Connect with us

Hi, what are you looking for?

News

ကသာမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရ

“စစ်သားအယောက် ၅၀လောက်က လမ်းလျှောက်ပြီးကသာဘက်ကို လာနေတာ လေးမိုင်ကုန်းနားလည်းရောက်ရော စီးပြီး ပစ်ခံလိုက်ရတာ”ဟု ၎င်းက ဆိုသည်။

ကသာမြို့နှင့် လေးမိုင်ခန့်အကွာတွင် အာဏာသိမ်းစစ်ကောင်စီ စစ်ကြောင်းကို ကချင်လက်နက်ကိုင်အဖွဲ့ (KIA)နှင့်ကသာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) ပူးပေါင်းအဖွဲ့က ယနေ့မနက် ၈နာရီခွဲခန့်တွင် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ကသာဒေသခံတစ်ဦးကပြောသည်။

“စစ်သားအယောက် ၅၀လောက်က လမ်းလျှောက်ပြီးကသာဘက်ကို လာနေတာ လေးမိုင်ကုန်းနားလည်းရောက်ရော စီးပြီး ပစ်ခံလိုက်ရတာ”ဟု ၎င်းက ဆိုသည်။

တိုက်ပွဲဖြစ်ပွားချိန် တစ်နာရီခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင် စီတပ်ဖွဲ့ဝင်များ သေဆုံးမှုရှိသည်ဟု သိရကြောင်း၊ လတ်တလောတွင် ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားကြောင်း ကသာဒေသခံက ပြောသည်။

ယခင်ကလည်း ကသာမြို့နယ်အတွင်း စစ်ကောင်စီတပ်များကို KIA/PDF ပူးပေါင်းအဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်များရှိခဲ့သည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲဖြစ်စဉ်များကို ကသာ PDFက သတင်းထုတ်ပြန်လေ့ရှိသော်လည်း ယနေ့မနက် ဖြစ်ပွားသည့် တိုက်ပွဲကို ထုတ်ပြန်ခြင်းမပြုသေးပေ။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် အင်းတော်ဒေသမှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။