Connect with us

Hi, what are you looking for?

LuduNwayOo

News

နှစ်​ပေါင်း ၅၀​ကျော်စဥ်ဆက်မပြတ်လှူဒါန်းခဲ့​သော ချမ်းသာကြီးဆန်လှူအသင်း ကပ်​ရောဂါ​ကြောင့် ယခုနှစ်တွင်​​ရွှေ့ဆိုင်း

ယခင်က နှစ်စဥ် ဝါဆိုလပြည့်ကျော်(၈)ရက်နေ့တွင် ဆွမ်းဆန်လှူဒါန်းလေ့ရှိသော်လည်း ယခုနှစ်တွင်မူ လှူဒါန်းနိုင်​ခြင်းမရှိတော့ဘဲ ဆွမ်းဆန်တော် လှူဒါန်းမည့် နေ့ရက်ကိုထပ်မံ ကြေညာပေးမည်ဖြစ်ကြောင်း အသင်းတိုက်မှ ဆရာတော်တစ်ပါးက မိန့်ကြားသည်။

ဓါတ်ပုံ - ချမ်းသာကြီး ဆန်လှူအသင်းကြီး၏ အသင်းတိုက်

မန္တလေးမြို့က သက်တမ်းရှည်ကြာသည့် နာမည်ကျော် ဆန်လှူအသင်းကြီးတစ်ခုဖြစ်သည့် ချမ်းသာကြီး ဆန်လှူအသင်းကြီး​သည် ယခုနှစ်ကျင်းပမည့် (၅၂)ကြိမ်မြောက် ဆွမ်းဆန်တော်လှူပွဲကို ကိုဗစ်ကူးစက်ရောဂါ မြင့်တက်နေမှုကြောင့် ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ကြောင်း အသင်းကြီးက ထုတ်ပြန်သည်။

ယခင်က နှစ်စဥ် ဝါဆိုလပြည့်ကျော်(၈)ရက်နေ့တွင် ဆွမ်းဆန်လှူဒါန်းလေ့ရှိသော်လည်း ယခုနှစ်တွင်မူ လှူဒါန်းနိုင်​ခြင်းမရှိတော့ဘဲ ဆွမ်းဆန်တော် လှူဒါန်းမည့် နေ့ရက်ကိုထပ်မံ ကြေညာပေးမည်ဖြစ်ကြောင်း အသင်းတိုက်မှ ဆရာတော်တစ်ပါးက မိန့်ကြားသည်။

ဓါတ်ပုံ – ချမ်းသာကြီး ဆန်လှူအသင်းကြီး၏ အသင်းတိုက်

ကိုဗစ်၁၉ ရောဂါအခြေအနေမှာ ပိုမိုစိုးရိမ်လာရခြင်းကြောင့်လည်းကောင်း၊ လုပ်ဆောင်ရမည့်လုပ်ငန်းများတွင် ဝန်ထမ်းလိုအပ်ချက်အရလည်းကောင်း၊ အသင်းကြီး၏ နီးစပ်ရာ ရပ်ကွက်များ၏ အခြေအနေအရလည်းကောင်း၊ ယခင်လှူဒါန်းမှုပြုလုပ်သောနေ့နှင့် ယခုပင့်ဖိတ်ပြီးစာပါနေ့များတွင် လောင်းလှူရန် အခြေအနေမကောင်းပါသဖြင့် ယခုနှစ် လောင်းလှူပွဲကို ရက်ရွှေ့ဆိုင်းရခြင်းဖြစ်ကြောင်း၊ ပြန်လည်လှူဒါန်းနိုင်မည့်ရက်ကို ကြိုတင်ကြေညာပေးမည်ဖြစ်ကြောင်း ချမ်းသာကြီးဆန်အလှူအသင်းအဖွဲ့ကြီးမှ အသိပေးခဲ့သည်။

ချမ်းသာကြီး ဆန်လှူအသင်းကြီးသည် မန္တလေးမြို့ လေးပြင်လေးရပ်မှ ကျောင်းတိုက်များအား နှစ်စဥ်မပျက် ဆန်လှူနေသည်မှာ နှစ်ပေါင်း ငါးဆယ်ကျော်ပြီဖြစ်ပြီး ယမန်နှစ်ကလည်း ကိုဗစ်ကာလဖြစ်သည့်အတွက် ကိုဗစ်စည်းကမ်းများနှင့်အညီ လှူဒါန်းပေးနိုင်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်မှုထမ်းဖို့လူသစ်စုရာမှာအမျိုးသမီးတွေကိုဦးစားပေးခေါ်ယူမှာမဟုတ်ဘဲ အသက် ၁၈ နှစ်ကနေ ၃၅နှစ်ကြား လူငယ်အမျိုးသားတွေကို ခေါ်ယူမှာပါ။

ဆောင်းပါး

လုံခြုံရေးအခြေနေအရ တစ်မြို့ကနေအခြားတစ်မြို့ဆီ ပြောင်းရွှေ့ဖူးတာတော့ ရှိတယ်။ ဒါပေမဲ့ ခရီးသွားသက်သက် အနေနဲ့ ဘယ်မှ မထွက်ဖြစ်ခဲ့ဘူး။ ခုမှ မိသားစုကိစ္စနဲ့ ခရီးတစ်ခုသွားဖို့ ကြုံလာတာ။ မြို့တော်ရန်ကုန်ကနေတွက်ရင် မိုင် ၂၅၀ လောက်ဝေးတဲ့ ခရီးဆိုပါတော့။

ဆောင်းပါး

စစ်အတွင်းကာလဖြစ်နေသည်ကို မေ့လျော့နေပုံရသည့်မန္တလေးသည် သီတင်းကျွတ်ပွဲတော်များဖြင့် အုန်းအုန်းထခဲ့ပြီးနောက် ၁၀၂၇၏ နှုတ်ဆက်မှုကြောင့် မီးကိုရေနှင့်ငြှိမ်းလိုက်သလို ရုတ်ချည်းငြိမ်သက်သွား​တော့ သည်။

သတင်း

အဖွဲ့ကထုတ်ပြန်​သောစက္ကန့် ၂၀ ကြာ ရုပ်သံဖိုင်တွင် ​လောင်ကစားရုံဟုယူဆ​ရ​သောအ​ဆောက်အအုံအတွင်းဗုံးတစ်ကြိမ်​ပေါက်ကွဲပြီး လက်နက်ငယ် ၂ ချက်ပစ်ခံသံကိုပါကြားရသည်။