ကသာမြို့နှင့် လေးမိုင်ခန့်အကွာတွင် အာဏာသိမ်းစစ်ကောင်စီ စစ်ကြောင်းကို ကချင်လက်နက်ကိုင်အဖွဲ့ (KIA)နှင့်ကသာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) ပူးပေါင်းအဖွဲ့က ယနေ့မနက် ၈နာရီခွဲခန့်တွင် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ကသာဒေသခံတစ်ဦးကပြောသည်။
“စစ်သားအယောက် ၅၀လောက်က လမ်းလျှောက်ပြီးကသာဘက်ကို လာနေတာ လေးမိုင်ကုန်းနားလည်းရောက်ရော စီးပြီး ပစ်ခံလိုက်ရတာ”ဟု ၎င်းက ဆိုသည်။
တိုက်ပွဲဖြစ်ပွားချိန် တစ်နာရီခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင် စီတပ်ဖွဲ့ဝင်များ သေဆုံးမှုရှိသည်ဟု သိရကြောင်း၊ လတ်တလောတွင် ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားကြောင်း ကသာဒေသခံက ပြောသည်။
ယခင်ကလည်း ကသာမြို့နယ်အတွင်း စစ်ကောင်စီတပ်များကို KIA/PDF ပူးပေါင်းအဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်များရှိခဲ့သည်။
တိုက်ပွဲဖြစ်စဉ်များကို ကသာ PDFက သတင်းထုတ်ပြန်လေ့ရှိသော်လည်း ယနေ့မနက် ဖြစ်ပွားသည့် တိုက်ပွဲကို ထုတ်ပြန်ခြင်းမပြုသေးပေ။
