Connect with us

Hi, what are you looking for?

News

စစ်ကောင်စီက ရွေးကော်အမည်ဖြင့်ဖွဲ့ထားသည့် အဖွဲ့၏ ကြေညာချက် အာဏာသက်ရောက်ခြင်းမရှိဟု CRPH တုန့်ပြန်

CRPH အနေဖြင့် ပြည်သူတို့၏ရွေးကောက်တင် မြှောက် အာဏာအပ်နှင်းခြင်းခံရသည့် ပြည်သူ့ကိုယ် စားလှယ်ကြီးများနှင့်အတူရပ်တည်ပြီး ပြည်သူပေးအပ်သောတာဝန် များကို ဆက်လက်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း ပြည်သူများအား အသိပေးခဲ့သည်။

မည်သည့်နိုင်ငံကမျှ တရားဝင်အစိုးရဟုအသိအမှတ် ပြုခြင်းမခံရသော တရားမဝင်အာဏာသိမ်း စစ်ကောင်စီ က ဖွဲ့စည်းထားသည့် ရွေးကောက်ပွဲကော်မရှင်ဟူသော အဖွဲ့အစည်း၏ ထုတ်ပြန်ကြေညာချက်သည် မည်သည့် ဥပ ဒေနှင့်မျှ အကျုံးဝင် အာဏာသက်ရောက်ခြင်းမရှိဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ယနေ့ အသိ​ပေးကြေညာချက်ထုတ်ပြန်သည်။

စစ်ကောင်စီက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အမည်ဖြင့်ဖွဲ့ထားသည့် အဖွဲ့အစည်းက ၂၀၂၀ နိုဝင်ဘာ ၈ရက် ရွေးကောက်ပွဲရလဒ်များအား ပယ်ဖျက်ကြောင်း ကြေညာခြင်းနှင့်ပတ်သက်ပြီး CRPHက ယခုကဲ့သို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အချုပ်အခြာအာဏာ၏ မူလပိုင်ရှင်ဖြစ်သောပြည်သူများက ရွေးကောက်တင်မြှောက်ခဲ့သည့် ပြည်သူ့အာဏာ ကို လူတစ်စု၏ တရားမဝင်အမိန့်ထုတ်ပြန်ရုံမျှဖြင့် ချေဖျက်နိုင်ခြင်းမရှိကြောင်း CRPHက ထုတ် ပြန်သည်။

CRPH အနေဖြင့် ပြည်သူတို့၏ရွေးကောက်တင် မြှောက် အာဏာအပ်နှင်းခြင်းခံရသည့် ပြည်သူ့ကိုယ် စားလှယ်ကြီးများနှင့်အတူရပ်တည်ပြီး ပြည်သူပေးအပ်သောတာဝန် များကို ဆက်လက်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း ပြည်သူများအား အသိပေးခဲ့သည်။

Public Service Announcement

Public Service Announcement

စစ်အာဏာ ရှင်ကိုဆန့်ကျင်ပြီး ပြည်သူဘက်တွင်သစ္စာရှိစွာရပ်တည်သော အနိုင်ရပါတီများမှ ကိုယ်စားလှယ်များဖြင့်လည်း ကောင်း၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ်များဖြင့်လည်းကောင်း ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်နှင့်အညီ ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ထပ်လောင်း အတည်ပြုသည်ဟုလည်း CRPHက ထုတ်ပြန်ခဲ့သည်။

လက်ရှိတွင် CRPH အနေဖြင့် နိုင်ငံတကာပါလီမန်များအသီးသီးနှင့် လည်းကောင်း၊ ပါလီမန်အစုအဖွဲ့များ၊ ပါလီမန်ကိုယ် စားလှယ်အစုအဖွဲ့များနှင့်လည်းကောင်း တက်ကြွစွာပူးပေါင်း
ဆောင်ရွက်လျက်ရှိသည့်အတိုင်း အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြည်သူများအား ထပ်မံကတိပြုသည်ဟု ဖော်ပြခဲ့သည်။

၂၀၂၀ ရွေးကောက်ပွဲသည် လွတ်လပ်မျှတသည့် ရွေး ကောက်ပွဲဖြစ်ကြောင်း ပြည်တွင်းပြည်ပ လေ့လာစောင့်ကြည့်ရေးအဖွဲ့များက ထုတ်ပြန်ထားသကဲ့သို့ ကမ္ဘာက အသိအမှတ်ပြုထားသည့် အချိန်တွင် အကြမ်းဖက်စစ်တပ်က မဲစာရင်းများမှားယွင်းနိုင်သည်ဆိုသည့် မခိုင်လုံသော အကြောင်းပြချက်ဖြင့် လွှတ်တော်ခေါ်ယူသည့် ဖေဖော်ဝါရီ ၁ရက်တွင် အာဏာသိမ်းယူခဲ့ပြီး အစိုးရခေါင်းဆောင်များအပါအဝင် လူအများအပြားကို ဖမ်းဆီးခဲ့သည်။

ထို့နောက် စစ်အာဏာရှင် ဆန့်ကျင်သည့် ပြည်သူများအား အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်းများ ဆက်တိုက်ကျူးလွန်နေပြီး လက်ရှိ ကိုဗစ်ကပ်ရောဂါကိုပင် ၎င်းတို့ အာဏာတည်မြဲရေးအတွက် အသုံးလျက် ပြည်သူများအား ဆက်လက်ဖိနှိပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။