Connect with us

Hi, what are you looking for?

News

ထိုင်းနိုင်ငံရှိ အကြီးဆုံးကြက်သားစက်ရုံတွင် မြန်မာလုပ်သား ၃၀၀၀ကျော် ကိုဗစ်ကူးစက်ခံရ

ဇူလိုင် ၂၁ရက်ကလည်း ထိုင်းနိုင်ငံ နကွန်ပထထုံပြည်နယ်ရှိ ဆပ်ပြာတုံးထုတ်လုပ်သား စက်ရုံ၌ အလုပ်လုပ်ကိုင်နေသော မြန်မာလုပ်သား ၆၀ ကိုဗစ်‌ရောဂါကူးစက်ခံရသည်ဟုဆိုကာ ကွာရန်တင်းစင်တာတွင် ၁၄ရက်နေထိုင်ပြီးနောက် အလုပ်မှ ထုတ်ပယ်ခံခဲ့ရသည်။

ထိုင်းနိုင်ငံ ဖစ်ချဘွန်းခရိုင်ရှိ SAHA Farms ကြက်သားစက်ရုံတွင် အလုပ်လုပ်ကိုင်နေသောလုပ်သားများ ကိုဗစ်ရောဂါကူးစက်ခံရမှုဖြစ်ရာ ရွှေ့ပြောင်းမြန်မာလုပ်သား ၃၀၀၀ကျော်ပါဝင်ကြောင်း ထိုင်းရောက် မြန်မာလုပ်သားများအရေး ကူညီပေးနေသောအဖွဲ့အစည်းများက ပြောသည်။

အဆိုပါစက်ရုံရှိ လုပ်သား ၃၄၈၁ဦးတွင် ကိုဗစ်ရောဂါကူးစက်ခံရမှုကို ဇူလိုင် ၂၂ရက်က စတင်တွေ့ရှိရာ မြန်မာလုပ်သား ၃၀၉၀ဦး ကူးစက်ခံရခြင်းဖြစ်သည်။ ထို့ကြောင့် အဆိုပါစက်ရုံကို ယာယီပိတ်ထားရန် ထိုင်းအစိုးရက ညွှန်ကြားထားကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။

ယင်းစက်ရုံတွင် လုပ်သားပေါင်း ၇၂၀၀ ရှိရာ ထိုင်းလုပ်သား ၂၅၈၀ဦးနှင့် ရွှေ့ပြောင်းလုပ်သား ၄၆၂၀ဦးရှိရာ မြန်မာရွှေ့ပြောင်းလုပ်သားက အများဆုံးဟု ဆိုသည်။

ကြက်သားစက်ရုံသည် ထိုင်းနိုင်ငံမြောက်ပိုင်းနှင့် အလယ်ပိုင်းထိစပ်နေသည့် ဖစ်ချဘွန်းခရိုင် ဘင်ဆန်ဖန်းမြို့နယ် ဘန့်လမ်တခလော့ရပ်ကွက်တွင် တည်ရှိပြီး ကြက်သားနှင့်ပတ်သက်သည့် အအေးခဲအစာများထုတ်လုပ်ကာ အာရှတွင်အကြီးဆုံးကြက်သားထုတ်လုပ်သည့် စက်ရုံဖြစ်ကြောင်း ထိုင်းသတင်းများက ဆိုသည်။

Public Service Announcement

Public Service Announcement

ဇူလိုင် ၂၁ရက်ကလည်း ထိုင်းနိုင်ငံ နကွန်ပထထုံပြည်နယ်ရှိ ဆပ်ပြာတုံးထုတ်လုပ်သား စက်ရုံ၌ အလုပ်လုပ်ကိုင်နေသော မြန်မာလုပ်သား ၆၀ ကိုဗစ်‌ရောဂါကူးစက်ခံရသည်ဟုဆိုကာ ကွာရန်တင်းစင်တာတွင် ၁၄ရက်နေထိုင်ပြီးနောက် အလုပ်မှ ထုတ်ပယ်ခံခဲ့ရသည်။

ထိုင်းနိုင်ငံတွင် ကိုဗစ်ကပ်ရောဂါ ကူးစက်မှုမြင့်တက်နေပြီး ထိုင်းရောက်မြန်မာလုပ်သားများ အလုပ်လုပ် ကိုင်နေသော စက်ရုံများတွင်လည်း ရောဂါကူးစက်ခံရမှုများပြားနေသလို မြန်မာလုပ်သားများ ရောဂါကူးစက်ခံရမှုလည်း များပြားလာနေသည်။

ထိုင်းနိုင်ငံ၌ ယနေ့(ဇူလိုင် ၂၆ရက်)တွင် ကိုဗစ်ရောဂါကူးစက်ခံရသူ၁၅၃၇၆ ဦးဖြင့် အမြင့်ဆုံးရောက်ရှိခဲ့ပြီး သေဆုံးသူ ၈၇ဦးရှိခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လူ့အသက်တွေ ဆုံးရှုံးနိုင်တဲ့ မြေအောင်း ဘက်တီးရီးယား ကူးစက်မှုတစ်ခု ဆိုးရွားလာတာနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံရဲ့ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေက အလေးအနက် သတိပေးထားပါတယ်။

နိုင်ငံတကာ

ပြည်တွင်းမှာ လောင်စာဆီ လက်ကျန် သိုလှောင်ထားနိုင်စွမ်းနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုရှိရှိ ထုတ်ပြန်ပေးဖို့ အစိုးရကို ထိုင်းအတိုက်အခံ ခေါင်းဆောင်က တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ အခုနှစ်အတွက် ခွေးရူးပြန်ရောဂါနဲ့ ပထမဆုံး သေဆုံးသူဟာ မြန်မာနိုင်ငံသားတစ်ဦး ဖြစ်ကြောင်း Straitstime သတင်းဌာနက​ဖော်ပြပါတယ်။

နိုင်ငံတကာ

ထိုင်းရွေးကောက်ပွဲရဲ့ မဲဆန္ဒနယ် တစ်ခုမှာ မဲရေတွက်မှု မူမမှန်တဲ့ ကိစ္စတွေ ရှိနိုင်ကြောင်း စွပ်စွဲမှုတွေကြောင့် မဲတွေ ပြန်ရေတွက်ပေးဖို့ တောင်းဆိုမှုတွေ မြင့်တက်နေပါတယ်။