Connect with us

Hi, what are you looking for?

News

Oxygen Concentrator အလုံး ၇၀၀ ထပ်မံထောက်ပံ့မယ်လို့ ဂျပန်သံရုံးထုတ်ပြန်

ဂျပန်အစိုးရဟာ ကုလသမဂ္ဂစီမံကိန်း၀န်ဆောင်မှုများရုံး (UNOPS)ရဲ့ အကောင်အထည် ဖော်နေတဲ့စီမံကိန်းမှတဆင့် Oxygen Concentrator အလုံး ၇၀၀ ကို ထပ်မံထောက်ပံ့ဖို့ ဒီနေ့ အတည်ပြု ဆုံးဖြတ်လိုက်တယ်လို့ ကြေညာလိုက်ပါတယ်။

ဇွန်လကုန်ကတည်းက မြန်မာနိုင်ငံရဲ့ COVID-19 အခြေအနေဟာ လူနာဦးရေမြင့်တက်နေခြင်းနဲ့အတူ နေ့စဥ် ရာပေါင်းများစွာသော သေဆုံးမှုများကြောင့် လျင်မြန်စွာယိုယွင်းလာခဲ့ပြီး လက်ရှိ အခြေအနေမျိုးမှာ မြန်မာပြည်သူတွေ လိုအပ်တဲ့ ကုသမှုတွေ ပေးနိုင်ဖို့ Oxygen Concentrator တွေကို မြန်မြန်ဆန်ဆန်ထောက်ပံ့ပေးဖို့ အရေးပေါ်လိုအပ်နေတယ်လို့ ဂျပန်သံရုံးက ထုတ်ပြန်ပါတယ်။

UNOPS နဲ့ပူးပေါင်းဆောင်ရွက်နေတဲ့ အထောက်အပံ့အစီအစဥ်အရ ဂျပန်နိုင်ငံအစိုးရဟာ COVID-19 လူနာတွေကို ကုသပေးနေတဲ့ ရန်ကုန်တိုင်းအတွင်းရှိ ကုသရေးဌာနများသို့ လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုများအတွက် Oxygen Concentratorများကို ထောက်ပံ့ပေးခြင်းဖြင့် မြန်မာပြည်သူများကို တိုက်ရိုက်ပံ့ပိုးပေးမှာဖြစ်တယ်လို့ သံရုံးက ဆိုပါတယ်။

ဂျပန်နိုင်ငံအစိုးရဟာ Oxygen Concentratorများအပြင် COVID-19 လူနာများကို ကုသမှုပေးနေတဲ့ မြန်မာနိုင်ငံတစ်ဝန်းရှိ ကျန်းမာရေးစောင့်ရှောက်မှုဌာနများသို့ လူနာတင်ယာဉ် ၁၄စီး ကို မကြာမီလွှဲပြောင်းပေးအပ်မယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဆက်စပ်သတင်းများ

ကျန်းမာရေးဆောင်းပါး

Down Syndrome(ဒေါင်းရောဂါ)ဟာ လူတစ်ဦးရဲ့ ခန္ဓာကိုယ်ထဲမှာ ခရိုမိုဆိုမ် ၂၁ (Chromosome 21) တစ်စုံအစား သုံးစုံရှိနေတဲ့ အခြေအနေကြောင့် ဖြစ်ပွားတာဖြစ်ပြီး မွေးဖွားလာတဲ့ကလေး ၇၀၀ လောက်မှာတစ်ယောက်ခန့် တွေ့ရတဲ့အဖြစ်အများဆုံး ခရိုမိုဆိုမ်ဆိုင်ရာ ချို့ယွင်းမှုတစ်ခု ဖြစ်ပါတယ်။

သတင်း

ကနေဒါ၊ ချက်နဲ့ ဂျပန်နိုင်ငံရောက် မြန်မာတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဇွန်လ ၁၉ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

၂၀၂၁ ကတည်းက မြန်မာနိုင်ငံက ကလေးတွေ ဖြတ်သန်းနေရတဲ့ အကြောင်းအရာတွေကို တစ်ကွက်ကာတွန်းအနေနဲ့ ထုတ်ဝေထားတဲ့ WART CARTOON စာအုပ်က ဂျပန်ကာတွန်းပညာရှင်များအသင်းရဲ့ ၅၅ကြိမ်မြောက် ဆုပေးပွဲမှာ ကာတွန်းကဏ္ဍ အထူးဆုဆွတ်ခူးရရှိခဲ့ပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ၊ တိုကျိုမြို့တော်မှာ မူကြိုကျောင်းတစ်ခု မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ကလေးတွေနဲ့ ဆရာ ဆရာမ စုစုပေါင်း လူ ၃၀၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။