Connect with us

Hi, what are you looking for?

News

ကချင်ဘက်သို့ စစ်အင်အားဖြည့်ရန်လာသည့် စစ်ကောင်စီသင်္ဘော တိုက်ခိုက်ခံရ

“ရေလယ်ကောင်မှာ ကျောက်ဆူးချပြီး အိပ်တာ။ စစ် သားတွေကလည်း မနေ့က သဖန်းကိုင်းမှာ ခြေရှုပ်နေတာ”ဟု ကသာမြို့ခံတစ်ဦးက ပြောသည်။

ကချင်ပြည်နယ်ဘက်သို့ စစ်အင်အားဖြည့်တင်းရန် လာသည့် စစ်ကောင်စီ၏ သင်္ဘောများအား ကချင်လက်နက် ကိုင်အဖွဲ့(KIA)က ယနေ့ မွန်းလွဲပိုင်းတွင် တိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီသင်္ဘောများအား ပစ်ခတ်တိုက်ခိုက်သည်ကို ကြားသိရသော်လည်း အောက်ခြေ အခြေအနေများကို စုံစမ်းနေဆဲဖြစ်သည်ဟု KIA သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူက ပြောသည် “သူတို့ အစီအစဉ် တစ်ခုတော့ရှိမှာပါ။အခုလိုအင်အားအလုံးအရင်းနဲ့လာတယ် တင့်ကားတွေလည်း ပါတယ်လို့ ပြောတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

စစ်ကောင်စီသင်္ဘော ၇စီး ယမန်နေ့ (ဇူလိုင် ၂၅ရက်) ညပိုင်းက ကသာမြို့အနီး၌ ညအိပ်ရပ်နားခဲ့ ပြီး ယနေ့မနက်ပိုင်းတွင် ရွှေကူဘက်သို့ တက်သွားကြောင်း ကသာဒေသ ခံတစ်ဦးက ပြောသည်။

“ရေလယ်ကောင်မှာ ကျောက်ဆူးချပြီး အိပ်တာ။ စစ် သားတွေကလည်း မနေ့က သဖန်းကိုင်းမှာ ခြေရှုပ်နေတာ”ဟု ကသာမြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ကချင်ဒေသအခြေစိုက် သတင်းဌာနအချို့၏ ဖော်ပြချက်တွင် စစ်ကောင်စီသင်္ဘောများသည် ရွှေကူမြို့နှင့် ၃မိုင်ခန့်အကွာတွင် တိုက်ခိုက်ခံရပြီး တစ်စီးထိမှန်သွားကြောင်း ဒေသခံပြောကြားချက်ကို ကိုးကား ဖော်ပြ သည်။

စစ်ကောင်စီတပ်များ ကချင်ပြည်နယ်သို့ ရေကြောင်းမှ စစ်အင်အားဖြည့်တင်းတိုင်း ရွှေကူမြို့အနီးတစ်၀ိုက်တွင် KIAက ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ရွှေကူမြို့‌နယ်ထဲက ဧရာ၀တီမြစ်ကြောင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ KPDF ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ စစ်သင်္ဘောကို နှစ်မြှုပ်ဖျက်ဆီးလိုက်ပြီလို့ နယ်မြေခံစစ်ရေးသတင်းရင်းမြစ်အချို့ကပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook