Connect with us

Hi, what are you looking for?

News

ပြည်သူယုံကြည်သည့်အစိုးရကသာ ကပ်ရောဂါကို ကိုင်တွယ်ဖြေရှင်းနိုင်မည်ဖြစ်၍ စစ်ကောင်စီအာဏာစွန့်ရန် NUG ပြော

းအပါအဝင် ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများအတွက် နိုင်ငံတကာအဖွဲ့များ၊ တိုင်းရင်းသားများနှင့် ပူးပေါင်း ဆောင်ရွက်နေကြောင်း NUG ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောသည်။

ပြည်သူလူထု ၏ ယုံကြည်မှုကို ရယူနိုင်သည့် အစိုးရကသာ လတ်တလောဖြစ်ပေါ်နေသည့် COVID-19 ကပ်ရောဂါဆိုးကို ကိုင်တွယ်ဖြေရှင်းနိုင်မည်ဖြစ်၍ အာဏာသိမ်းစစ်ကောင်စီအနေဖြင့် အာဏာစွန့်ရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမိုးဇော်ဦးက ပြောသည်။

ယနေ့ပြုလုပ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ တတိယအကြိမ်သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်အချို့က အာဏာသိမ်းစစ်ကောင်စီက ကပ်ရောဂါထိန်းချုပ်နိုင်ခြင်းမရှိသည့် အခြေအနေ နှင့်ပတ်သက်ပြီး မေးမြန်းမှုအပေါ် ဦးမိုးဇော်ဦးက ယင်းသို့ထည့်သွင်းဖြေကြားခဲ့သည်။

COVID-19 ကူးစက်ရောဂါသည် ပြည်သူလူထု၏ ပူးပေါင်းဆောင်ရွက်မှု
မရှိဘဲ အောင်မြင်မည်မဟုတ်ဟု ဒုဝန်ကြီးက ပြောသည်“ပြည်သူလူထုဆန္ဒ၊ ပြည်သူလူထု သဘောထား ပြည်သူလူထု ယုံကြည်မှု ကို ရယူနိုင်တဲ့ အစိုးရတစ်ရပ်ကသာ ဒီလိုပြဿနာမျိုး ဒီလို အင်မတန်ကြောက်ဖို့ ကောင်းတဲ့ကူးစက်ရောဂါမျိုးကို ကိုင်တွယ်ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။ အဲဒီတော့ စစ်ကောင်စီက ဒီကိစ္စကို လုံး၀မလုပ်နိုင်ဘူးဆိုတာ ထင်ရှားပါတယ်” ဟု ဒုဝန်ကြီး ဦးမိုးဇော်ဦးက ပြောသည်။

လက်ရှိတွင် ကပ်ရောဂါကြောင့်၊ စီးပွားရေးကြောင့်၊ စစ်ကောင်စီ အာဏာသိမ်းမှုကြောင့် နောက်ဆက်တွဲပြဿနာများစွာ ကို ပြည်သူလူထု ရင်ဆိုင်ကြုံတွေ့နေရဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

“ဒီပြဿနာတွေအားလုံးဟာ တကယ်တန်းပြောရမယ်ဆိုရင် လက်အောက်ခံ ပြဿနာတွေ။လက်အောက်ခံ ဆိုတာက စစ်ကောင်စီကနေ မတရား မဟုတ်မမှန် တဲ့ အကြောင်းပြချက်တွေနဲ့ အကြောင်းပြပြီး အာဏာသိမ်းပြီး ပြည်သူလူထုရဲ့ ယုံကြည်မှုကို မရတော့ဘဲနဲ့ ဖြစ်လာတဲ့ ပြဿနာတွေဖြစ်ပါတယ်။ နိုင်ငံရေးအရ ပြောမယ်ဆိုရင် ပွင့်ပွင့်လင်းလင်းပဲ ကိုယ်က ဒီလိုပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ခြင်းမရှိဘူး အခြေအနေကို မထိန်းချုပ်နိုင်ဘူးဆိုလို့ရှိရင်တော့ ရှင်းရှင်းပဲ ဒီအာဏာကို စွန့်လွှတ်လိုက်ပါ။ ပြည်သူလူထုရဲ့အာဏာကို ပြည်သူလူထုကို ပြန်ပြီးတော့ ပေးလိုက်ပါ။ ဒီလိုပဲ ကျွန်တော်ကတော့ ပွင့်ပွင့်လင်းလင်း ပြောချင်ပါတယ်” ဟု ဒုဝန်ကြီး ဦးမိုးဇော်ဦးက ပြောသည်။

NUGအနေဖြင့်လည်း လက်ရှိတွင် ပြည်သူလူထုများအား ကိုဗစ်ကာကွယ်ဆေး ထိုးပေးနိုင်ရေးအပါအဝင် ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများအတွက် နိုင်ငံတကာအဖွဲ့များ၊ တိုင်းရင်းသားများနှင့် ပူးပေါင်း ဆောင်ရွက်နေကြောင်း NUG ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောသည်။

ကာကွယ်ဆေးထိုးခြင်းအပါအဝင် ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ တတိယ အဖွဲ့အစည်းအနေဖြင့် CDM လုပ်ထားသူများ၏ အားကို ရယူပြီး ဆောင်ရွက်နိုင်ရေး ကိုလည်း ညှိနှိုင်းနေကြောင်း ၎င်း ကဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

Facebook