Connect with us

Hi, what are you looking for?

LuduNwayOo

News

ပြည်သူယုံကြည်သည့်အစိုးရကသာ ကပ်ရောဂါကို ကိုင်တွယ်ဖြေရှင်းနိုင်မည်ဖြစ်၍ စစ်ကောင်စီအာဏာစွန့်ရန် NUG ပြော

းအပါအဝင် ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများအတွက် နိုင်ငံတကာအဖွဲ့များ၊ တိုင်းရင်းသားများနှင့် ပူးပေါင်း ဆောင်ရွက်နေကြောင်း NUG ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောသည်။

ပြည်သူလူထု ၏ ယုံကြည်မှုကို ရယူနိုင်သည့် အစိုးရကသာ လတ်တလောဖြစ်ပေါ်နေသည့် COVID-19 ကပ်ရောဂါဆိုးကို ကိုင်တွယ်ဖြေရှင်းနိုင်မည်ဖြစ်၍ အာဏာသိမ်းစစ်ကောင်စီအနေဖြင့် အာဏာစွန့်ရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမိုးဇော်ဦးက ပြောသည်။

ယနေ့ပြုလုပ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ တတိယအကြိမ်သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်အချို့က အာဏာသိမ်းစစ်ကောင်စီက ကပ်ရောဂါထိန်းချုပ်နိုင်ခြင်းမရှိသည့် အခြေအနေ နှင့်ပတ်သက်ပြီး မေးမြန်းမှုအပေါ် ဦးမိုးဇော်ဦးက ယင်းသို့ထည့်သွင်းဖြေကြားခဲ့သည်။

COVID-19 ကူးစက်ရောဂါသည် ပြည်သူလူထု၏ ပူးပေါင်းဆောင်ရွက်မှု
မရှိဘဲ အောင်မြင်မည်မဟုတ်ဟု ဒုဝန်ကြီးက ပြောသည်“ပြည်သူလူထုဆန္ဒ၊ ပြည်သူလူထု သဘောထား ပြည်သူလူထု ယုံကြည်မှု ကို ရယူနိုင်တဲ့ အစိုးရတစ်ရပ်ကသာ ဒီလိုပြဿနာမျိုး ဒီလို အင်မတန်ကြောက်ဖို့ ကောင်းတဲ့ကူးစက်ရောဂါမျိုးကို ကိုင်တွယ်ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။ အဲဒီတော့ စစ်ကောင်စီက ဒီကိစ္စကို လုံး၀မလုပ်နိုင်ဘူးဆိုတာ ထင်ရှားပါတယ်” ဟု ဒုဝန်ကြီး ဦးမိုးဇော်ဦးက ပြောသည်။

လက်ရှိတွင် ကပ်ရောဂါကြောင့်၊ စီးပွားရေးကြောင့်၊ စစ်ကောင်စီ အာဏာသိမ်းမှုကြောင့် နောက်ဆက်တွဲပြဿနာများစွာ ကို ပြည်သူလူထု ရင်ဆိုင်ကြုံတွေ့နေရဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

“ဒီပြဿနာတွေအားလုံးဟာ တကယ်တန်းပြောရမယ်ဆိုရင် လက်အောက်ခံ ပြဿနာတွေ။လက်အောက်ခံ ဆိုတာက စစ်ကောင်စီကနေ မတရား မဟုတ်မမှန် တဲ့ အကြောင်းပြချက်တွေနဲ့ အကြောင်းပြပြီး အာဏာသိမ်းပြီး ပြည်သူလူထုရဲ့ ယုံကြည်မှုကို မရတော့ဘဲနဲ့ ဖြစ်လာတဲ့ ပြဿနာတွေဖြစ်ပါတယ်။ နိုင်ငံရေးအရ ပြောမယ်ဆိုရင် ပွင့်ပွင့်လင်းလင်းပဲ ကိုယ်က ဒီလိုပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ခြင်းမရှိဘူး အခြေအနေကို မထိန်းချုပ်နိုင်ဘူးဆိုလို့ရှိရင်တော့ ရှင်းရှင်းပဲ ဒီအာဏာကို စွန့်လွှတ်လိုက်ပါ။ ပြည်သူလူထုရဲ့အာဏာကို ပြည်သူလူထုကို ပြန်ပြီးတော့ ပေးလိုက်ပါ။ ဒီလိုပဲ ကျွန်တော်ကတော့ ပွင့်ပွင့်လင်းလင်း ပြောချင်ပါတယ်” ဟု ဒုဝန်ကြီး ဦးမိုးဇော်ဦးက ပြောသည်။

NUGအနေဖြင့်လည်း လက်ရှိတွင် ပြည်သူလူထုများအား ကိုဗစ်ကာကွယ်ဆေး ထိုးပေးနိုင်ရေးအပါအဝင် ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများအတွက် နိုင်ငံတကာအဖွဲ့များ၊ တိုင်းရင်းသားများနှင့် ပူးပေါင်း ဆောင်ရွက်နေကြောင်း NUG ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောသည်။

ကာကွယ်ဆေးထိုးခြင်းအပါအဝင် ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ တတိယ အဖွဲ့အစည်းအနေဖြင့် CDM လုပ်ထားသူများ၏ အားကို ရယူပြီး ဆောင်ရွက်နိုင်ရေး ကိုလည်း ညှိနှိုင်းနေကြောင်း ၎င်း ကဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်ဘက်မှ အနည်းဆုံး(မျက်မြင်)လေးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ မြေပြင်အခြေအနေတွင် ယခုထက်ပိုနိုင်ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က အသိပေးသည်။

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

နှစ်ဘက်တိုက်ပွဲများကြောင့် ဆွာမြို့အနီးတစ်ဝိုက်ရှိ ကျေးရွာ(၅)ရွာမှ ပြည်သူအများအပြား နေအိမ်စွန့်ခွာ၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်နေကြရကြောင်း စုံစမ်းသိရသည်။