Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်အာဏာရှင်စနစ်ကိုလက်နက်ကိုင်တော်လှန်ရန် မတူပီ CDF ဖိတ်ခေါ်

ပူးပေါင်းပါဝင်လိုသော မတူပီမြို့နယ်အတွင်းရှိ စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင် ဆန့်ကျင် တော်လှန်သည့် မည်သည့်အဖွဲ့အစည်းမဆို ကြိုဆိုပါကြောင်း ဖော်ပြထားသည်။

စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင်ဆန့်ကျင်တော်လှန်ရန်အတွက် မတူပီ CDF သည် ချင်အမျိုးသားတပ်ဦး (CNF)၏ လမ်းညွှန်မှုကိုခံယူ၍ ချင်းအမျိုးသားတပ်မတော်(CNA) ၏ ကြီးကြပ်ကွပ်ကဲမှုအောက်တွင် ဒေသအသီးသီးရှိ CDF အဖွဲ့များနှင့် အတူတိုက်ပွဲဝင်သွားမည်ဟု မင်းတပ် CDFက ယနေ့ထုတ်ပြန်ကြေညာသည်။

မတူပီ CDF သည် ပြီးခဲ့သည့် ဧပြီ ၂၇ရက်တွင် ဖွဲ့စည်းပြီးကြောင်း ကြောညာခဲ့ပြီး မတူပီ CDF၏ အမည်၊အမှတ်တံဆိပ်နှင့်ဆင်တူယိုးမှားဖြစ်သော အများပြည်သူထင်ယောင်ထင်မှား ဖြစ်စေသည့် ပြောဆိုချက်၊‌ရေးသားချက်နှင့် ကြောညာချက်များကို ပြင်းထန်စွာကန့်ကွက်ရှုတ်ချပါကြောင်း မင်းတပ် CDFက ဆိုသည်။

ဖေဖော်ဝါရီ ၁၆ရက်တွင် မတူပီမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့(MST) အဖြစ်စတင်ဖွဲ့စည်းခဲ့ပြီးနောက် မတ်လ ၃၁ရက်တွင် မတူပီတော်လှန်ရေးတပ် (MRF)အဖြစ် တိုးမြှင့်ဖွဲ့စည်းခဲ့ပြီး ထိုမှတဆင့် တက်ကြွလှုပ်ရှားသူများကို အခြေခံ၍ လူမျိုးပေါင်းစုံဖြင့် မတူပီ CDFကို ဧပြီ ၁၀ရက်တွင် စတင်ဖွဲ့စည်းခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ထို့အပြင် ပူးပေါင်းပါဝင်လိုသော မတူပီမြို့နယ်အတွင်းရှိ စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင် ဆန့်ကျင် တော်လှန်သည့် မည်သည့်အဖွဲ့အစည်းမဆို ကြိုဆိုပါကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်မှုထမ်းဆင့်ခေါ်ရန်အတွက် အိမ်ထောင်စုစာရင်းများ လိုက်ကောက်သည့်အဖွဲ့၌ ဝန်းထမ်းအသစ်များပါလာသည်ကိုတွေ့ရကြောင်း ဒေသခံများကပြောသည်။

သတင်း

သင်္ဃန်းညီနောင် အပါအဝင် မြ၀တီရှိ စစ်ကောင်စီတပ်စခန်းအားလုံး ရရိရေး ရည်မှန်း ထိုးစစ်ဆင်နေခြင်းဖြစ်သည်ဟုသိရသည်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အနေဖြင့်လည်း စစ်ကောင်စီတပ် တိုက်လေယာဉ် တစ်စီးကို ယခုနှစ် ဇန်နဝါရီ လလယ်တွင် ရှမ်းမြောက် နမ့်ဖက်ကာတိုက်ပွဲ၌ ပစ်ချခဲ့ပြီး လေယာဉ် အပျက်အစီးကိုလည်း ပြသခဲ့သည်။

မေးမြန်းခန်း

စစ်တပ်အာဏာသိမ်းမှုသုံးနှစ်ပြည့်နေ့ ဖေဖော်ဝါရီ ၁ရက်မှာCNF ကဦး​ဆောင်ပြီးချင်းပြည်အစိုးရကိုဖွဲ့စည်း​ကြောင်း​ကြေညာပါတယ်။