(၉)လေကြောင်းရန်ကာကွယ်ရေးစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (လစခ ၉)နှင့် ကပစ(၂၁)၊ (၂၂)တပ်များမှ ထွက်လာသည့် စစ်ကြောင်းဖြစ်ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများထံမှ သိရသည်။

သတင်း

တရုတ်ဖက်ကထုတ်ပြန်သည့်သတင်း၌ ဖမ်းဆီးသွားသူများကို ​ခေါင်းအားအဝတ်အုပ်၍ခေါ်ဆောင်သွားပြီး တရုတ်လေဆိပ်အ​ရောက် သတင်းမီဒီယာများရှေ့၌ ဖွင့်ပြခဲ့သည်။

သတင်း

မိတ္ထီလာမြို့တွင် လောက်ကိုင်မြို့မှ ပြန်လာသည့် စစ်ဘေးရှောင်ပြည်သူများ ရောက်ရှိနေပြီး အချို့မှာ ဆိုင်ကယ်ဖြင့်ပြန်လာချိန် စစ်ကောင်စီ၏ ယာဥ်စစ်ဆေးရေးအဖွဲ့​၏ ငွေတောင်းခံရမှုကြုံတွေ့နေရကြောင်း ဒေသခံအချို့က ပြောသည်။

ဆောင်းပါး

လုံခြုံရေးအခြေနေအရ တစ်မြို့ကနေအခြားတစ်မြို့ဆီ ပြောင်းရွှေ့ဖူးတာတော့ ရှိတယ်။ ဒါပေမဲ့ ခရီးသွားသက်သက် အနေနဲ့ ဘယ်မှ မထွက်ဖြစ်ခဲ့ဘူး။ ခုမှ မိသားစုကိစ္စနဲ့ ခရီးတစ်ခုသွားဖို့ ကြုံလာတာ။ မြို့တော်ရန်ကုန်ကနေတွက်ရင် မိုင် ၂၅၀ လောက်ဝေးတဲ့ ခရီးဆိုပါတော့။