Connect with us

Hi, what are you looking for?

News

စစ်အာဏာရှင်စနစ်ကိုလက်နက်ကိုင်တော်လှန်ရန် မတူပီ CDF ဖိတ်ခေါ်

ပူးပေါင်းပါဝင်လိုသော မတူပီမြို့နယ်အတွင်းရှိ စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင် ဆန့်ကျင် တော်လှန်သည့် မည်သည့်အဖွဲ့အစည်းမဆို ကြိုဆိုပါကြောင်း ဖော်ပြထားသည်။

စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင်ဆန့်ကျင်တော်လှန်ရန်အတွက် မတူပီ CDF သည် ချင်အမျိုးသားတပ်ဦး (CNF)၏ လမ်းညွှန်မှုကိုခံယူ၍ ချင်းအမျိုးသားတပ်မတော်(CNA) ၏ ကြီးကြပ်ကွပ်ကဲမှုအောက်တွင် ဒေသအသီးသီးရှိ CDF အဖွဲ့များနှင့် အတူတိုက်ပွဲဝင်သွားမည်ဟု မင်းတပ် CDFက ယနေ့ထုတ်ပြန်ကြေညာသည်။

မတူပီ CDF သည် ပြီးခဲ့သည့် ဧပြီ ၂၇ရက်တွင် ဖွဲ့စည်းပြီးကြောင်း ကြောညာခဲ့ပြီး မတူပီ CDF၏ အမည်၊အမှတ်တံဆိပ်နှင့်ဆင်တူယိုးမှားဖြစ်သော အများပြည်သူထင်ယောင်ထင်မှား ဖြစ်စေသည့် ပြောဆိုချက်၊‌ရေးသားချက်နှင့် ကြောညာချက်များကို ပြင်းထန်စွာကန့်ကွက်ရှုတ်ချပါကြောင်း မင်းတပ် CDFက ဆိုသည်။

ဖေဖော်ဝါရီ ၁၆ရက်တွင် မတူပီမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့(MST) အဖြစ်စတင်ဖွဲ့စည်းခဲ့ပြီးနောက် မတ်လ ၃၁ရက်တွင် မတူပီတော်လှန်ရေးတပ် (MRF)အဖြစ် တိုးမြှင့်ဖွဲ့စည်းခဲ့ပြီး ထိုမှတဆင့် တက်ကြွလှုပ်ရှားသူများကို အခြေခံ၍ လူမျိုးပေါင်းစုံဖြင့် မတူပီ CDFကို ဧပြီ ၁၀ရက်တွင် စတင်ဖွဲ့စည်းခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ထို့အပြင် ပူးပေါင်းပါဝင်လိုသော မတူပီမြို့နယ်အတွင်းရှိ စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင် ဆန့်ကျင် တော်လှန်သည့် မည်သည့်အဖွဲ့အစည်းမဆို ကြိုဆိုပါကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ဟားခါးမြို့နယ် အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါး တပ်ဖွဲ့တွင်း ဦးဆောင်သူအချင်းချင်း ပစ်ခတ်မှုမှာ အဖွဲ့ ဒုဥက္ကဋ္ဌဟောင်း ဆလိုင်းဆန်းလင်းကွယ်လွန်သွားခဲ့ပါတယ်။

သတင်း

စစ်ရေးအခြေအနေတွေကြောင့် ဟားခါးမြို့အနီးဝန်းကျင်ရှိ တောတောင်များ၊ စစ်ရေးလှုပ်ရှားမှုဖြစ်ပွားနိုင်တဲ့ နေရာတွေနဲ့ လူသွားလာမှုနည်းပါးတဲ့ ဒေသတွေကို မလိုအပ်ဘဲ သွားလာခြင်းမပြုကြဖို့ ချင်းဒေသကာကွယ်ရေးတပ်(CDF)- ဟားခါးက ပြည်သူတွေကို မေတ္တာရပ်ခံလိုက်ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ လက်နက် ခဲယမ်းတွေနဲ့အတူ ဖမ်းမိခဲ့တဲ့ တရုတ် နိုင်ငံသားဟာ မူလ ယူဆထားသလို ထိုင်းပိုင်နက်ထဲမှာ အကြမ်းဖက် တိုက်ခိုက်ဖို့ စီစဉ်ထားခဲ့တာ မဟုတ်ကြောင်း ထိုင်းရဲတွေက ပြောပါတယ်။ အသက် ၃၁ နှစ်အရွယ် ဆွန်မန်ချန်းရဲ့ ပစ်မှတ်ဟာ ကမ္ဘောဒီးယား နိုင်ငံ ပိုင်နက်ထဲက ပြိုင်ဘက်...

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်သား တစ်ဦးဟာ လက်နက်နဲ့ အလင်းဝင်လာကြောင်း ချင်းဒေသကာကွယ်ရေးတပ်(ကလေး-ကဘော်-ဂန့်ဂေါ)-(CDF-KKG)က မေလ ၃ရက်မှာ သတင်းထုတ်ပြန်ပါတယ်။